တစ်ခါတုန်းကပေါ့

khayae(51)
Published in
#myanmar
Words
264
Reading
2 min
Listen
Play
9y

တစ်ခါတုန်းက ရွှာတစ်ရွာမှာ အမေးအမြန်းထူတဲ့ ကလေးလေး တစ်ယောက်ရှိတယ် တွေ့ကရ မြင်ကရာ တွေဆိုလဲ စစ်စစ်ပေါက်ပေါက် မေးတတ်သတဲ့ တစ်နေ့ကျတော့ သူ့အဖွားကို ပုံပြင်ပြောပြပါလား အဖွားလို့ ပူဆာတာပေါ့ ဒီလိုနဲ့ သူ့အဖွားကလည်း ဒီလို စဉ်းစားမိတယ် ဒီခေတ်မှာ ပုံပြင်နားထောင်ချင်တဲ့လူတွေ ရှားသွားပြီ ပုံပြင်နားထောင်ပြီ ပုံပြင်ကနေ ရတဲ့သင်ခန်းစာတွေကို အတုယူမဲ့အစား ကိုးရီးယားကား ကြည့်ကာ ပေါက်ကရတေ အတုခိုးတာ များတဲ့ခေတ်ပေဘဲ နောက်ပီး ဟန်းဆက်တစ်လုံးနဲ့ ဂိမ်းကစားကာ fb တက်ခြင်းတွေနဲ့ အချိန်ကုန်နေလို့ မိသားစု စုံနေတာတောင် သူ့ကိုစကားမပြောအား ကိုယ့်ကို စကားမပြော အားနဲ့ အလုပ်မအားတဲ့ ခေတ်ကြီးမှာ ဘယ်လိုပုံပြင်တွေ ဘုရားဟော ဇာတ်တော်တွေကို ကိုယ့်သားသမီး ကိုယ့်မြေးတွေကို ပြောပြနိုင်ကြတော့မလဲ တစ်ချို့ဆို နားထောင်ရမှန်းတောင်မသိကြသလို တချို့ဆိုလည်း မကြိုက် ကြတော့ဘူး ဒီတော့ ခုခေတ်မှာ ယဉ်ကျေးမှု အသိတရားတွေ ခေါင်းပါးပြီး ဒေါသလောဘ မောဟကြီးတဲ့ခေတ်ကို ရောက်နေရတယ်လို့ ဆက်စပ်စဉ်းစားရင်း အေးအေး ငါ့မြေး အဘွားပုံပြင်တွေ ဇာတ်နိပါတ်တွေ ငါ့မြေးကို ပြောပြမယ်။ ဟု အစချီကာ

image

တစ်ခါတုန်းက ရွာတစ်ရွာမှာ ရှိတဲ့ သူခိုးဒမြဗိုလ်ကြီးကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ရှင်ဘုရင်ကြီးက ဖမ်းမိထားသတဲ့ ထိုဒမြဗိုလ်ကြီးဟာ အပြစ်ကို တော်တော်များများ ကျူးလွန်ထားတော့ သေဒဏ်မှတပါး အခြားရွှေးချယ်စရာ မရှိဖြစ်နေတာပေါ့ တရားစီရင်တဲ့နေ့မှာ ရှင်ဘုရင်ကြီးက ထိုဒမြဗိုလ်ကြီးကို အသက်ချမ်းသာမှု ရချင်ရင် ငါ့ရဲ့တိုက်နန်းဆောင်မှာ မွေးထားတဲ့ မြွေုကြီးလေးကောင် ရှိတယ် သူတို့ကို ထိန်းသိမ်းစောင့်ရှောက် ပြီး အစာရေစာကျွေးကာ ထိုမြွေများကျေနပ်သည်အထိ သင့်ခန္ဓာကိုယ်ပေါ်မှာ ရစ်ပတ်ပြီးနေပေးရမယ် သူတို့ စိတ်ကျေနပ်ရင် မောင်မင်းခန္ဓာကိုယ်ပေါ်ကနေ ဆင်းပြီး သူတို့နေရာ သူတို့ဆင်းပြီးသွားကြလိမ့်မယ် ထိုအလုပ်ကို လုပ်နိုင်ရင် သေဒဏ်ကနေ လွှတ်ငြိမ်းချမ်းသာခွင့် ပေးမယ် လို့ ဘုရင်ကြီးက အမိန့်ချမှတ်သတဲ့ ။ နှောက်ပြီး ထိုမြွေလေးကောင် အကြောင်းကိုလည်း ဘုရင်းကြီးက ဆက်ရှင်ပြပေးတာပေါ့ကွယ် ။

image

ထိုမြွေလေးကောင်ဟာ ပထမအကောင်ကကိုက်ခံရင် မီးလိုပူပြီး အကိုက်ခံရသူဟာ လောင်ကျွမ်းပြီးသေမယ်ဒုတိယ အကောင်က ကိုက်ခံရင် သစ်တုံးကြီးလို ဘိုင်းကနဲ လှဲကာ တောင့်တင်းပြီးသေမယ် တတိယအကောင်က အကိုက်ခံရင် တစ်ကိုယ်လုံး ယိုယွင်းအရည်ပျော်ပြီးသေမယ် စတုတ္တကကောင်က အကိုက်ခံရင် တစ်ကိုယ်လုံး တစ်မှုန်တစ်မွှားမှ မကျန်အောင် လေထဲလွင့်စင်ပြီး ပျောက်ကွယ်သွားမယ် ထိုမြွေလေးကောင်ဟာ အာ့လောက်ထိ အဆိပ်ပြင်းကြတယ် ဆိုပြီး မြွှေလေးကောင်ရဲ့ အဆိပ်အား ကြီးမားပုံကို ဘုရင်ကြီးက ဒမြဗိုလ် ကြီးကို ရှင်းပြပေးတယ် သေမိန့်ပေးခံရမယ် အဲ့ဒီတော့ ကြိုက်ရာ ရွေးပါမောင်မင်း လို့ အမိန့်ချမှတ်လိုက်သတဲ့ ။ ဒီတော့ ဒမြကြီး ကလည်း အရှင်မင်းကြီး ကျွန်တော်မျိုး ပြုခဲ့တဲ့ ဒီအပြစ်တွေကို ခံယူရင်လည်း သေဒဏ်ကျမယ့် အတူတူ မြွေလေးကောင်ကို ထိန်းပြီး နေတာကမှ အဆင်ပြေမယ် ထင်ပါတယ် ထိုမြွေတွေ မကိုက်ခံရသေးသမျှကာလပတ်လုံး အသက်ရှင်နိုမယ့် အခွင့်အရေ ရှိနေသေးတော့ ထိုမြွေတွေကို ထိန်းပြီးနေပါ့မယ် လို့ ဘုရင်ကြီးကို လျှောက်တင်လိုက်သတဲ့ ဒီလိုနဲ့ ဒမြဗိုလ်ကြီးဟာလည်း ပြစ်ဒဏ်မှ ချမ်းသာရာ ရသွားခဲ့တာပေါ့ကွယ် ။

image

ထိုသို့ အဖွားက သူ့မြေးလေးကို ပုံပြင်ပြောပြရင်း မောသွားဟန်တူပါသည် ခဏလောက်နားရင်း မြေးလေးကို ရေတစ်ခွက် ခပ်ခဲ့အုံး အဖွားရေဆာနေပြီလို့ ပြောလိုက်တော့ မြေးလေးလည်း အပြေးလွှားသွားကာ ရေအိုးစင်မှ ရေကို ခပ်ကာ သူ့အဖွားအား လှမ်းပေးလိုက်လေသည် အဖွားလည်း ရေတစ်ခွက်သောက်ပြီးရော မြေးဖြစ်သူက အဖွား အာ့ဒီမြွေတွေကို ဒမြကြီးက မကြောက်ဘူးလားဟင် ? အာ့ဒီမြွေတွေက ဒမြကြီးကို ကိုက်သေးလားဟင် ။ ဒီလောက်အန္တရာယ် များတဲ့ မြွေတွေကို ဘုရင်ကြီးက ဘာလို့ မွှေးထားတာလဲဟင် … မြေးလုပ်သူက မေးခွန်းတွေ တစ်ရစပ် မေးနေလေတော့ အေးအေး ဟုတ်ပြီ မြေးရေ နောက်နေ့မှ ဒီပုံပြင် အဆက်ကို ပြောပြရင် မြေးလေးသိသွားမှာပါ အဖွားဘည်း အလုပ်လုပ်စရာလေး ရှိသေးလို့ မြေးလေးလဲ သွားကစားချေအုံးကွယ် ဆိုပြီး ထသွားကြလေသည်။

ကျနော်လဲ နောက်နေ့မှ ဆက်ရေးပါဦးမည်
ခဏနားခွင့်ပြုပါ ခဗျား
khayae
MSC -079
credit;google image &facebook

တစ်ခါတုန်းကပေါ့ | Ecency