လိပ်လို့ပဲသွားရသွားရ ဆက်သွားမယ်

Words
103
Reading
1 min
Listen
Play
4y

စာရေးရတာပျင်းလို့နေပါတယ်။ပျင်းနေရတဲ့ထဲမှာ ecency ကလဲ တစ်ရက်ခြားတစ်ခါဆိုသလိုပဲ boost ခွင့်ပေးထားလားမသိပါဘူး။နေ့တိုင်း boost လို့ မရဘဲ တစ်ရက်ခြားတစ်ခါပဲ boost ရနေပါတယ်။

တစ်ရက်ခြားတောင် point အနည်းဆုံးနဲ့ boost တာကို တချိူ့ရက်တွေဆိုရင် boost တာမရဖြစ်လို့နေပါတယ်။ecency အနေနဲ့ HP delegated မလုပ်ထားတော့ ကိုယ်တွေမရဖြစ်လို့နေတာလား။ဆိုင်မယ်မထင်ပါဘူး။

boost မရတော့လဲ ကိုယ်လုပ်စရာရှိတဲ့အလုပ်ဆက်လုပ်ရတော့မှာပေါ့၊ပုံမှန်လေးပဲဆက်သွားနေပါတယ်။boost ရတာ မရတာ ပေးတာမပေးတာကတော့ ကံတရားပေါ့ ကိုယ်အလှည့်ကျမှ power မလောက်ငှတာလဲ ဖြစ်နိုင်ပါတယ်။

အဓိက ကတော့ ကိုယ်တွေစာရေးစရာရှိတာ ရေးမယ်။တင်စရာရှိတာတင်ရမယ့် အလုပ်ကကိုယ်တာဝန်ပါပဲ၊post တခုကို ဘယ်လောက်ပဲရရပေါ့ဆက်တင်ပါဦးမယ်။တချိန်ချိန်မှာတော့ ကိုယ်လိုချင်တဲ့ ပန်တိုင်ဆီကို ရောက်ကိုရောက်ရမှာပါ။

ဆိုတော့ ဒီနေ့မှာတော့ saving ထဲကို နောက်ထပ် 10$ ထပ်ထည့်နိုင်ခဲ့ပါတယ်။post ကနေ ရတဲ့ 10$ လုံး saving ထဲကို ထည့်ထားလိုက်တာပါ။ကိုယ်မှာလဲ တခြား အရေးကြီးတဲ့အပိုင်တွေမရှိတာရယ်ကြောင့် ထည့်လိုက်တဲ့သဘောပါပဲ။

Splinterlands ကနေ 2ပတ်လောက် bdvoter ကြောင့် post မတင်ဖြစ်လိုက်တော့ ဝင်ငွေအတော်နည်းသွားခဲ့ပါတယ်။ပုံမှန်ဆိုရင်တော့ ဒီအချိန်မှာ saving ထဲကို ဒီထပ်များများ ထည့်နိုင်ဦးမှာပါ။ နောက်လည်ထပ်ထည့်နိုင်အောင်ဆက်ကြိုးစားပါဦးမယ်။

အရင်ဆုံး target ကတော့ saving ထဲကို $100 ထည့်နိုင်အောင်စုဆောင်နေပါတယ်။ဒီနေ့မှာတော့ အဲ target က 50% ပြီးမြောက်ခဲ့ပြီးလို့ ပြောလို့ရပါတယ်။ဘာပဲဖြစ်ဖြစ် saving ထဲကို $100 ကနေ $200 ကနေ $300 ရအောင်ထည့်နိုင်အောင်ကြိုးစားပြီးတော့ ရရင်ရသလို HP လဲစုဆောင်ထားပါတယ်။

kaunglay2@kaunglay2
22:00PM

လိပ်လို့ပဲသွားရသွားရ ဆက်သွားမယ် | Ecency