အရူးတစ်ယောက်ရဲ့ ဝေဒနာ

khayae(51)
Published in
#myanmar
Words
95
Reading
1 min
Listen
Play
8y

image

တကယ်တော့ ကိုယ်ဟာ အရူးတစ်ယောက်လိုပါဘဲလား ကွယ် တွေးချင်တာတွေးပီး ရေးချင်တာတွေ ရေးနေမိတယ်လေ အာ့လိုနဲ့ အတွေးလေးက အခန်းတွင်းမှာ စိုက်ထားတဲ့ ပန်းပင်လေးဆီ အကြည့်ရောက်သွားတယ် အပွင့်လေးတွေ အဖူးလေးတွေ ကိုယ့်ဆီဖူးလာမလားလို့ မျှော်လင်နေမိတာလဲ ကြာပါပြီ ဒါပေမယ့် ကိုယ့်အတွက် ဖူးပွင့်ပေးမယ့် အပင်မဟုတ်မှန်း သိလာရတယ် 4day ago ဆိုရင် အပွင့်လေးက အာသွားလို့ အသုံးမဝင်တော့ဘူးလေ ပွင့်လာတိုင်းလဲ ဂရုစိုက်ဖော်မရတဲ့အပင်အတွက် များစွာ စိတ်မကောင်းဖြစ်ခဲ့မိတယ် ဒီလိုတွေးနေရင်း ပန်းရနံ့လေးက နှာခေါင်းထဲကို ရောက်လာခဲ့တယ် တော်တော်စူးရှတဲ့ ပန်းရနံ့တွေက ကိုယ့်ကို ရစ်မူးနေစေခဲ့တယ် နာကြင်မှုတို့က တစ်ဆစ်ဆစ်နဲ့ပေါ့ အာ့ဒီလိုနဲ့ အခန်းထဲက မှန်တင်ခုံဆီ ရောက်သွားခဲ့တယ် မှန်ထဲက ပေါ်လာတဲ့သူက သူစိမ်းတစ်ယောက် သူ့ကိုကြည့်လိုက်တော့လဲ စုတ်ပြတ်နှုံချာနေတယ် သိလိုက်ပါပြီ ငါမူမမှန်တော့ဘူးဆိုတာကိုပေါ့ တစ်ချိန်တုန်းကနဲ့ အခုလက်ရှိဘဝ ဘာကွာခြားခဲ့ပြီလဲဆိုတာ ငါသိခဲ့ရပါပြီ တစ်ချိန်တုန်းက ပန်းလေးပွင့်တိုင်း မိနစ်သုံးဆယ် ကျော်လာတာနဲ့ 2day ago မကူးခဲ့ဘဲ ယုယခဲ့တဲ့သူတစ်ယောက် အကြောင်း ခုတော့ ကောင်းကောင်း နာလည်သွားခဲ့ရပါပြီ အာ့လိုနားလည်လာတဲ့ အချိန်မှာ ငါသူ့နဲ့ ဘာကြောင့်ခုချိန်ထိ ဒီလိုဖြစ်နေရလဲပေါ့ ဟုတ်ပြီ သူ့လိုဘဲ ငါလဲ ခွဲခြား ထားလိုက်တော့မယ် ငါ့စိတ်တွေ ငါမေ့လို့ သွားခဲ့တဲ့ အရူး တစ်ယောက်ရဲ့ ဝေဒနာဘဲပေါ့ ခွဲခြားဆက်ဆံမှု ခံရတဲ့ ဝေဒနာ မင်းလေးဆီ မရောက်လာပါစေနဲ့ ပေါ့ကွယ်

credit;google image
khayae@khayae