တွေးမိတာလေးပါ

Words
88
Reading
1 min
8y
Listen to this post
~1 min

IMG_20180503_083106.jpg

နံက်မိုးသောက်အလင်းရောက်ခဲ့ပြီ
အိမ်ပြင်ကိုလှမ်းအကြည့်မှာ လူတွေဟာလမ်းမထက်မှာ အစီအရီရွေ့လျားလျှက်ပေါ့။
သူတို့ရဲ့ဦးတည်ရာသည်မတူပဲ တစ်ဦးကအရှေ့အရပ်ကနေအနောက်အရပ်သို့သွားနေသလို
အရှေ့အရပ်ကသူကလည်းအနောက်အရပ်သို့သွားနေကြလေရဲ့။

ထိုသို့သောအရာတွေကိုကြည့်ခြင်းအားဖြင့်လည်း
ငါတို့တတွေဟာ ကိုယ့်ရဲ့ရပ်တည်ရာနေရာတစ်ခုတည်းမှာ နေထိုင်နေရင် အကျိုးဖြစ်ထွန်းနိုင်ခြင်းမရှိဘူးဆိုတာကို ပြနေပါတယ်။ ဘာကြောင့်လည်းဆိုရရင် အရွေ့အပြောင်းအလဲအလှည်တွေဆိုတာရှိနေမှ အကျိုးကိုဖြစ်ထွန်းစေလိမ့်မယ်။ အရာရာတိုင်း ရွေ့လျားနေဖို့လိုတာလားတော့မပြောတက်ပေမယ့်
သေချာတဲ့ စွမ်းအင်တိုင်းဟာ ရွေ့လျားနေကြရတာများပါတယ်။ ဥပမာ စက်ပစ္စည်းတွေဟာ ငြိမ်ငြိမ်နေရင် ဘယ်သို့သောအကျိုးကိုမှမဖြစ်ထွန်းဘူး။
စက်အင်ဂျင်တွေကို မောင်းနှင် လည်ပတ်နေစေမှ သူတို့ရဲ့အလုပ်တွေကိုပြီးမြောက်စေလိမ့်မယ်။
မော်တာတစ်လုံးရဲ့လုပ်ဆောင်နိုင်စွမ်းဟာ သူ့ရဲ့ လည်ပတ်မှုပေါ်မှာမူတည်သလို သူ့ရဲ့ဖွဲ့စည်းတည်ဆောက်ထားတာတွေကနေလည်း လုပ်ဆောင်နိုင်မှုတွေကိုပြသတယ်။ ဒိုင်နမိုတစ်လုံးဟာ လည်ပတ်နေမှ လျှပ်စစ်မီးထွက်တယ် ငြိမ်နေရင် လျှပ်စစ်မီးမထွက်ဘူး။ သူ့ရဲ့လုပ်ဆောင်နိုင်မှုတွေကတော့ ဒိုင်နမိုကြီးရင် ပိုမိုဆောင်ရွက်လာနိုင်တယ် ဒိုင်နမိုသေးရင် ဆောင်ရွက်နိုင်မှုနည်းပါးတယ်ပေါ့။

လှုပ်ရှားနေမှ လျှပ်စစ်စွမ်းအားကိုရရှိမယ်ဆိုရင်။ ဒိုင်နမိုတွေကတော့ ဟုတ်ပါပြီ။ Solarတွေကိုကျတော့ ဘယ်လိုပြောရမလည်း။ သူတို့က နေရောင်ခြည်ရဲ့စွမ်းအင်နဲ့အလုပ်လုပ်နေတယ် လှုပ်ရှားမှုမရှိဘူး ငြိမ်သက်နေလေရဲ့လေ။ မလှုပ်မရှားငြိမ်သက်စွာနဲ့ solarတွေအလုပ်လုပ်နေတယ်လို့ဆိုပေမယ့် သူတို့တွေ မလှုပ်မရှားပဲစွမ်းအင်မထွက်နိုင်ဘူးဆိုတာ လူတိုင်းမသိနိုင်ဘူး။ သူတို့တွေလျှပ်စစ်စွမ်းအားထွက်ဖို့ သူတို့လည်း အလုပ်လုပ်နေကြရပါတယ်။ သူတို့တွေအလုပ်လုပ်တာမှ တစ်ခုတစ်ကောင်တစ်ယောက်တည်းကိုမဟုတ်ပါဘူး။ Solar Cellတွေများစွာကို တစ်ခုနဲ့တစ်ခုချိတ်ဆက်လို့ လိုအပ်တဲ့Voltပမာဏရရှိနိုင်အောင်ဖန်တီးကျတာပါ။ သူတို့တွေကိုမှ စည်းလုံးတယ်မပြောရင် အလုပ်လုပ်တယ်မပြောရင် ဘယ်လိုအရာကိုပြောရတော့မလည်း။ အလုပ်လုပ်တာမှ Cellကွက်လေးတွေကို ညီညာလို့ပေါ့။ Cellတစ်ခုလောက် အပျင်းတစ်ပြီး အလုပ်မလုပ်ပဲနေကြည့်လေ ဘယ်လောက်နေပူပူ လျှပ်စစ်စွမ်းအင်ကိုထုတ်မပေးတော့ပါဘူး။

ဒါကြောင့် ဘယ်အရာမှ မလုပ်ဆောင်ပဲနဲ့မရရှိမဖြစ်ထွန်း မပေါ်ပေါက်လာနိုင်ပါဘူးဗျာ။

ဖတ်ရှုပေးသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
koayezaw@koayezaw

တွေးမိတာလေးပါ | Ecency