ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သော အချက်များ

Words
137
Reading
1 min
Listen
Play
8y

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့် သိထိုက်သော ဘာသာရေးနှင့်ပတ်သက်သည့် အကြောင်းအရာတို့အား သိစေလိုသောကြောင့် ဗုဒ္ဓစာပေများမှတစ်ဆင့် ရွေးချယ် ကူးယူရေးသားလိုက်ခြင်းဖြစ်ပါသည်။ ဘာသာရေးစာများအား ကိုယ်တိုင်ရေးသားနိုင်ရန် ကိုယ်တိုင် ကျင့်ကြံအားထုတ်နိုင်မှသာ ရေးသားရနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် သိသင့် သိထိုက်သော အချက်များအား ရွေးချယ် ဖော်ပြခြင်းဖြစ်ပါသည်။


anyc0p.gif


ခင်ပွန်းကြီး(၁၀)ပါး


(၁) ဗုဒ္ဓရှင်တော်မြတ်ဘုရား

(၂) ပစ္စေကဗုဒ္ဓ

(၃) ရဟန္တာ

(၄) လက်ျာရံ လက်ဝဲရံ

(၅) အမိဖြစ်သူ

(၆) အဖဖြစ်သူ

(၇) လေးစားထိုက်သောပုဂ္ဂိုလ်

(၈) မိမိအားသင်ပြ ဆုံးမဖူးသော ဆရာသမား

(၉) အလှူဒါန၊ သီတင်းသီလ နှင့် မွှေ့လျော်သူ

(၁၀) အသိဥာဏ် ရှင်းလင်းအောင် ဟောပြောတတ်သူများ


ပူဇော်ထိုက်သောခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားကျူးလွန်သူတို့မှာ ယခုမျက်မှောက်ဘ၀မှာပင် အကြွေးမထားပဲ လက်ငင်းဒုက္ခများ နှင့် တွေ့ကြုံ နိုင်သော အပြစ်ဒဏ်များမှာ ----

ဒါဏ်(၁၀)ပါး


၁။ ဆင်းရဲသော ဝေဒနာ ပြင်းစွာ ခံစားရတတ်ခြင်း။
၂။ ပစ္စည်း ဥစ္စာ ဓန ကုန်ခမ်း ပျက်စီးတတ်ခြင်း။
၃။ ခန္ဓာပျက်သုန်းပြီး အသက်သေဆုံးရတတ်ခြင်း။
၎။ မိမိကိုယ်မှာ နူနာရောဂါ စွဲကပ်တတ်ခြင်း။
၅။ စိတ်ဖောက်ပြန် ရူးသွပ်တတ်ခြင်း။
၆။ အစိုးရတို့၏ မကျေနပ်မှုကြောင့် ရာထူးကျခြင်း၊ မင်းဘေး မင်းဒဏ်များ ခံရတတ်ခြင်း။
၇။ သူတစ်ပါး၏ မတရား စွပ်စွဲခံရခြင်း။
၈။ စည်းစိမ်သော်လည်း ပြုန်းတီးပျက်စီးတတ်ခြင်း။
၉။ မိမိ၏ဆွေမျိုးသားချင်းသော်လည်း ပျက်စီးတတ်ခြင်း။
၁၀။ မိမိနေအိမ်ကို မီးလောင်ခံရတတ်ခြင်း၊ သေလွန်သောအခါ အပါယ်လေးဘုံသို့ ကျရောက်စေတတ်ခြင်း။


မည်သူမဆို ခင်ပွန်းကြီး(၁၀)ပါးအား ပြစ်မှားကျူးးလွန်မိသည်ရှိသော် အပြစ်ဒဏ်(၁၀)ပါးသင့်တတ်ကြောင်းကို ဖော်ပြခြင်းသာဖြစ်ပါသည်။ သံသရာတွင်ကျင်လည်နေသမျှကာလပတ်လုံး ထိုဒဏ်(၁၀)ပါးနှင့် တွေ့ကြုံနိုင်ရကြောင်းကိုဖော်ပြခြင်းသာဖြစ်ပါသည်။ ထိုအပြစ်များကို ခံရခြင်းသည်မှာလည်း ဘုရားက အပြစ်ပေးခြင်းမဟုတ်ပဲ ကိုယ်တိုင်ပြုလုပ်ကျူးလွန်ခဲ့သော မကောင်းမှု အကုသိုလ်ကြောင့်သာဖြစ်ပါသည်။ ကံသာလျှင် အမိ ကံသာလျှင် အဖ ဆိုသည့်အတိုင်း ပြုလုပ်ခဲ့သော ကံတို့သည် အရိပ်ပမာလိုက်နေမည်ဖြစ်ပါသည်။

ထပ်ဆင့်မျှဝေသူ ----- kingorcasteem@kingorcasteem

ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သော အချက်များ | Ecency