ကောင်းရာရောက်ပါစေ ဦးလေးရေ

khayae(51)
Published in
#myanmar
Words
265
Reading
2 min
Listen
Play
9y

မင်္ဂလာပါ steem ညီအကိုများ ခဗျား ပြီးခဲ့တဲ့ အခေါက်က ကျနော့ အဖွားအကြောင်း ပြောပြခဲ့ပြီးပါပြီ ဒီတစ်ခါတော့ ကျနော့ ဦးလေးအကြောင်း ရေးချင်ပါတယ် အဖွားမွေးခဲ့တဲ့ သားသမီး တွေထဲမှာ ယောက်ျားလေး ဆိုလို့ ဦးလေး တစ်ယောက်ဘဲ ပါလို့ပါ ကျနော်ငယ်ငယ်က ကျနော့ ဦးလေးဟာ ကျနော့ကို အရမ်းချစ်ပါတယ် ကျနော်ကတော့ ဦးလေးကို အသေကြောက်ပါတယ် သူက အရက်မူးလာပီး အိမ်ပြန်လာပီဆို ကျနော့ကို ရှာတော့တာဘဲ ကျနော့ကို တွေ့ပီဆို အတင်းဖက်ပီး နှမ်းတော့တာဘဲ သူ့အနှမ်းကို ကျနော်မကြိုက်ပါ ဘာလို့လဲဆိုတော့ သူ့နှုတ်ခမ်းမွေးတွေ အရမ်းစူးလို့ပါဘဲ နှောက်ပီးတော့ အရက်နှံ့တွေကလည်း နံထောင်းနေတာ အာ့ဒီအနှံ့ကိုလဲ ကျနော်မခံနိုင်ပါ ထိုအရက်နှံ့ဘဲလားဆိုတော့ မဟုတ်သေးပါဘူး ဆေးလိပ်နှံ့ပါ ရောပါလာတော့ ဘယ်လိုနည်းနဲ့မှ ကျနော့အတွက် အဆင်မပြေ သူကတော့ ကျနော့ကိုချစ်တာကိုး ကျနော်လည်းဦးလေးကို ချစ်ပါတယ် ဒါပေမယ့် အသက်တော့ အောင့်နေရတယ် ခုနာက ပြောခဲ့တဲ့ အနှံ့တွေ မခံနိုင်လို့ပါ ။
image

ဦးလေးက အရက်မူးလာရင် အရမ်းသဘောကောင်းပါတယ် ကျနော့ကို မုန့်ဖိုးတွေလည်းအများကြီးပေးပါတယ် အရက်မူးလာရင် ကျနော့ကို ဆုံးမတာတွေကလည်း ရှည်လျား ထွေပြားပြီး လိုရာမရောက် အကြောင်းအရာ တစ်ခုကို အပ်ကြောင်းထပ် နေတော့တာဘဲ မင်းကြီးလာရင် အရက်မသောက်နဲ့ကွ အရက်သောက်တယ်ဆိုတာ မကောင်းဘူး မင်းကြီးလာရင် အရက်သောက်မှာစိုးလို့ ငါမင်းကိုသောက်ပြတာ ဆိုပြီးအစချီလိုက်တာ ကျနော်အိပ်ပျော်သွားတော့တာဘဲ မိုးလင်ရင်တော့ ကျနော့အခန်းထဲကို ကျနော်ရောက်နေတယ် ဘယ်ချိန်ထဲကရောက် နေမှန်းမသိဘူး တခါတလေ ဦးလေးကျနော့ကို ဆုံးမနေရင် ဦးလေးကို ကျနော် မေးခွန်းတွေ ပြန်ထုတ်ချင်တယ် ဒါပေမယ့် မမေးရဲဘူး ကျနော့ကို ဆူမှာရိုက်မှာ စိုးလို့ မျိုသိပ်ခဲ့ရတဲ့ မေးခွန်းတွေကလည်း မနဲဘူးဗျ ။
image

ဦးလေး မိန်းမယူတော့ ကျနော့ အမေက ဦးလေးကို မင်္ဂလာဆောင်ပေးခဲ့တယ် အိမ်ထောင်ကျပြီးတော့ ဦးလေးလဲ သူ့မိန်းမနဲ့ အိုးခွဲနေထိုင်တယ် အဲ့ဒီတုန်းက ဦးလေးက ကျောင်းဆရာပေါ့ဗျား တစ်နယ်ပီး တစ်နယ် ပြောင်းရွှေ့နေထိုင်ခဲ့တယ် ဦးလေးက သဘောလဲကောင်း စေတနာလည်းကောင်းတော့ ရောက်လေရာမှာ လူချစ်လူခင် ပေါများတယ် ဦးလေးရဲ့နာမည်က မောင်မောင်လေး လို့ခေါ်တယ် ရွာကလူတွေက ဆရာမောင်မောင် လို့ ခေါ်ကြတယ် ဆရာမောင်မောင်ဆိုရင် ကျနော်တို့ နယ်မှာမသိတဲ့လူမရှိဘူး အာ့လောက်ထိနာမည်ကြီးတယ် သူ့ဓါတ်ခံကလည်း သူတပါးကို ကူညီပေးတတ်တော့ အခက်ခဲရှိသူတွေဆို ကူညီလာတောင်ရင် ရှည်ရှည်ဝေးဝေးစဉ်းစားမနေဘဲ ကူညီပေးတတ်တယ် ။
image

ကျနော့ မေမေကိုတော့ သူက ဆိုးနွဲ့တတ်တယ် မေမေက စိတ်တိုလာပြီဆို နှင်အသေဆိုးနဲ့ သေမယ့်ကောင်လို့ ဒေါသတကြီးနဲ့ ပြောတတ်တယ် အာ့ဒိလိုပြောလိုက်ရင် ပြုံးတုံးပြုံးတုံးနဲ့ ကျနော်က အသေဆိုးနဲ့မသေပါဘူး မယုံရင် မမစောင့်ကြည့်ထားလိုက်လို့ ပြန်ပြန်ပြောတတ်တယ်ဗျား သူပြောတာလဲမှန်သား ဦးလေးအသက် ၃၁ နှစ်မှာဆုံးသွားခဲ့တယ် ဦးလေးက အခြားနယ်ဘက်တွေကို တာဝန်ကျပီး ကိုယ့်နယ်ကို ပြောင်းလာတော့ ငှက်ဖျားပိုးပါလာတယ် အာ့ဒီရောဂါနဲ့ဘဲ သူဆုံးသွားခဲတာ သူဆုံးမယ်နေ့ကျတော့ စကားတွေ တအားပြောတယ် ကျနော့မေမေနဲ့ မေမေ့ရဲ့အမ နဲ့ နှစ်ယောက်သား သူ့ဘေးမှာထိုင်ပေးခဲ့တယ် ။

image

ညဆယ်နာရီ အထိဟာ စကားတွေ ပြောကောင်းတုန်း ဆယ်နာရီခွဲလောက်ကျတော့ ခြေရင်းဘက်က တံခါးကို ဖွင့်ခိုင်းတယ် ကျနော်ပူနေတယ် တံခါးဖွင့်ပေးပါတဲ့ အာ့ဒါနဲ့ ခြေရင်းတံခါးကို ဖွင့်ပေးလိုက်တယ် ပီးတော့ညောင်းတယ် ထိုင်ချင်တယ်တဲ့ အာ့ဒါနဲ့ မေမေနဲ့ မေမေ့အမ က တွဲထူပေးလိုက်တယ် ခဏထိုင်ပီးတော့ ညောင်းတယ် လှဲတော့မယ်ဆိုဘဲ ဒီတော့ သူ့ကို အသာလေး ပြန်လှဲပေးလိုက်တယ် ပိးတော့ သူကပြောသေးတယ် အမတို့ ပင်ပန်းနေပီအိမ်လိုက်ကြပါအူးလားတဲ့ ကျနော်လဲ အိပ်ချင်နေပီတဲ့လေ သူအာ့လိုပြောလိုက်လို့လားမသိဘူး ကျနော့မေမေလည်း တအားအိပ်ချင်တာနဲ့ မှေးကနဲ အိပ်ပျော်သွားတယ် မေမေ့အမကတော့ မအိပ်ဘူး ဦးလေးလဲ အိပ်ပျော်သွားတယ် အာ့လိုအိပ်နေရင်းနဲ့ ဦးလေးရဲ့ ဇက်က တဘက်ကို စောင်းသွားတာ မေမေ့အမက မြင်လိုက်တယ် အာ့ဒါနဲ့ စိတ်ထဲထင့်နေတာနဲ့ မေမေ့ကို မေမေ့အမက နိုးလိုက်တယ် ဒို့မောင်အသက်ရှိသေးလားကြည့်လိုက်အုံးတဲ့ အဲ့ဒါနဲ့ အသက်ကလည်းမရှူ တော့ဘူး သွေးကြောစမ်းတော့လဲ မမိတော့ဘူး ဦးဆုံးသွားပီလို့ မေမေကပြောလိုက်တယ် ။

နှောက် pro မှာ ဦးလေးအကြောင်း ဆက်ရေးပါအုံးမယ်
credit;google image &facebook

khayae
MSC 079

ကောင်းရာရောက်ပါစေ ဦးလေးရေ | Ecency