မိသားစု

khayae(51)
Published in
#myanmar
Words
84
Reading
1 min
Listen
Play
9y

ကျနော် နေထိုင်ခဲ့တဲ့ ရွာမှာ ကျနော် သတိထားမိတဲ့ သားအမိနှစ်ယောက် ရှိတယ် သူတို့ မိသားစု နှစ်ယောက်မှာ အမေလုပ်သူက ဈေးရောင်းပြီး စည်းပွားရှာတယ် သားလုပ်သူက ဆယ်တန်းကျောင်းသား ဆိုတော့ ကျူ ရှင် ကြေး နဲ့ သားအတွက်မုန့်ဖိုး အာဒါပြီးတော့ ဈေးရင်းစရာနဲ့ ဝမ်းစာပြသနာ အတွက် ရှာဖွေရတာက မိခင်ကြီးရဲ့ တာဝန်ပေါ့ ။

image

သားဖြစ်သူကို စာတတ်ပေတတ်ကြီး တစ်ယောက် ဖြစ်စေချင်တာကလည်း သူမဆန္ဒ အာ့ဒါကြောင့် အိမ်အလုပ်ကို ဘာဆိုဘာမှ မခိုင်းရက် ကျောင်းစာလုပ်နေတာတွေ့ရင်ကို သူမမှာ ပျော်လို့မဆုံးနိုင် ။

သားလုပ်သူက စာကြိုးစားယောင်ယောင်နဲ့ သူငယ်ချင်းအိမ်မှာ စာကျက်အုန်းမယ်ဆိုပြီ ဂီတာတီး သီချင်းဆို ဟေးလားဝါးလား နဲ့လျောက်လည်ပေါ့ စာကျက်ရင်လဲ အသံကျယ်ကျယ်နဲ့ကျက် တကယ်တန်းစာရလား ဆိုတော့ မရပါဘူး ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးခဲ့ပေါ့ စာမေးပွဲက နီးလာပြီ သူငယ်ချင်းတွေနဲ့ လဘက်ရေ ဆိုင်ထိုင် ဆေးလိပ်လေးတမျှမျှနဲ့ ဟိုကောင်မလေး အကြောင်းပြော ဒီကောင်မလေး အကြောင်းပြောနဲ့ အချိန်တွေ ဖြုန်းနေဆဲ ဘယ်လိုလုပ်ပြီး စာမေးပွဲ အောင်တော့မလဲ ။

image

သူတို့သားအမိနှစ်ယောက်ကိုကြည့်ရင်း စာဖတ်သူတို့ရော ဘယ်လိုခံစားရလဲဗျား

khayae
MSC - 079
credit;google image &facebook

မိသားစု | Ecency