အလုပ်တစ်ခု မလုပ်လျှင် မတက်မြောက်နိုင်

Words
152
Reading
1 min
8y
Listen to this post
~1 min

IMG_20180324_130742.jpg

My Camera Photo

မင်္ဂလာပါ သူငယ်ချင်းတို့ရေ။ စာရေးသားမှုတွေဆိုတာ တစ်ကယ့်လက်တွေ့မှာတော့ စိတ်ကူးယဉ်နိုင်မှုတွေများစွာ လိုအပ်လို့နေပါတယ်ဗျာ။ စိတ်ကူးဥာဏ်ရင့်သန်တဲ့အခါ စာရေးရတာ များစွာအထောက်အကူဖြစ်နေစေပါတယ်။ ထို့အတူပဲ အတွေ့အကြုံနဲ့ အလေ့အကျင့်တို့ကလည်း စာရေးသားမှုအတွက် များစွာသော အထောက်အပံ့တို့ကိုပေးပါတယ်။ အလေ့အကျင့်ဆိုတာကတော့ ကိုယ်တိုင်ပြုလုပ်ယူမှရတဲ့အရာတွေပါပဲ။ အလုပ်တစ်ခုကို မလုပ်တက်ဘူးလို့ပြောပြီးငြင်းတာနဲ့ မလုပ်ချင်ဘူးဆိုတာနဲ့က တူနေသယောင်ပါပဲ။ ဘာလို့လည်းဆိုရင် အလုပ်မလုပ်တက်တဲ့သူတစ်ဦးဟာ မလုပ်တက်တာထက် မလုပ်ချင်လို့ မတက်တာပါ။ ဘယ်လိုပဲပြောပြော လောကကြီးထဲမှာ မပျင်းမရိနဲ့သွားလာလှုပ်ရှားရုန်းကန်နေရတဲ့သူတွေအဖို့မှာကတော့ အခုလို Steemitစာရေးသားတဲ့အခါ အတွေ့အကြုံတွေ ဗဟုသုတတွေကို လျှင်မြန်စွာနဲ့ပြန်လည်ရေးသားနေလို့ရပါပြီဗျာ။ တစ်ကယ်ဆိုရင် စာရေးသားရတာက မခက်ပါဘူး၊ သို့ပေမယ့် မလွယ်ကူပါဘူး။ ဘာကြောင့်လည်းဆိုရင် လောကကြီးထဲရှိတဲ့အကြောင်းအရာတွေကို စာပေအဖြစ်ပြန်လည်ရေးသားရာမှာ ရေးသားမှုတွေအပေါ်မူတည်ပြီး စာပေတွေအမျိုးမျိုးကွဲလွဲသွားမှာပါ။ ကဗျာစာပေ၊ ရသစာပေ ဆိုတာမျိုးပေါ့။ စာကိုရေးသားရာမှာလည်း ဒီတိုင်းတည့်ထိုးကြီးရေးသားရင် စာဖတ်သူအတွက်လည်း အဆင်မပြေသလိုရေးသားသူကိုလည်း အပြစ်မြင်နေစေမှာပါ။ လူအချင်းချင်းစကားပြောဆိုကြရာမှာ စကားကို ကြမ်းတမ်းစွာပြောဆိုတာနဲ့ အေးဆေး ပြေလည်စွာပြောဆိုတာ ဆိုတဲ့ ပုံစံမျိုးတွေပေါ့။
စာပေတွေကိုရေးသားရာမှာ စာဖတ်သူကို ဆွဲဆောင်နိုင်မှုရှိနေစေဖို့အတွက် စကားပြေဆိုတဲ့ပုံစံနဲ့ရေးသားရမှာပါ။ စကားတွေကိုပြေလည်စွာပြောဆိုရင်တဖက်လူရဲ့နားထဲကို ချိုမြိန်စွာရောက်ရှိသွားတာမို့ ရန်မဖြစ်နိုင်တော့ဘူးပေါ့။ ပြေလည်စွာမပြောပဲ ကြမ်းတမ်းမိရင် ရန်ပွဲတွေဖြစ်လာရတော့တာပေါ့။ အဲ့ဒီလိုပဲ စာရေးသားရာမှာ ပြေပြစ်လှပစွာရေးသားနိုင်လေ စာဖတ်သူတွေနဲ့ ပိုမိုရင်းနှီးလာရလေပဲပေါ့။ ကျနော် အခုရေးတဲ့ပုံစံကလည်း စကားပြေလိုမဆိုနိုင်ပေမယ့် စာဖတ်သူတို့အတွက် အနှောက်အယှက် သိပ်မဖြစ်ဘူးလို့ထင်ပါတယ်။ အနှောက်ယှက်ဖြစ်နေခဲ့ရင်လည်းပြောပေါ့နော့ အချင်းချင်းတွေပဲဟာ😁။ ကျနော်လည်းစာရေးရင်အကောင်းဆုံးတော့ ချောမွေ့အောင် ရေးသားပါတယ်။ ကျနော်တို့တတွေဟာ စာရေးဆရာတွေမဟုတ်ကြလို့ စာမရေးတက်ပေမယ့်လည်း ကြိုးစားပြီးရေးသားကြရင်ဖြင့် စာရေးဆရာတွေလည်းဖြစ်နိုင်ကြပါတယ်ဗျာ။

စာရေးဆရာတွေဟာ ငယ်ငယ်ကတည်းက စာရေးတက်ခဲ့ကြတာမဟုတ်ပါဘူး။ သူတို့လည်း လူတွေပါပဲ။ သူတို့တောင် စာတွေရေးတက်အောင် ကြိုးစားရေးခဲ့ကြနေသေးရင် ကျနော်တို့ကရော ရေးသားနိုင်မှူ အရှိကြဘူးလားဗျာ။
တစ်ကယ်တော့ သူလုပ်နိုင်တဲ့အလုပ်တစ်ခုဟာ ကျနော်တို့လည်း ကြိုးစားသင်ယူလုပ်ကိုင်ကြရင် မလုပ်တက်စရာ မရေးတက်နိုင်စရာမရှိတော့ပါဘူး။

လူ့ဘဝဆိုတာ တိုတိုလေးမို့ ပညာရှင်တွေလည်း သိပ်ကြာကြာမနေကြရပါဘူး အိုမင်းလာကြရတာပါပဲ။ အသက်အရွယ် အိုမင်းလာတဲ့ ပညာရှင်တွေ၊ ဆရာတွေရဲ့ နောက်ဆက်တွဲအမွေတွေကို ကျနော်တို့ပဲ ဆက်လက် ထိန်းသိမ်းရင်း လက်ဆင့်ကမ်းကြရမယ်မဟုတ်လားဗျာ။
ကျနော်တို့တတွေကြိုးစားပါမှ နောင်လာနောက်သားတွေအတွက်လက်ဆင့်ကမ်းပြီး အမွေနှစ်ကောင်းတွေကို ထပ်ပြီး လက်ဆင့်ကမ်းနိုင်ကြတော့မှာပေါ့။ ကျနော်တို့မကြိုးစားလို့ တချိန်မှာ ဆရာတွေသေလွန်သွားခဲ့ရင် ပညာလက်ဆင့်မကမ်းနိုင်ပဲဖြစ်ကြရတော့မှာပါ။
ကျနော့တို့နိုင်ငံရဲ့အသက်သွေးကြေဟာ သယံဇာတလို့ပြောလို့ရပေမယ့် နိုင်ငံတိုင်းရဲ့ အဓိကအသက်သွေးကြောဟာတော့ စည်းကမ်းနဲ့ လူငယ်တွေပါပဲ။ လူငယ်တွေဟာ ကြိုးစားကြမယ်ဆိုရင် မဖြစ်နိုင်တဲ့အလုပ်ဆိုတာမရှိနိုင်ပါဘူးလို့ပြောကြားရင်း postလေးကို အဆုံးသတ်လိုပါတယ်ဗျာ။
အရင်postအဟောင်းရဲ့အပိုင်းဆက်လေးကိုတော့ နောက်တစ်ကြိမ်မှပဲရေးသားပြီးတင်ပေးပါ့မယ်ဗျာ။

အားလုံးပဲကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။

IMG_20180324_113754.jpg

My Camera Photo

koayezaw@koayezaw

အလုပ်တစ်ခု မလုပ်လျှင် မတက်မြောက်နိုင် | Ecency