bdvoter ကြီးကဘယ်လို rule တွေနဲ့သတ်မှတ်ပြီးတော့ post တွေကို ဘယ်လိုစီမံခန့်ခွဲနေတာလဲ splinterlands ဘက်ကတော့ bdvoter ဆိုတာကို သိလဲမသိသလို support အနေနဲ့လဲ မထားရှိသလို control လဲ မလုပ်ထားဘူးလို့ သိရပါတယ်။
bdvoter အနေနဲ့ သူ့သဘောသူကို splinterlands ရဲ့ post တွေကို vote လိုက်ပေးနေပါတယ်။သူ့ရဲ့ community ကဘယ်လို စီမံခန့်ခွဲနေလဲဆိုတာ မသိဘူးဖြစ်နေတယ်။bdvoter ကြီးကလဲ သူ့လုပ်ချင်ရာတွေ လုပ်ပြီးတော့ user တွေအပေါ်မှာ ဖြေရှင်းချက်လေး တောင် မပေးဘူးဖြစ်နေပါတယ်။
တခြားသော community က admin တွေကတော့ downvote မလုပ်ရသေးခင် ment မှာတခုခုလောက်သတိပေးစာလေး ပို့တယ်။ဒါကိုထပ်ပြီးတော့ မလုပ်ဖို့ကိုလဲ သတိပေးစာလေးတွေပို့ပါတယ်။ကျတော်အစတုန်းကတော့ List token ရဖို့အတွက် hivelist ဆိုတဲ့ tag တွဲခဲ့ပါတယ်။
နောက်တော့ hivelist ဘက်ကနေပြီးတော့ ကျတော်ရေးတဲ့ ဆောင်းပါးတွေက သူတို့ရဲ့ tag မှာ မဆိုင်ဘူးလို့ နောက်တစ်ကြိမ်မှာ tag မတွဲဖို့ကို လာရောက်သတိပေးတာကိုကြုံဖူးခဲ့ဖူးပါတယ်။ပထမဆုံး သတိပေးစာကိုတော့ ကျတော် အမူမဲ့အမှတ်မဲ့နဲ့ မဖတ်ဖြစ်လောက်ဘူး။
image link
နောက်နေ့မှပဲ hivelist ကဘာလို့ downvote လာလုပ်လဲလို့ ကြည့်လိုက်တဲ့အခါမှာ post ရဲ့မန့်မှာ ဘာကြောင့်လုပ်ထားတယ်ဆိုတာ သူ့အနေနဲ့ ရှင်းပြပြီးတော့ နောက်တစ်ခါထပ်မလုပ်ဖို့ သူ့အနေနဲ့ သတိပေးခဲ့ပါတယ်။
ကျွန်တော်ကလဲ နောက်postတွေမှာ ထို tag တွဲခြင်းကိုမလုပ်ဖြစ်ခဲ့တာ ယနေ့အချိန်ထိပါပဲ၊ယနေ့အချိန်ထိပဲ hivelist ကနေပြီးတော့ post တွေကို downvote မလုပ်တော့ပါဘူး။post တွေကို ပုံမှန်အတိုင်းပဲ ဆက်တင်နေခဲ့ပါတယ်။
bdvoter အနေနဲ့ အပေါ်ကလို ဘာတစ်ခုပဲ အသိမပေးပါဘဲနဲ့ အကောင့်တွေကို သူ့သဘောလိုက် Ignored လုပ်လုပ်ပြီးတော့ downvote တွေက လိုက်ပေးနေခဲ့ပါတယ်။တချိူ့ post လွှတ်သွားခဲ့မိရင်တောင် ထိုpost တွေကို ကြည့်ကြည့်ပြီးတော့ post တင်မကဘဲ၊ကိုယ်က post တစ်ခုမှာ မန့်မိင်ရင်တောက် ထိုment ထိကို downvoted လာလာ ment နေတယ်။
splinterlands ဆော့တဲ့သူတွေအနေနဲ့ bdvoter ကြီးကနေ vote ရနေသည်ရှိသော် သတိထားစေချင်ပါတယ်။bdvoter အနေနဲ့ post တွေမှာ #thgaming #oneup #archon ပါတဲ့ post တွေကိုအများစု vote တာကိုတွေ့ရပြီးတော့၊အဲထဲက တစ်ခုခု မtag ထားရင်တော့ လာရောက် vote ခြင်းမရှိပါဘူး။အခုတော့ MM က နောက်တစ်ယောက်ထိသွားကို သိရှိရပါတယ်။စိတ်မကောင်းပါဘူးဗျ။
တနည်းမဟုတ် တနည်းပြန်ကြိုးစားကြည့်ပါ
23:00PM
@kaunglay2