တွေးမိတာလေး(၄)

Words
59
Reading
1 min
8y
Listen to this post
~1 min

IMG_20180324_133451.jpg

နေပူပူမိုးရွာ အလုပ်ကိုသာပင်ပင်ပန်းပန်းနဲ့ ကြိုးစားလုပ်ကိုင်ရင်း ရည်ရွယ်ရာခရီးတို့အတွက် အရောက်သွားနေသူတွေ တရွေ့ရွေ့ခြင်း ရွေ့လျားနေရင်းကနေ ဟိုးမမြင်မတွေ့နိုင်တော့လောက်အောင်ဝေးကွာသွားခဲ့ပါပြီ။ သူတို့သည် သူတို့ရည်ရွယ်ရာပန်းတိုင်ကိုရောက်ရှိရန်အတွက် အာရုံစိုက်၍လုပ်ကိုင်နေကြခြင်းကြောင့်လည်း သူတို့ရဲ့ ရည်ရွယ်ရာခရီးပန်းတိုင်နှင့် ပို၍ပို၍နီးကပ်သွားနေခဲ့ခြင်းလည်းဖြစ်ပါတယ်။

သူတို့တွေ ဟိုးအဝေးကြီးဆီသို့ရောက်ရှိသွားခဲ့ပြီ ရွေ့လျားသွားနေခဲ့ပြီဆိုတာကို ဘယ်လိုသောလူတွေက တွေ့မြင်သိရှိနေကြသလည်းဆိုရင်။ သူတပါးကိုအပြစ်တင်ဝေဖန်သူတစ်ချို့နဲ့၊ ဒီနေ့မအားသေးနောက်နေ့မှလုပ်မည်ဟု အလုပ်တို့ကိုအချိန်ဆွဲနေသော လူတချို့ကသာ တွေ့မြင်နိုင်ကြတာပါ။
သူတပါးမဟုတ်တာလုပ်တာတွေ့ရင် ကြိမ်းမောင်းမယ်အပြစ်တင်မယ် ကိုယ်တိုင်ကြတော့ မလုပ်ဘူး။ လုပ်တဲ့အခါမှကြတော့လည်း သူများကို အပြစ်တင်ပေမယ့် ကိုယ်တိုင်လုပ်တာကြတော့ ကိုယ်အပြစ်တင်ဝေဖန်လိုက်သူရဲ့ လုပ်ဆေင်နိုင်မှုတစ်ဝက်ကိုတောင်မမှီဘူး။
ဒီတော့ ဘာဖြစ်လာလည်းဆိုတော့ ဝေဖန်ခံရသူကဘာမှဆုံးရှုံးမှုမဖြစ်သွားပေမယ့် အပြစ်တင်ဝေဖန်သူကတော့ နောက်ထပ်ဆင်ခြေ ဆင်လက်အကြီးကြီးတွေပေးလာတော့တာပေါ့။ ဘယ်လိုဆင်ခြေမျိုးလည်းဆိုရင်...
ငါမှဒီအလုပ်ကိုမလုပ်တက်တာကွ..
ငါမှမကျွမ်းကျင်တာကွ...
ဪ Sorryပါကွာဆိုတာတွေဖြစ်လာကြတယ်။

ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်တိုင်မလုပ်ကြည့်ပဲသူတပါးကိုအပြစ်တင်နေတာလောက်လည်းအသည်းယားတာမရှိဘူး။ ကိုယ်တိုင်လုပ်တော့လည်း ဘာမှမဟုတ်၊ သူများတွေကိုကျ ဆရာကြီးစတိုင်နဲ့အမိန့်ပေး.........
ဪ..တွေ့ရတက်ပါတယ်လေ...
လက္ဖက်ရည်လေးသောက်ပြီး အမိန့်ပေးနေတာ😏😏😏😏

ကျေးဇူးတင်ပါတယ်ခင်ဗျာ။...

ဖတ်ရှုပေးသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
koayezaw@koayezaw