အမှားတွေကနေသင်ခန်းစာယူမယ် (KC Myanmar)

Words
133
Reading
1 min
Listen
Play
9y

11DB467D-34BB-4124-BBE8-B882BABDA6E5.jpeg

မသိလို့ မှားခဲ့တယ်။ အောင်မြင်မှုတွေ ကျဆင်းတယ်။ အခွင့်အရေးတွေကို လက်လွှတ် ဆုံးရှုံးကြရတယ်။ ဒီအဆိုးတွေအထဲကနေ အကောင်းပြန်ရဖို့ကတော့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အထဲကနေ သင်ခန်းစာကို ယူတတ်ဖို့လိုပါတယ်။

လဲကျခဲ့ရင် အချိန်မှီပြန်ထနိုင်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် သနားတတ်ပြီး drama တွေခင်းတတ်တာဟာ အကျိုးသိပ်မရတတ်ပါဘူး။ ကိုယ့်အဖြစ်လောက်ဆိုးတဲ့သူ ဒီကမ္ဘာကြီးမှာ မရှိတော့ဘူးဆိုပြီး ဝမ်းနည်းပက်လက်ဖြစ်ကြတာဟာ လဲနေရာက ပြန်ထနိုင်ဖို့ မကျိုးစားချင်တော့တဲ့သူတွေရဲ့ ဆင်ခြေတွေပါပဲ။

မမှားဖူးတဲ့သူ မရှိပါဘူး။ အမှားကိုမြင်ပြီး အမှန်ကို ပြင်နိုင်ဖို့လိုပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သတိထားစေချင်တဲ့ အချက်တစ်ခုရှိပါတယ်။ အဲ့ဒါက မမှားဖူးတဲ့သူမရှိပေမယ့် အမှားများတဲ့သူနဲ့ အမှားနည်းတဲ့သူ ဆိုတာတော့ ရှိပါတယ်။

ဒီခေတ်ဒီအခါအတွက် ဒီအရာဟာ အဓိကသော့ချက်ပါပဲ။ အခုခေတ်က infomation age လို့တောင် တင်စားနေရတဲ့ အချိန်ဖြစ်ပါတယ်။ အဖြစ်အပျက် အကြောင်းအရာစုံစုံလင်လင်ကို အလွယ်တကူ ကိုယ့်ရဲ့လက်ချောင်းထိပ်လေးနဲ့ ပွတ်ပြီး ရှာဖွေယူလို့ရတဲ့ အချိန်အခါကို ရောက်နေပါပြီ။

50E5FC03-C65F-47A2-B719-7939075B89A0.jpeg

ဒီလို အချိန်မျိုးမှာ အမှားတွေကနေ သင်ခန်းစာယူဖို့ ဘာလို့ အမှားတွေကိုမှားကြည့်ကြတော့မှာလဲ။ အမှားကနေ သင်ခန်းစာယူမယ် ဆိုတဲ့ စကားဟာ ကိုယ့်အမှားကနေ ကိုယ်သင်ခန်းစာယူမယ်ဆိုတဲ့ဘောင်ကိုကျော်ပြီး နားလည်ဖို့လိုနေတဲ့ အချိန်ကိုရောက်လာပါပြီ။

အခုဆိုရင် ကိုယ့်အရင် သူများတွေလုပ်ခဲ့ကြတဲ့ အမှားတွေကို ကိုယ်ကိုယ်တိုင်မလုပ်မိခင်မှာ ကြိုတင်လေ့လာလို့ရတဲ့အချိန်ကို ရောက်နေပါပြီ။ သူတို့တွေ ဘယ်လိုအခြေအနေမှာ ဘယ်လိုလုပ်စရာတွေကို ဘယ်လိုလုပ်ခဲ့ကြလို့ ဘယ်လိုအမှားတွေနဲ့ ကြုံခဲ့ကြတယ်ဆိုတဲ့ အရာတွေဟာ လွယ်လင့်တကူ ရှာဖွေလေ့လာနိုင်တဲ့အချိန်ကိုရောက်နေပါပြီ။ ကိုယ်တိုင် မှားကြည့်ပြီးမှ သင်ခန်းစာယူရမယ်ဆိုတဲ့ အချိန်ကာလဟာ ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပါပြီ။

9B331FDD-7814-4497-A0C9-4AED49981239.jpeg

ဒါကြောင့် lesson learned ဆိုတဲ့ ကိုယ့်အမှားကိုသင်ခန်းစာယူဖို့ပဲ အာရုံမစိုက်ကြတော့ပဲ lesson study လို့ခေါ်တဲ့ ကိုယ့်အရင် လူတွေ လုပ်ခဲ့ဖူးတဲ့ အမှားတွေကို ကိုယ်နဲ့ သင့်လျော်တဲ့ အပိုင်းတွေမှာ လေ့လာဆွေးနွေး သင်ခန်းစာ ယူတတ်ကြမယ်ဆိုရင် အမှားမကင်းတဲ့လောကမှာ အမှားနည်းပြီး အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်ဆိုတဲ့ အတွေးအမြင်လေးကို ဖလှယ်လိုပါတယ်။

(ချွင်းချက်အနေနဲ့ကတော့ မှားမှန်းသိရဲ့နဲ့ ကြိုက်လို့လုပ်နေတတ်တဲ့ အရာတွေကိုတော့ မဆိုလိုချင်ပါဘူး။)

Author: KC Myanmar
Photo: Google Image

အမှားတွေကနေသင်ခန်းစာယူမယ် (KC Myanmar) | Ecency