ဘ၀အစစ်

Words
61
Reading
1 min
Listen
Play
8y

qar87rcmnz.jpg

Photo Credit To Google Search


အရေပြားဖုံးထားတဲ့ အလှက အလှစစ်မဟုတ်ပါဘူး………
အရုပ်ဆိုးတာပဲဖြစ်ဖြစ် အရုပ်လှတာပဲဖြစ်ဖြစ် သေရင်ပုပ်တာပဲ………………..
ဘယ်လောက်ပဲအရုပ်ဆိုးနေပစေ မေတ္တာတရားပွားမယ်ဆို မေတ္တာဓာတ်လွှမ်းခြုံထားလို့ လူချစ် လူခင်ပေါတယ်……………..
ဘယ်လောက်ပဲ အရုပ်ချောနေပစေ မေတ္တတရားပျက်ပီး ဒေါသ မာန်မာနလွှမ်းနေရင် လူမုန်းများမယ်…………..
ပေါင်းသင်းဆက်ဆံရေးလည်း ဗလာဖြစ်သွားနိုင်တယ်…………..
မတတ်သာလို့ ခပ်ခွာခွာနေကြရလိမ့်မယ်…………..
ရုပ်ဝတ္ထုဆိုတာ စိတ်ကနေဖြစ်ပေါ်လာတတ်တယ်……………….
စိတ်ကောင်းရင် ရုပ်လည်း ကောင်းလာပီး စိတ်ဆိုးရင် ရုပ်လည်း ဆိုးလာတတ်တယ်……………….
ဘ၀ကို မက်ရင် သေမှာကြောက်တတ်တယ်………… ဘ၀ကို မမက်သူက သေမှာမကြောက်ဘူး…………….
လူသေကောင်ကို ကြောက်သူများတယ်……………… လူသေကောင်က ဘာမှမလုပ်နိုင်တာကိုမေ့ထားကြတယ်………..
လူရှင်ကောင်တွေကသာ ဒုက္ခပေးနိုင်တာကို မေ့ချင်ယောင်ဆောင်နေတတ်တယ်…………………..
ကိုယ်လည်း လူသေကောင်ဖြစ်မှာလည်း မေ့ချင်ယောင်ဆောင်နေကြတယ်………………
မေ့ချင်ယောင်ဆောင်နေလည်း လူသေကောင်ဖြစ်မှာပဲ…………………
မသေခင် ကောင်းတဲ့စိတ်လေးမွေး ပီး လူ့လောကက လူတွေနဲ့ တည့်အောင်ပေါင်းနိုင်ရင် အကောင်းဆုံးပါပဲ…………….
kingorcasteem@kingorcasteem

ဘ၀အစစ် | Ecency