တချိန်က ဇာတ်လမ်းလေး

khayae(51)
Published in
#myanmar
Words
235
Reading
2 min
Listen
Play
9y

ဇာတိချက်ကြွေ မွေးရပ်မြေ သည် လူတိုင်းတွင် ရှိကြလေပြီ ဇာတိချက်ကြွေဆိုသည်မှာ မွေးဖွားရာ အရပ်ဟူ၍ မြန်မာအဘိဓာန်က ဖွင့်ဆိုထားပါသည်။ တနည်းအားဖြင့်မူ ကျနော်တို့ မွေးဖွားစဉ်က ကျနော်တို့နဲ့ အတူ ပါလာခဲ့သော ချက်ကြိုးလေးများ ကြွေကျရာ နေရာ ဟုဆိုလျင် မမှားနိုင်ပါ မည်သို့ပင် ဆိုစေကာမူ ကျနော့် နှလုံးသားထဲ မှာတော့ ဇာတိချက်ကြွေ မွေးရပ်မြေ ကလေးသည် အစဉ်ထာဝရ ရှိနေခဲ့ပါသည် ဇာတိမြေကို လုံးဝမေ့ မည်မဟုတ်ပါ။

image

photo credit; face book image

မိမိ မွေးရပ်မြေထက် မည်မျှသာသည့် နေရာကိုရောက်ပါစေ ဇာတိ ချက်ကြွေ မွေးရပ်မြေလေးကို ခင်တွယ်မိသည် ဇာတိ ပြေပေါ်တွင် နေထိုင်ကြသော သူများကလည်း ဇာတိမြေပေါ်တွင် ထားသည့် သံယောဇဉ်များက တနေ့တခြား ရစ်ပတ်နောင်ဖွဲ့ကာ တိုးပွားလာရသည် ဇာတိမြေနှင့် ဝေးကဝာသူများကတော့ တနေ့တခြား လွမ်းစိတ် တမ်းတစိတ်များနှင့် ပြည်နှက် နေနိုင်ပါသည် ဘာကြောင့်လဲဆိုတော့ ဇာတိမြေထက် ခင်စရာ တက်မက်ဖွယ် ကောင်းသည့် နေရာ မရှိသောကြောင့် ဖြစ်မည် ထင်ပါသည်။

image

photo credit; face book image

ကျနော်တို့ ကချင်ပြည်နယ် ရွှေကူမြို့လေးသည် မြစ်ဝကျွန်းပေါ် ဒေသတွင် တည်ရှိသောကြောင့် ရာသီဥတုမှာ အသင့်သင့်ဖြစ်ပြီး မပူလွန်း မအေးလွန်းနှင့် အလွန် နေထိုင် ကောင်းပါသည် မွေးရပ်မြေကို တွေးမိတိုင်း ရာသီဥတုနှင့် တကွ သတိရ လွမ်းဆွတ်မိသော အရာလေးက ကျနော် မူလတန်းကျောင်းသား တုန်းက အဖြစ်အပျက် ကလေးတခုပင် ကျနော် နေမကောင်းချင်သလို ဖြစ်ပြီး ခေါင်းတွေမူးကာ ဆရာမ စာသင်နေသည်ကိုပင် မနည်းဟန်ဆောင်ပြီး ခေါင်းထောင် နေရသည် ။

image

image

image

photo credit; face book image

နှောက်တော့ ကျနော် အန်ချင်လာသည် ကျနော်မအန်ရဲ ဆရာမကိုလဲ မပြောရဲဘဲ ရှိနေသည် အလိုလိုနေရင်း ဆရာမကို အရမ်းကြောက်နေမိသည် နောက်ဆုံးတော့ အန်ချင်စိတ်က တားမရတော့ဘဲ စာရေး စားပွဲပေါ် ထိုးအန်မိလိုက်သည် ဆရာမက ဒေါသတွေ ထွက်ပြီး ရိုက်မယ် ထင်နေခဲ့သည် ကျနော်ထင်သလို မဟုတ်ဘဲ တယုတယနှင့် ကျနော်ပေပွ နေသည်များကို သုတ်ပေးပြီး အန်ဖတ်များကို ရေဆေးချကာ နောက်ကို နေမကောင်းရင် ကျောင်းမလာ ပါနဲ့လား သားရယ် ဆိုပြီး ကျနော့အပေါ် ဂရုနာ သက်ခဲ့သည့် ဆရာမ ။

image

image

photo credit;google image

တပည့်တွေအပေါ် နွေးထွေးသည့် စကားအသုံးနှုန်း နွေးထွေးတဲ့ အပြုံး နွေးထွေးသည့်အရိပ် တွေကိုပေးဆပ်ကာ နောင်တချိန် လူဆိုးတွေ လူမိုက်တွေ မဖြစ်ရလေအောင် ကောင်းသော အပြုအမူ အပြောအဆိုလေးတွေနဲ့ ယှဉ်တွဲပြီး တပည့်တွေရဲ့ ကောင်းကျိုးကို လိုလိုလားခဲ့တဲ့ ဆရာမ ။

သူ့တပည့်တွေ လောကအလယ်မှာ မျက်နှာမငယ်ရအောင် နို့ရည်နှင့်တူသော ပညာစာပေ တို့ကိုတစ်တန်းပြီး တစ်တန်း လက်ဆင့်ကမ်းကာ တိုက်ကျွေးပြီး အသိညာဏ်တွေ အသိတရားတွေကို ရင့်သန်လာအောင် ပြုစုပျိုးထောင်ပေးခဲ့ကာ ဝါသနာ အရင်းခံ ဂရုနာတာရား ရှေ့ရှု စေတနာတွေထားကာကျနော်တို့အပေါ် ကြီးမားလှစွာသော မေတ္တာတရားဟာ ဆရာမရဲ့ ရင်ထဲမှာ ကုဋေ ကုဋာ မကရှိနေ မည်မှာ မလွဲဧကန်ပင်။

image

photo credit;face book image

ကျနော်တို့ရဲ့ အနန္တ ဂိုင်းဝင် ကျေးဇူးရှင် စံနမူနာ ထားထိုက်သည့် ဆရာကြီးများ ဆရာမကြီးများ ကျန်းမာကြ ပါစေကြောင်း နှစ်သစ်ဆုမွန်များတောင်း ပေးရင်း သူငယ်ချင်းအားလုံးလဲ မင်္ဂလာ နှစ်သစ်ပါလို့ နှုတ်ခွန်းဆက် ပါတယ်ဗျ ။

khayae
MSC - 079

တချိန်က ဇာတ်လမ်းလေး | Ecency