UGM 96 Ultra Mobile Guitar &Microphone 24 bit USB Audio Adapter

Words
115
Reading
1 min
Listen
Play
4y

Hive myanmar အဖွဲ့သားများအားလုံး မင်္ဂလာပါ

ဒီနေ့ အိမ်သန့်ရှင်းရေးလုပ်ရင်း စင်္ကာပူမှ ဆရာအကိုတစ်ယောက် လက်ဆောင်ပေးထားခဲ့တဲ့ UGM 96 Ultra Mobile Guitar & microphone 24-bit USB Audio Adapter လေး ပြန်တွေ့တယ် ဒီကောင်လေးလည်းသိပ် မသုံးဖြစ် Guitar တောင် ကိုင်ချိန်သိပ်မရှိ ဒါ့ကြောင့် သိမ်းထားခြင်းဖြစ်သည်။

ဒီ Audio Adapter လေးကို အရမ်းကြိုက်တယ် ။Computer နဲ့တွဲသုံးရတဲ့ Adapterလေးဖြစ်ပါတယ်။ Computer မရှိရင်တော့ သိပ်အဆင်မပြေဘူး။ Electric Guitar မရှိတောင် ဟော်လို ဂစ်တာလေးနဲ့ Electric Effect အသံထုတ်လို့ရတယ်။ microphone အပေါက် တပေါက်နဲ့ guitar effect အတွက်တပေါက် ပါရှိပါတယ်။

ပစ္စည်းပါလာ တဲ့အထဲမှာ သူ့ catalogue စာအုပ် နှင့် CD ၂ချပ် serier No ၁ခု USB ကြိုး တစ်ချောင်း နှင့် သူ့ဆိုင် Name Card လေးတစ်ခု တို့ပါဝင်ပါတယ်။
ဖုန်းအတွက် Application ရှိလားဆိုပြီး ရှာကြည့်သေးတယ် မရှိလို့ Computer နဲ့ပဲ တွဲသုံးနေရတယ်။

ပထမ Installation လုပ်တဲ့အချိန် တော်တော် တိုင်ပတ်သွားတယ် youtube ပြန်ကြည့်မှပဲ အဆင်ပြေတယ်။
ကိုယ်မသိတဲ့ အကြောင်းအရာ အားလုံးကို youtube တို့ google တို့ကိုပဲ အားကိုးနေရတယ်။အခုချိန်ထိပဲစိုပါတော့။အရင်တုန်းက ဘာပဲလိုလို ရန်ကုန်လမ်းညွန်နှင့် မန္တလေး လမ်းညွှန်လိုပဲ။ 😃 အခုတော့ ဘာပဲလိုလို youtube နှင့် google ရှိရင် အဆင်ကိုပြေလို့။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ဖတ်ရှုပေးတဲ့အတွက်။

kaungsett8388@kaungsett8388
26.11.2022

UGM 96 Ultra Mobile Guitar &Microphone 24 bit USB Audio Adapter | Ecency