တစ်ခါတုန်းကပေါ့ ( ဇာတ်သိမ်း )

khayae(51)
Published in
#myanmar
Words
279
Reading
2 min
Listen
Play
9y

ဘွားဘွားရေ ဟိုတစ်နေ့က အဆက်လေး ပြောပြပါအုန်း ဟု နားပူနားဆာ လုပ်နေသော မြေးလေးနဲ့ အခက်တွေ့ချေပြီ ကိုယ်ကလည်း တို့လို့တန်းလန်းချန် ထားလေတော့ မအားလည်း ပြောပြရတော့မှာပေါ့ ဟုတွေးရင်း အေးအေး ပြောပြပါ့မယ် မြေးလေးရယ် ဒီကြားထဲ ဖွားဖွား အလုပ်ကြပ် သွားလို့ပါကွယ် ဟုတ်ကဲ့ပါ ဘွားဘွား ဒီမှာ ဖွာစဖွားမောရင် ရေသောက်ဖို့ ခတ်ထားပေးတယ် သြော်… အေးအေး တော်တော်အလိုက်သိတတ်တဲ့ မြေးလေး အာ့ဒါကြောင့်လဲ ဒီမြေးအဖွား နှစ်ယောက် သံယောဇဉ် တွယ်နေကြတာ မလား သားသမီး အချစ် မြေးအနှစ်တဲ့လေ ကဲကဲ ရှိစေတော့ အတွေး တွေလွန် ကုန်ပြီ ကဲ့ငါ့မြေး ဘွားဘွားနားလာထိုင် ဟိုတစ်နေ့က အဆက်ပြောပြမယ်ဟု အစချီလိုက်လေသည်။
image

ဒမြဗိုလ်ကြီးက ထိုမြွေလေးကောင်ကို ထိန်းသိမ်း စောင့်ရှောက် မယ်ဆိုပြီးတာဝန် ယူလိုက်တယ်နော် ဟုတ်ကဲ့ဖွားဖွား အဲ့ဒီတော့ သူ့ရဲ့ပြစ်ဒဏ်တွေ လွှတ်ငြိမ်းချမ်းသာရာ ရသွားတာပေါ့ ဒီလိုနဲ့ အာ့ဒီ ဒမြကြီးဟာ မြွေလေးကောင်နဲ့ အတူတူ အာ့ဒီမြွေတွေ ရှိတဲ့ အုတ်တိုက်ဆောင်ကြီး ထဲမှာ နေရတာပေါ့ မြွေတွေ စိတ်ကြေနပ်အောင် သူ့ကိုယ်ပေါ် တင်ပေးပြီး ယဉ်ပါးအောင် လုပ်ပေးရတာပေါ့ အစာစားချိန် ဆိုလည်း ဂရုတစိုက်နဲ့ အစာတွေကျွေး ပေးရတယ် ရေချိုးချိန်တိုင် တော့လည်း ရေချိုးပေးရတယ် ဒီလိုနဲ့ နေလာ တာ နှစ်တွေ အတော်ကြာလာပြီ ပေါ့ကွယ် ။ အာ့ဒီ ဓါမြကြီးက ရှေးဘုံးရှေးကံ ရှိတယ်နဲ့တူပါတယ်ကွယ် ။

image

တစ်နေ့မှာ သူကအိပ်မက် မက်တယ် ဘယ်လိုမက်လဲ ဆိုတော့ သူ့ရဲ့ကိုယ်စောင့်နတ်က ဟေ့လူ မင်းဟာ တိရိစ္ဆာန် ဖြစ်တဲ့ မြွေတွေနဲ့ အတူတူနေနေတာ တော်တော် မိုက်မဲတာဘဲ တိရိစ္ဆာန် ဆိုတာ စိတ်မှန်တာမဟုတ်ဘူး တစ်နေ့နေ့မှာ မင်းကို ပေါက်သတ်ရင် မင်းဟာ သေရလိမ့်မယ် အဲ့ဒီတော့ ဒီနေရာ ကနေ မင်းလွှတ်အောင်ပြေးတော့ လို့ အိပ်မက်ပေးသတဲ့ ဒီလိုနဲ့ ဓါးမြကြီးလည်း အိပ်ယာကနေ နိုးလားတော့ ပြေးရကောင်းနိုး မပြေးရကောင်းနိုးနဲ့ ချင့်ချိန်ရင်း ပြေးမထွက်နိုင်သေးဘဲ ဖြစ်နေတာပေါ့ သူ့ကိုယ်စောင့်နတ်ကလည်း သုံးကြိမ်တိုင်တိုင် အိပ်မက်ပေးသတဲ့ ။ သုံးကြိမ်မြောက်တဲ့ နေ့မှာ ဟေ့လူဒီနေ့ဘဲ မင်းပြေးတော့ ငါက တံခါးတွေ ဖွင့်ထားပေးမယ် ဆိုပြီး အိပ်မက်ကနေ လန့်နိုးလာတော့ အဟုတ်ကြီး တံခါးတွေ ပွင့်နေသတဲ့ ။

image

ဒီလိုနဲ့ ဘာကိုဘာမှ မစဉ်းစားနေတော့ဘဲ မြွေတွေကို ကြည့်လိုက်တော့ သူတို့ အိပ်နေတုန်း အတာလေး ထွက်ခဲ့ပြီး တော်တော်လေး လှမ်းတဲ့နေရာရောက်တော့ သုတ်ခြေတင် ပြေးတော့တာပေါ့ အဲ့ဒီအချိန်မှာ နန်းတော်ထဲက ရှင်ဘုရင်ကြီး ကလည်းသိတော့ မြွေတွေကို စေလွှတ်ပြီး လိုက်ခိုင်းတယ် မြွေတွေကလည်း ဓါးမြကြီးနောက်ကို လိုက်တာပေါ့ ဒီလိုနဲ့ ပြေးလာခဲ့တာ ကံကောင်း ထောက်မစွာ မြွေဆိုးတွေရဲ့ အန္တရာယ်ကနေ လွှတ်မြောက်ခဲ့တယ် အာ့ဒါနဲ့ ဓါးမြကြီးလည်း မောဟိုက်ပြီး တစ်ရေးတစ်မော အိပ်ပျော်သွားတယ် ဒီလိုနဲ့ အိပ်ပျော်နေတုန်း အိပ်မက်ထဲမှာ သူ့ကိုယ်စောင့်နတ်က ဒီမှာအိပ်နေလို့ မဖြစ်သေးဘူး ဒီနယ်မှာ ဓါးမြဗိုလ်းကြီး နှစ်ယောက်ရှိတယ် အာ့ဒီနှစ်ယောက်ကလည်း အသင်လွှတ်ပြောက်လာတာကိုလည်း သိပြီးရောပေါ့ အသင့်ကို ဖမ်းပြီး ရှင်ဘုရင် လက်ထဲပို့လိုက်နိုင်တယ် ဒီကနေ ထပြီးတော့ ပြေးတော့ ဟုအိပ်မက်ပေးလေသည် ။

image

ထိုအခါ အိပ်ယာမှ ထ၍ တစ်ဟုန်ထိုး ပြန်လည် ပြေးပြန်လေသည် ထိုနယ်မှ လွန်မြောက်သောအခါ ဒီနေရာကတော့ ဘာရန်သူမှ ရှိမည်မဟုတ် အကျွန်ုပ်လည်း ပင်ပန်းလှပြီ အိပ်အုံးမှ ဟု တွေးကာ မှေးခနဲ အိပ်ပျော်သွား ပြန်လေသည် ဒီနယ်မှာ ဒမြကြီးတစ်ယောက်ရှိတယ် ဟိုဘက်နယ်က ဒမြတွေဆီကနေ အသင့်ရဲ့ သီတင်းကို ကြားပြီးရောပေါ့ ဒီနယ်ကနေ လွှတ်အောင်ပြေး ဒီနယ်ရဲ့ အဆုံးမှာ မြစ်ကြီးတစ်ခုကို တွေ့လိမ့်မယ် အာ့ဒီမှာ သစ်တုံးရှစ်တုံး လောက်ကို ဖောင်ဖွဲ့ပြီး ဟိုဘက်ကမ်းကို လွှတ်အောင်ပြေး အဲ့ဒီတော့မှ အေးဆေးနေတော့ ဟုအိပ်မက်ပြန်မက်လေရာ ယခင်ကလည်း အိပ်မက်တွေ မှန်ခဲ့တော့ အခုလည်း အိပ်ယာကနေ ထထချင်း ပြေးလေတော့သည် အိပ်မက်ထဲက အတိုင်း မှန်လေစွ နယ်ဆုံးတော့ မြစ်ကို တွေ့ရလေသည် ထိုအခါ သစ်တုံးရှစ်တုံးကို ဖောင်ဖွဲ့၍ တစ်ဘက်ကမ်းသို့ ကူးခတ်ကာ ဟိုမှာဘက်ကမ်း၌ အေးချမ်းစွာ နေထိုင်သွားရလေတော့ သတည်းးးးးးးးးး။
khayae
MSC - 079
credit;google image &facebook

တစ်ခါတုန်းကပေါ့ ( ဇာတ်သိမ်း ) | Ecency