ဘာဆက်ပြီးတော့ လုပ်ရမလဲ

Words
113
Reading
1 min
Listen
Play
4y

အခုလက်ရှိအနေအထားအရ ဘာလုပ်လို့ဘာကိုင်ရမယ်မသိဘူးဖြစ်နေပါတယ်။စိတ်ဓာတ်ကျနေတယ်လို့ ပြောရင်မှန်ပါလိမ့်မယ်။သေသေချာချာလေး ဂရုတစိုက်လုပ်ခဲ့တာကို ကံဆိုးသွားတယ်လို့ ပြောရမလိုပါပဲ။

ကံဆိုးသွားတယ်လို့ ပြောလို့ရပေမယ့်လဲ အဆိုးထဲကအကောင်းဆိုပြီ ဖြေသာရပါဦးမယ်။ဒါပေမယ့်လဲ လူကတော့ အရင်နေ့တွေကတည်းက လူက ဖျားနေတာ ၄ရက်လောက်ရှိနေခဲ့ အခုမှလူက နလံထနိုင်ခဲ့ပါတယ်။

အခုလို နလံထနိုင်တုန်ရှိပါသေးတယ်။bdvoter ကြီးက ဘာမှလဲအကြောင်းကြားချင်မရှိသလို အခုလိုကြီးလုပ်ချလိုက်တာကတော့ အတော်ခံပျင်းနေပါတယ်။ဘာဖြစ်တယ်ဆိုပြီးတော့ သတိပေးစာလေးတော့ အရင်လာသင့်တယ်လို့ ထင်ပါတယ်။

Support လုပ်နေတယ်ဆိုပေမယ့်လဲ Rule လေးတော့ ရှိသင့်တယ်လို့ မြင်မိပါတယ်။အခုဟာက ဖြေရှင်းချက်လေး မလာသေးဘူး။Discord မှာလဲ ဘာကြောင့်ဒီလိုလုပ်သွားလဲဆိုပြီးတော့ မေးပြန်ပါသော်လည်း ၁ရက်ပြည့်တဲ့အထိ Reply မပြန်သေးဘူး။

Splinterlands ကတော့ အစတုန်းကတော့ ဘာမမသိ ညာမသိနဲ့ တစ်ပတ်ကို 4 post ထိတင်ခဲ့တယ်။ကိုယ်ကလဲ challenge တစ်ခုကို 2 upvote ထင်ခဲ့တယ်။ပထမတော့ တင်သမျှလာ vote ပေးတယ်။ နောက်တော့ လူများလားလို့နဲ့တူတယ် Comment နဲ့ ထပ်မတင်ဖို့ သတိပေးစာလေး လာခဲ့တယ်။

bdvoter ကြီးကအဲလိုလဲမဟုတ်ပြန်ဘူး။post တင်ကို downvote အားမရလို့ post comment ထိကို downvote ကြီးလုပ်သွားတာကတော့ တော်တော်လေး ရုပ်ပေါက်တယ်လို့ မြင်မိပါတယ်။ Splinterlands အနေနဲ့က bdvoter နဲ့ ချိတ်ဆက်ထားချင်မရှိသလို control လဲလုပ်ထားချင်မရှိဘူးလို့သိရပါတယ်။

Splinterlands ဆော့နေတဲ့ မိတ်တွေတို့အမြင်ရော် ဘယ်လိုမြင်လဲဗျ၊ကိုယ့် မိတ်ဆွေ ကို ကိုယ်ကူညီတာကို ဘာမပြောညာမပြောနဲ့ အခုလိုလုပ်ချသွားတာကတော့ မကောင်းဘူးလို့ထင်ပါတယ်။ 1account 1 phone တောင် downvote ကြီးဗျာ။တော်သေးတယ် post အားလုံးကိုတော့ မလာတာ ကို ကျေးဇူးတင်ရမလို့ပါပဲ။

ကြားထဲမှာလဲ ecency အနေနဲ့ boost တာမရအတော်ကိုကြားခဲ့ပါပြီး။bdvoter ကြောင့်များမရတာလားလို့တောင် ကျွန်တော် တွေးမိနေပါတယ်။

ဘာဆက်ပြီးတော့ လုပ်ရမလဲ | Ecency