တွေးမိတာလေး(၃)

Words
72
Reading
1 min
8y
Listen to this post
~1 min

IMG_20180324_133451.jpg

ငှက်ကလေးငွေဇင်ယော်
အတောင်ပံတွေကို ဖြန့်ကာ ဖြန့်ကာနဲ့လေထဲပျံဝဲနေလေရဲ့....
သူ့ခမြာ အစာကျွေးမယ့် လက်အစုံတို့ကို လေထဲပျံဝဲရင်း ရှာဖွေနေလေရဲ့..
သူ့ရဲ့ အားကိုးရာဟာ
သူ့ကိုကူမယ့်လက်အစုံတို့ပဲလား......
သူ့မှာခွန်အားတို့လည်းရှိတယ်၊ ခွန်အားတွေရှိလို့လည်း လေထဲပျံဝဲနိုင်တာပေါ့။သူဟာ ငှက်တစ်ကောင်ပေါ့.....

ဒါပေမယ့် အခြားသောငှက်တွေလို နေရာတကာသို့ သွားလာခြင်းမရှိ ၊
သူနေထိုင်ရာ ရေပြင်ပြာမှာသာပဲ ဟိုသည်ပျံဝဲရင်း အစာရှာနေထိုင်ကြတယ်။

သူဟာငှက်တစ်ကောင်လေ...ဘာလို့နေရာစုံမရောက်သလည်းတဲ့.....
ငှက်ချင်းတူသော်လည်း သူ့ရဲ့သဘာဝနဲ့ သူ့ရဲ့အမျိုးအနွယ်ဆိုတာကြီးက သု့အတွက် နယ်မြေတွေကန့်သတ်ထားလေရဲ့လေ။
သူကရော အခြားနေရာတို့ကိုမသွားချင်ပဲနေပါ့မလား၊ သူ့မှာလည်း အများနည်းတူ ပျံသန်းနိုင်တာပဲလေ။

သူ့ရဲ့သဘာဝအရ သူ့ရဲ့အမျိုးအနွယ်အရ သူက ဇင်ယော်ငှက်တစ်ကောင်ဖြစ်နေတယ်။
သူ့မှာ ဆိုးကွက်တွေကောင်းကွက်တွေလည်းရှိနေမှာပါပဲ။ သူက ဇင်ယော်ငှက်လေ သိန်းငှက်မဟုတ်လို့ ဟိုးအမြင့်ကြီးလည်းမပျံနိုင်ဘူး၊ သိန်းငှက်လောက်လည်း အမြင်အာရုံမစူးရှဘူး။

ဒါဆို သူက သိန်းငှက်ဆီက ပညာတွေသင်ယူမည်လား.......
မဖြစ်နိုင်ပါဘူး သူ့နေရာမှာပဲသူရရှိနေတဲ့ ကံကြမ္မာကြီးနဲ့လိုက်လျောညီထွေဖြစ်အောင်နေနေမှာပါ။

သိန်းငှက်ကလည်း သူ့အလုပ်နဲ့သူ ဇင်ယော်ကလည်း သူ့အလုပ်နဲ့သူပါပဲ။

အရာရာတိုင်းမှာ သူ့နေရာနဲ့သူ လိုက်လျောညီထွေစွာနေထိုင်နိုင်ဖို့ကြိုးစားရမှာပါ။

မဖြစ်နိုင်တာကိုမလုပ်နဲ့ ဖြစ်နိုင်တဲ့အလုပ်တွေလောကကြီးထဲမှာ အများကြီးပါပဲ....

ကျေးဇူးတင်ပါတယ်ခင်ဗျာ။...

images (12).jpeg

Credit

ဖတ်ရှုပေးသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
koayezaw@koayezaw