New Stardomplay game similar to risingstar

Words
126
Reading
1 min
Listen
Play
4y

Hive-Myanmar Community အဖွဲ့သားများ အားလုံးပဲမင်္ဂလာပါဗျ။ဒီနေ့မှာတော့ ကျွန်တော်နောက်ထပ် game အသစ်တစ်ခုကို စတင်ဆော့ပါပြီး။ဒီgame ကတော့ STARDOMPLAY လို့ခေါ်ပါတယ်။ဒီ gameအမျိူးအစားကတော့ #Play2earn game ပါပဲ။

ဒီဂိမ်းလေးက Risingstar နဲ့ပုံစံတူပါပဲ။ နောက်Risingstar လိုတောင်ထင်မှတ်ရလိုက်အောင်ကို တီထွင်ထားတဲ့ပုံစံက အတော်ကိုဆင်တူလွန်ပါတယ်။ကျွန်တော်ကိုယ်တိုင်ကလဲ Risingstar ကိုဆော့နေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ဒီဂိမ်းလေးကိုမြင်မြင်ချင်မှာပဲဆော့လိုက်ပါတယ်။

Risingstar လိုဆော့ရတာ အပန်းမကြီးပါဘူး။ Missionsလေးတွေကလဲ RS စဆော့သလိုပဲပါ game ကိုစတင်လိုက်တာနဲ့ ကိုယ်မှာ fan 10 နဲ့ Ego 10 လေးပေးထားပါတယ်။ အရင်ဆုံး Zone Mission ကနေ fan အလိုက် Casting Call ကိုနှိပ်ပေးရပါမယ်။ထို mission ကတော့ ကြာချိန် 5min ရှိပြီးတော့ STARDOM Token 1 to 15 ခု ရရှိပါမယ်။

Casting Call Mission အတွက် Energy 15%ကုန်ကျပါမယ်။ထို Energy အတွက် experience reward 10 ခုရရှိပါမယ်။ Ego အနေနဲ့တော့ Level မရှိသေးအတွက် reward အနေနဲ့တော့ ပေးမထားသေးပါဘူး။ဂိမ်းကတော့ ထွက်တာမကြာသေးဘူးလို့ မြင်မိပါတယ်။

Risingstar ဆော့နေတဲ့ မိတ်ဆွေတွေအတွက်တော့ ထိုဂိမ်းကို ဆော့ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ Risingstar လိုပဲဆော့ရမယ်ဆိုတော့ အခက်အခဲတစ်စုံတစ်ရာ မရှိဘူးလို့မြင်မိပါတယ်။နောက်တစ်ခုကတော့ post တင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ လမ်းပွင့်သွားပြီးလို့လဲ ယူဆမိပါတယ်။

ကျွန်တော်အနေနဲ့ကတော့ အခုအချိန်ကစပြီးတော့ တစ်ရက်ကို 3post လောက်ထိ တင်လို့ရသွားတော့ ပျော်ရွှင်မိပါတယ်။ လက်ရှိမှာတော့ ထိုgame ကတော့ free အနေနဲ့ဆော့လို့ရနေပါပြီး။ Post တင်ဖို့အတွက် ရှာနေတယ်ဆိုရင်တော့ ဒီဂိမ်းလေးကိုဆော့ဖို့အကြံပြုပါတယ်။

အားလုံးပဲ ကောင်းမွန်တဲ့နေရက်လေးတွေပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
​
စိတ်ဝင်စားလို့ဆော့ချင်တယ်ဆိုရင်တော့ အောက်ကလင့်ကနေ ဝင်ရောက်ဆော့ကစားနိုင်ပါတယ်။

https://stardomplay.com/?invitedBy=kaunglay2

game ကစားရင် Hive Power တွေစုဆောင်လိုက်ရအောင်။

kaunglay2@kaunglay2

New Stardomplay game similar to risingstar | Ecency