အားနည်းသူကို ကူညီပါ

khayae(51)
Published in
#myanmar
Words
241
Reading
2 min
Listen
Play
9y

မင်္ဂလာပါ ညီအကိုတို့ ဘာလိုလိုနဲ့ pro ရက်ကိုတောင် ရောက်လာခဲ့ပြန်ပါပြီ တစ်နေ့တစ်ပုဒ် တောင် မရေးနိုင်တော့ ပါလားနော် သူများတွေကို အားကျနေမိတယ် ဒီတစ်လ နှစ်လ ပီးရင်တော့ တစ်နေ့တစ်ပုဒ် ပြန်ရေးမယ် ခုကတော့ ကလေးတွေ နွေကျောင်းပိတ်ချိန်ဆိုတော့ ဓမ္မစကူးလ်း နဲ့ ယဉ်ကျေးမှု သင်တန်းတွေ ပြနေရတော့ စာရေးချိန်ကို pro ရက်မှာတောင် မလွှတ်သွားအောင် မနှဲဖြဲရဲတင်နေရတယ်ဗျား အားလုံးကတော့ မအားကြဘူး ဆိုတာကိုလည်း နားလည်ပါတယ်ဗျား လူဆိုတော့လဲ အားတယ်ဆိုတာ သေမှဘဲ အားကြတာလေဗျား ။

image

မနက်မျက်လုံးနှစ်လုံး ဖွင်လိုက်တာနဲ့ စပီးအလုပ်လုပ်ပါ တော့တယ် မျက်နှာသစ် သွားတိုက် အိမ်ယာသိမ်း အစာစား အကုန်ခန္ဓာကိုယ် ကြီးကို စပီးလုပ်ပေးနေရတယ် ပီးပြန်တော့ အနှံ့အသက်မထွက်အောင် ရေချိုး အမွေးနံ့သာ တွေနဲ့ထုံ မွမ်းပြီး ဝတ်ကောင်းစားလှတွေ ဝတ်ကာ ခန္ဓာကိုယ် အကောင် ပုတ်ကို သရုပ်ဆောင်နေရပါတယ် ဒီလိုနဲ့ သမုဒ္ဒရာ ကြီးပမာ ဘယ်လောက်စားစား အာသာမပြေတဲ့ ဝမ်းဗိုက်ကြီးအတွက် ဥာဏ်ရေနဲ တဲ့သူတွေကျတော့ သမ္မာ အာဇီဝ မကျတဲ့ လုပ်ငန်းတွေနဲ့ အသက်မွေးကြပါတယ် တချို့ကျတော့လည်း အကုသိုလ်ကို ကုသိုလ်လို့ ထင်နေတာတွေလည်း ရှိပါသေးတယ် ။
image

ဘယ်လိုမျိုးလဲ ဆိုတော့ ကျနော် စာသင်နေချိန်က တောင်ပေါ်ရွာလေး တစ်ရွာကို ရောက်တော့ ထိုရွာက ဆွမ်းအိုးလာပို့တဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ကျနော့ မျက်နှာကို စတွေ့တွေ့ချင်း သူ့သားအရင်းလို ချစ်ခင် သွားပါသတဲ့ သူတို့ နေတဲ့ အိမ်ကိုလည်း အလည်ကြွခဲ့ဖို့ လျှောက်သွားသေးတယ် ကျနော်လဲ အာ့ဒီရွာကို ရောက်စ ဆိုတော့ ဘယ်မှ သိပ်မထွက်ဖြစ်သေးပါ နောက်တစ်နေ့ ကျတော့ ထိုအမျိုးသမီးကြီးက ကြက်သားဟင်း ချက်ပြီး ချိုင့်ကြီးနဲ့ ထည့်ကာ သားမောင်ပဉ္ဇင်း မယ်တော်ဒီနေ့ ကြက်သားချက်ခဲ့တယ်( ဆီပီ လား စီပီလား) အာ့ဒါမျိုးကြက် မဟုတ်ဘူး အိမ်မှာ မွေးထားတဲ့ ကြက်ကို ကိုယ်တိုင် သတ်ပီး ချက်ခဲ့တာ ။

image

ဗျာ--- ဘယ်လို ဒကာမက ကိုယ်တိုင် သတ်ခဲ့တာ ဟုတ်လား ? ကျနော်အရမ်းအံ့သွားသည် ဒကာမ အသက်က ခြောက်ဆယ်တော့ရှိရင်ရှိ မရှိရင် ခြောက်ဆယ်ကျော်လောက်ပြီ ဒကာမရယ် ဘာလို့ သူများအသက်ကို လိုက်သတ် နေရ တာလဲဗျား သူများအသက်သတ်ရင် ကိုယ့်ရဲ့ အသက်လဲ တိုတတ်တယ်ဗျ လို့ ကျနော်က ပြောလိုက်တော့ ဘယ်ကလာ ကိုယ်တော်ကလည်း ကုသိုရပါတယ်တဲ့ ဒကာမက အာ့လိုကိုလာလျှောက်တာ အမလေး ဘယ်လိုကုသိုလ် ရတာလဲ ပြောပါအုံးဆိုတော့ သတ္တဝါ ဆိုတာ လူချွတ်မှ ကျွတ်တာတဲ့ဗျား ။ ထိုအယူအဆများဟာ မှားသော အယူအဆဖြစ်ပီး ရက်စက်စွာ သတ်ဖြတ်ခြင်းကို အားပေးအားမြောက်ပြုသည့် မိစ္ဆာ ဒိဌိ အယူအဆ ဖြစ်ကြောင်း ရှင်းပြကာ နောင်ကို သူတပါးအသက်မသတ်ပါနဲ့ လို့ ပြောလိုက်ရလေသည်။

image

အာ့ဒါနဲ့ သတ္တဝါဆိုတာ သက်ရှိတွေ အားလုံးကို သတ္တဝါလို့ ခေါ်တယ် ဒကာမရေး တိရိစ္ဆာန် တွေ ကိုဘဲ သတ္တဝါလို့ ခေါ်တာဟုတ်ဘူး လူတွေလဲပါတယ်ဗျား ဒကာမ ပြောသလိုဆို သတ္တဝါ ဆိုတာ လူချွတ်ရင် ကျွတ်တယ်ဆိုတော့ ဒကာမကို လူတစ်ယောက်က လာသတ်ရင် ကျွတ်ရောလားဗျား လို့မေးလိုက်တော့ အူအူ အယ်အယ်နဲ့ ဖြစ်သွားတယ် သက်ရှိတို့ မည်သည် မိမိကို သတ်တော့မယ်ဆိုတာကို သိရင် သေရမှာကို သိပ်ကြောက်ကြပါတယ် တချို့တိရိစ္ဆာန်တွေဆို သတ်ခါနီးမှာ မျက်ရည်တွေကျလို့ ဘယ်လောက် သနားစရာကောင်းလဲဗျား ။ သူတပါး အသက်ကိုလည်း မိမိအသက်လိုဘဲ တန်ဖိုးထားကာ သတ္တဝါ အချင်းချင်း မေတ္တာ ထားနိုင်ကြပါစေ ။

MSC -079
khayae
credit;google image &facebook

အားနည်းသူကို ကူညီပါ | Ecency