Printer Ink Red Light error & Paper Jam error Repair !

Words
172
Reading
1 min
Listen
Play
4y

Hive Myanmar မှအဖွဲ့သားများ အားလုံးမင်္ဂလာပါ

တနေ့တနေ့ printer တွေကြီးပဲ ပြင်နေရတယ်။ယခုပြုပြင်တဲ့ printer ဆိုရင်ဖြင့် paper jam ဖြစ်ခြင်း ၊စာရွက်ထွက်တာ နှောင့်နှေးခြင်း ၊ Ink red light ပေါ်နေခြင်း တို့အကြောင်းအား ပြုပြင်ပြီး ၍ တင်ပြဆွေးနွေးခြင်ပါတယ်။

paper Jam ဖြစ်ခြင်းနှင့် စာရွက်အထွက် နှေးခြင်း ...

ထိုသို့ဖြစ်ရခြင်းသည် စာရွက်ထွက်သည့် ဖော့ဘီး roller များ ညပ်/ကြပ် နေ၍ ကြောင့်ဖြစ်သည်။ဤအရာ ကို ပြုပြင်မည်စိုပါက printer ၏အနောက်ဖက် မှင်စုတ်ဖော့ ထဲ့ထားသည့် Tank ၏ screw အား အရင်ဖြုတ်၍ Tankအားထုတ်ပေးရမည်။

ပြီးနောက် Tank အားထုတ်လိုက်ချိန်တွင် paper roller အား စပရိန်နှင့် ချိတ်ဆက်ထားသည် ကိုတွေ့ရမည်။ ထိုစပရိန်အား အရင်ဖြုတ်၍ paper roller အား ဖိ၍ထုတ်ယူရမည်။

ထုတ်ယူပြီးသော paper roller ၏ ဘီးလေးအား ရှေ့နှင့်နောက်အား လှည့်ပေးရ မည်။ ဘီးအတွင်း၌ ရှိနေသော ကော်နာသံချောင်းအား ထုတ်ပြီး သန့်ရှင်းရေးပြုလုပ်ပေးရမည်။

ထိုသို့ သန့်ရှင်းရေးပြုလုပ်ပြီး ပြန်လည် တပ်ဆင်ပြီးပါက paper jan ဖြစ်ခြင်းနှင့် စာရွက်ထွက်နှေးခြင်း ပြုပြင်မှု ပြီးဆုံးပါသည်။

ink red light error ပြုပြင်မည်စိုပါက အဆင့် ၃ဆင့် လောက် သိထားရမည်။

ပထမအဆင့်

ink tank ထဲတွင် ဆေးရှိမရှိပထမဆုံး ကြည့်ရမည်။ဆေးရှိသည်စိုပါ

ဒုတိယအဆင့်

power ခလုတ် နှင့် ink red light လေးအား
15 စက္ကန့်လောက် ဖိထားပြီး red light လေး အား ပြန်လည် နှိပ်ပေးရမည်။ ထိုအဆင့်အား အသုံးပြု၍ မရပါက

တတိယအဆင့်

power ခလုတ်နှင့် colour Copy ကူးသည့် ခလုတ်လေးအား အပြိုင် ဖိ၍ 10 စက္ကန့် လောက် ဖိပြီး လွှတ်၍ red light လေးအား ဖိလိုက်ရင်ဖြင့် red light လေးပျောက်သွားပါက error အား ဖြေရှင်းမှု အဆင့် ပြီးဆုံးပါသည်။

ကျွန်တော်လည်း ထိုအဆင့်ဖြင့် အဆင်ပြေသွားပါသည်။

If you like my post, please follow and vote...

အားလုံးကိုအစဥ်အမြဲ လေးစားလျက်
ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
ကံကောင်းသောနေ့လေးဖြစ်ပါစေ
အားလုံး ကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေ
kaungsett8388@kaungsett8388
23.10.2022 (2:00) AM

Printer Ink Red Light error & Paper Jam error Repair ! | Ecency