တိုင်ကပ်နာရီလေးတစ်လုံး (KC Myanmar)

Words
239
Reading
2 min
Listen
Play
9y

IMG_9654.JPG

ရုံးကနေအိမ် ပြန်ရောက်တော့ ဧည့် ခန်းထဲကထိုင်ခုံမှာ ခြေပစ် လက် ပစ် ထိုင်ပြီး နား နေမိရင်း နံရံ ပေါ်မှာ ချိတ် ထားတဲ့ တိုင် ကပ် နာရီ လေးကို အမှုမဲ့အမှတ်မဲ့ ငေးကြည့်  နေမိတယ်...

အ တော် လေးကိုဟောင်း နေပြီဖြစ် တဲ့နာရီ လေးက တော့ အချိန် နာရီကို အမှန် ပြ နေဆဲပါပဲ...ဒီနာရီ လေးမှာ စက္ကန့် တံ မပါဘူးဆိုကို သတိထားလိုက် မိတယ်....ရှိတဲ့ နာရီလက် တံရယ် ၊ မိနစ် လက် တန် ရယ် ကို မရည် ရွယ် ပဲ အ တော် အကြာ လေး ကြည့်  နေမိပါတယ်...

အံ့သြစရာပါပဲ...

ကြည့်  နေရင်း အချိန် နာရီ တွေ ပြောင်းလဲသွား ပေမယ့်  ဘယ် လိုဘယ် ပုံ ဒီလက် တန် တွေ ရွေ့သွားသလဲဆိုတာကို မ တွေ့လိုက် ရဘူး...

ဒီအဖြစ် အပျက် လေးက ဘဝအတွက် သင် ခန်းစာ တစ် ခုကိုရလိုက် စေတယ် ဗျာ...ရောက် တာကိုသာ တွေ့ရပြီး သွားတာကို မမြင် စေနဲ့ဆိုတာပါပဲ...

လူအ တော် များများဟာ ဘဝမှာ ဖြစ် ချင် တာ တွေ အများအပြားနဲ့ ကောက် ရိုးမီးလို့ လုပ် နေတတ် ကြတယ်...ဖြစ် ချင် တွေကို အကျယ် တဝင့် ပြော နေကြတယ်...ဖြစ် ချင် တာကို လက် တွေ့ အ ကောင် အထည် ဖေါ်သူက တော့ခပ် ရှားရှားပဲ...

IMG_9655.JPG

ဖြစ် ချင် တာ တွေကို စတင် လုပ် ဆောင် ကြပြန် တော့လည်း လုပ် တုန်းခဏ စိတ် လှုပ် ရှားပြီး အားစိုက် တတ် ကြပါတယ်...

လုပ် ရင်းကိုင်း ရင်း အခက်အခဲ လေး တွေ တွေ့လာကြ တော့ တဖြည် ဖြည်း သွေး အေးလက် လျော့လာတတ် ကြပါတယ်...

ဒါ ကြောင့်  တိုင် ကပ် နာရီ လေးက...

လုပ် ချင် တာ တွေ...ဖြစ် ချင် တာ တွေကို ဟောင် ဖွာ ဟောင် ဖွာ ပြော မ နေ တော့ပဲ ခရီးပန်းတိုင် အဆုံးထိ ရောက် အောင် အားမ လျော့ပဲသွားဖို့...သွားတာကိုမမြင် ရပဲ ရောက် တာကိုပဲမြင် ရခြင်းအားဖြင့်  လမ်းညွှန် ပေး နေပါတယ်...

IMG_9656.JPG

ဘဝဆိုတာ ခရီးလမ်းတစ်ခုပါပဲ....မွေးဖွားလာကတည်းက လျှောက်လှမ်းလာခဲ့လိုက်ကြတာ...တစ်နေ့မှမအား မရပ်မနားပဲ...

ဖြေရှင်းစရာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ပေါ့....အောင်မြင်ခဲ့တာတွေရှိသလို ကျရှူံးခဲ့တာလဲ ဒုနဲ့ဒေး...

ရလိုက်တဲ့ ဘဝသင်ခန်းစာတွေ...ပျော်ရွှင်ခြင်း....ဝမ်းနည်းခြင်း....ချစ်ခြင်း...မုန်းခြင်း....ရေတွက်မနိုင်တဲ့ ခံစားချက်တစ်ပွေ့တစ်ပိုက်ကို ရင်မှာပိုက်ထားတယ်လေ...

ရေဖန်ခွက်တစ်ခွက်ထဲ လက်ချောင်းလေးကို ထည့်ထားချိန်မှာ ဒီရေခွက်ထဲမှာ ကိုယ့်လက်ချောင်းအတွက် နေရာတစ်ခုရှိနေပေမယ့်...ရေခွက်ထဲကနေ လက်ချောင်းလေးကို ဖယ်ထုတ်လိုက်တဲ့အချိန်မှာ...လက်ချောင်းလေးရဲ့နေရာကိုအစားထိုးပြီးပြန်လို့ပြည့်သွားမှာပါ...

ကိုယ်ဟာ ဘယ်နေရာအတွက်မှ မရှိမဖြစ် မဟုတ်ဘူးဆိုတာကို နားလည်လာတဲ့အချိန်မှာ...ကိုယ်ဟာဧည့်သည်ပဲဆိုတာကိုလက်ခံလာနိုင်ပါတယ်။

တကယ်ပါပဲ...များပြားလှတဲ့ ဘဝအတွေ့အကြုံတွေကို တစ်လှေကြီး ရယူခံစားကျော်ဖြတ်ရင်း...ခွင့်လွတ်ခြင်း...ခေါင်းထဲမှာအမှတ်မထားတော့ခြင်း...ဥပက္ခာတရားတွေနဲ့ ဆက်လက်လျှောက်လှမ်းရင်း....

တစ်ချိန်ချိန်တော့ဘဝခရီးအဆုံးကို ရောက်ရမှာပါပဲလေ...

KC Myanmar

photo: google image

တိုင်ကပ်နာရီလေးတစ်လုံး (KC Myanmar) | Ecency