အားလုံးပဲမင်္ဂလာပါလို့ ပထမဆုံးအနေနဲ့ပြောချင်ပါတယ်။အားလုံးပဲနေကောင်းကျန်းမာပါစေလို့ ဦးစွာပထမနှုတ်ခွန်ဆက်သပါရစေ။ကျွန်တော်အနေနဲ့ Hive Myanmar မှာ စာမရေးဖြစ်တာ အတော်လေးကြာခဲ့ပါပြီး။ပျင်းတာကတစ်ကြောင်း ဒီရက်ပိုင်အတွင်း Game ဘက်စိတ်ကရောက်နေတာနဲ့ပဲ စာရေးတဲ့အပိုင်ဘက်ကိုမလှည့်ဖြစ်ဘူး။
စာကိုပုံမှန်မရေးဖြစ်တာနဲ့ပဲ ဘယ်ကနေဘယ်လိုကိုစဥ်းစားပြီးရေးရမယ်မှန်းကိုမသိဖြစ်လို့နေပါတယ်။မရေးဖြစ်တာနဲ့ Risingstar နဲ့ Actifit အဲနှစ်ခုတာ တစ်ရက်နဲ့တစ်ရက်ကုန်ဆုံးလို့နေပါတယ်။ RS post အနေနဲ့ကလဲ ခုရက်ပိုင် vote လေးလာနေလို့သာခံသားပေးမယ့်လဲ foxon ကြီးကလဲ အချိန်အတော်ကြာလေးပျောက်ဆုံးနေပါတယ်။
စာရေးဖို့အတွက်နဲ့လဲ Hive စျေးကြည့်လိုက်တိုင် လူကအလိုလိုကို စာရေးချင်တဲ့စိတ်ကပျောက်ပျောက်သွားနေပါတယ်။အာနဲ့ပဲ MLထဲမှာပဲတနေ့တနေ့ အချိန်တွေဖြုန်းမိနေပါတယ်။အချိန်တွေဖြုန်းမိနေတော့ Hive ဘက်ကို RS နဲ့ Actifit တင်ဖို့လောက်နဲ့ Vote ပေးဖို့လောက်သာ ရောက်ဖြစ်နေပါတယ်။
ဒီနေ့မှာတော့ စိတ်ကိုဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ML ကိုအချိန်တော်ကြာအောင် ခနမေ့ထားပြီးတော့ Hive ဘက်ကို စာရေးဖို့အတွက်အားထည့်အောင်ကြိုးစားရပါဦးမယ်။ပြီးခဲ့တဲ့ရက်ပိုင်မှာလဲ အကြောင်းအမျိူးမျိုးကြောင့် HP ၁လနီးပါးထိကို power down ဖြစ်ခဲ့ပါတယ်။
Power Down မိသွားတဲ့ Hive တချိူ့ကိုလဲ ပြန်လှည်ဖြည့်တင်းဖို့အတွက် ရုန်းကန်ရမယ်ဆိုတဲ့ အသိလေးကဝင်လာတာနဲ့ပဲ စာရေးဖို့အတွက် အားဖြစ်သွားစေခဲ့တယ်ဆိုတာမမှားဖူးလို့လဲ ပြောလို့ရပါတယ်။တခြားသော community ဘက်ကိုလဲလှည့်ဖြစ်အောင်ကြိုးစားရပါဦးမယ်။အားလုံးပဲကောင်းမွန်တဲ့နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
@kaunglay2
1:30AM