မင်္ဂလာပါ။ ယခုတလော အများဆုံးကြားနေရသော အသံမှာ " ဈေးတွေကျကုန်လို့ bot သုံးရတာ ရှုံး နေပြီ " ဟူသောအသံများ ဖြစ်ပါသည်။ ဈေးကျခြင်း ဈေးတက်ခြင်းတို့မှာ ဈေးကွက်တို့၏ သဘောတရားဖြစ်သော်လည်း steemit တွင် ဆောင်းပါးများ ရေး၍ SBD ရှာနေကြသူမိမိတို့ မှာ Steem ဈေးအတက်အကျက မိမိတို့အား တိုက်ရိုက်အကျိုးသက်ရောက်နေသဖြင့် ဤသို့ အသံထွက်လာကြခြင်း ဖြစ်ပါသည်။
ကျွန်တော့အနေဖြင့် ဤဆောင်းပါးတွင် steemit Platform နှင့် ပါတ်သက်နေသော Steem ဈေးနှင့် ထိုဈေးကွက် အကြောင်းအား ကျွန်တော်သိသလောက် အနည်း ငယ် ဖေါ်ပြလိုပါသည်။ ဤသို့ ဖေါ်ပြရာတွင် ကျွန်တော့ အနေဖြင့် ဈေးကွက် ကျွမ်းကျင်သူ တယောက်မဟုတ်ကြောင်း ကြို ပြောထားလိုပါသည်။
ဖေဖါဝါရီ လဆန်းပိုင်းမှ စတင်ကျဆင်းလာခဲ့သော cryptocurrency ဈေးကွက် တွင် BTC ဘူဘောင်း ပေါက်မှုနှင့် အတူ coin ဈေးများ အားလုံးနီးပါးထိုးကျသွားပါသည်။ မိမိတို့ စုဆောင်း နေသော Steem & SBD များလည်း အခြားcoin များ နည်းတူ ဈေးကျသွားသည် မှာ အားလုံးအသိပင်ဖြစ်ပါသည်။
ဤသို့ ဈေးကျသွားပြီးနောက်အခြေအနေတခုရောက်လျင် ဈေးကွက် ဝယ်လိုအားများ ပြန်ကောင်းလာလေ့ရှိပါသည်။ ဤသို့ ဈေးကျသွားသည်ကို တနည်း အားဖြင့် ဈေးနှုန်း ညှိနှိုင်းခြင်း market correction ဟုခေါ်ပါသည်။ လွန်ခဲ့သော အကြိမ် Steem ဈေးအတက်တွင် Steem ဈေးမှာ သူ၏ အမြင့်ဆုံး ရောက်ခဲ့သော ဈေး USD$ 8.22 မှ ပြန်လည်ကျဆင်းလာခဲ့သည်မှာ မတ်လကုန်ပိုင်းတွင် သူ၏ အနိမ့်ဆုံး ဈေး ဖြစ်သော USD $ 1.44 အထိကျဆင်းသွားခဲ့ပါသည်။
ဤ USD$ 1.44 မှာ Steem coin ရှိသင့်သော အနိမ့်ဆုံး ဈေး တနည်းအားဖြင့် နောက်တကြိမ် market correction တွင် USD $ 1.44 ထက် နိမ့်ဆင်း၍ ကျမသွားနိုင်ပါဟူ၍ သတ်မှတ်ကြပါသည်။
ဤကဲ့သို့သော market correction များကို မိမိတို့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ကြပြီး ဖြစ်ပါသည်။ ဈေးကွက် တခုလုံး ရဲရဲနီလျက် coin ဈေးများ ထိုကျကုန်သည်မှာ အနည်း ဆုံး ၂ လလျင် တကြိမ် ၃ လ လျင် တကြိမ် ကြုံရလေ့ရှိပါသည်။ လွန်ခဲ့သော ဧပြီ လဆန်းပိုင်းမှ တဖြည်း ဖြည်း တက်ရိပ်ပြခဲ့သော Steem ဈေးမှာ ဧပြီလ ကုန်ပိုင်းတွင် သူ၏ အမြင့်ဆုံးဈေး ဖြစ်သော USD$ 4.39 သို့ ရောက်ရှိသွားခဲ့၍ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ပါသည်။
ယခုတဖန် အမြင့်coin များဟု ခေါ်သော BTC , ETH များ အပါအဝင် coin များဈေးထိုးကျ၍ market correction ဝင်နေကြပါပြီ။ ဤတကြိမ်တွင် Steem ၏ အနိမ့်ဆုံးဈေးမှာ USD$ 2 အောက် ရောက်သွားမည်လားဆိုသည်ကတော့ စောင့်ကြည့် ရအုံးမည် ဖြစ်ပါသည်။
USD ပြား ကဏန်းမှ စခဲ့သော Steem ဈေးသည် ဤသို့သော ဈေးကွက် ညှိနှိုင်းမှု အကြိမ်ကြိမ် ကြုံရ၍ ယခုအချိန်တွင် USD $ 1 အထက်ဟူသော ဈေးကွက် ကို ပိုင်ဆိုင်နိုင်ခြင်း ဖြစ်ပါသည်။ ထို့အပြင် ဝယ်ရောင်း ဈေးကစားကြသူတို့မှာ ဤကဲ့သို့ ဈေးကွက် အတက်အကျ ဖြစ်နေခြင်းကို ပို၍ သဘောကျကြပါသည်။
ဤကဲ့သို့ ဈေး အတက်အကျတွင် ပြား ၅၀ ပြား ၇၀ ခန့် အတက်အကျ ကွာဟရုံမျှဖြင့် ဒေါ်လာသန်းနှင့် ချီ၍ ဝယ်ရောင်းလုပ်ကြသူတို့ မှာ အမြတ်စွန်းကြီးစွာ ရရှိနိုင်ကြပါသည်။ ဤသို့ ဈေးကွက် အတက်အကျ ရှိနေခြင်းမှာ ဈေးကွက် ရှင်သန်နေခြင်း သဘောကို ဆောင်ပါသည်။
ထို့ အပြင် ယခင်က coin ဈေး ကစားကြသူတို့မှာ BTC တမျိုးတည်းကို သာ မှီခို၍ ကစားကြ၍ ပြီးခဲ့သော BTC ဘူဘောင်း ပေါက်မှု အပြီးတွင်တော့ trading site များမှာ ပြင်ပငွေကြေးများဖြင့် တိုက်ရိုက် ဝယ်ရောင်း ကစားနိုင်ရန် ပြုလုပ်လာကြပါတော့သည်။
လက်ရှိ ရေပန်းအစားဆုံး ဖြစ်နေသော Bitfinex trading site တခုတည်း တွင်ပင် USD, JPY , GBP , Euro စသည် ငွေကြေး တို့ ဖြင့် တိုက်ရိုက် ဝယ်ရောင်း ကစားနိုင်ပြီ ဖြစ်ပါသည်။ ယခင် က မိမိ ဝယ်စုထားသော coin များ ဈေးကျလာလျင် BTC ဖြစ်စေ ETH ဖြစ်စေ ပြောင်းထားရန်သာ ဖြစ်နိုင်သော်လည်း ယခုနောက်ပိုင်းတွင် မိမိ coin ဝယ်စုထားသော coin များ ဈေးကျ လာလျင် မိမိ နှစ်သက်သော ငွေကြေး တမျိုးမျိုးဖြင့် ပြောင်းထားပြီး ထိုcoin ၏ အနိမ့်ဆုံး ဈေးတွင် ပြန်လည် ဝယ်ယူ စုထားနိုင်ပါသည်။
ဤနည်းဖြင့် ဝယ်ရောင်း ဈေးကစားသူတို့ အရှုံး နည်း စေနိုင်မည်ဖြစ်ပါသည်။ ထို့ ကြောင့် Steem ဈေးတက်ခြင်း ကျခြင်းသည် Steem ဈေးကွက် ရှင်သန်နေခြင်း သဘောတရားဆောင်နေခြင်း ဖြစ်၍ coin ဝယ်ရောင်းရန် စိတ်ဝင်စားကြသော MSC members များလည်း မည်သည့် အချိန်တွင် မည်သို့ သော coin ဝယ်ထားသင့်သည် မည်သည့် အချိန်တွင် USD ဖြင့် ပြောင်းထားသင့်သည်ကို နားလည် နိုင်ကြ၍ အမြတ်စွန်းများ ရကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original source
Author : Henry Aung ( Kachin )
MSC : 001