PSYBER X နှင့် သူ၏ NFT များ ( Henry Aung )

Words
371
Reading
2 min
Listen
Play
4y

111.jpeg

မင်္ဂလာပါ။ ယနေ့တော့ ကျွန်တော်တို့ Hive Platform ပေါ်ရှိ gaming project တခုဖြစ်သော Psyber X အကြောင်း အနည်းငယ်ရေးပြလိုပါသည်။ ဤ ဂိမ်းကတော့ လက်ရှိ အချိန်တွင် ဝင်ရောက်ကစား နိုင်ခြင်း မရှိသေးသော်လည်း ဂိမ်း အတွင်း၌ အသုံးပြုရမည် ဖြစ်သော NFT များကတော့ ဈေးကွက် တွင် စတင်နေရာယူလာပြီ ဖြစ်ပါသည်။

ဤ ဂိမ်းကတော့ အပစ်အခတ် အသတ် အညှပ် ဝါသနာပါသူများအတွက် အထူးသင့်လျော်သည်ဟုထင်ပါသည်။ ထုတ်လုပ်ထားသော NFT များအား ကြည့်ခြင်းအား ဖြင့် အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပါသည်။ ဤ Psyber X ဂိမ်း အကြောင်း ယခင်ကလည်း ဖေါ်ပြပေးခဲ့ဘူးပါသည်။ Project စတင်သည်နှင့် အတော်လေး ဈေးကြီးသည်ဟု ခေါ်ဆိုရမည့်ဂိမ်း ဖြစ်ပါသည်။

ပထမဦးဆုံး ဤ ဂိမ်း၏ LVL token ၂ သိန်း ဝယ်ယူထားသူတိုင်းအား Crate ခေါ် လက်နက်သေတ္တာ ၂ ခု Airdrop ချထားပေးမည် ဖြစ်သော်လည်း May လမှ စပြီး LVL ၂ သိန်းလျင် Crate တခုစီသာ ပေးတော့မည် ဖြစ်ပါသည်။ လက်နက် သေတ္တာ တခုတိုင်း စီတွင် NFT ၅ ကဒ်ပါမည် ဖြစ်ပါသည်။

သေတ္တာ အတွင်း၌ ရှိသော NFT များမှာ ကံစမ်းမဲ ပမာသာ ဖြစ်ပါသည်။ လက်နက် NFT ကဒ်ရမည်လား / ဆေးဝါး NFT ကဒ်ရမည်လား / ကျည်ကာ / လက်ပစ်ဗုံး / ပါဝါဖြည့်ပေးသည့် ပစ္စည်း / ရန်သူအား တုန့်နှေးသွားစေသည် လေဆာကျည်ဆံ စသည်ဖြင့် မတူညီသော NFT ကဒ်ပေါင်းများစွာ ရှိပါသည်။

အနာဂတ် သိပ္ပံ တိုက်ပွဲ ပုံစံ ဖြစ်သဖြင့် သိပ္ပံနှင့် ပတ်သက်သော NFT ကဒ်များလည်း ပါဝင်ပါသည်။ NFT ကဒ်များတွင်လည်း Common ( သာမန် ) Uncommon ( သာမန် မဟုတ်သော ) Rare ( ရှားပါး ) Legendary ( ဒဏ္ဍာရီ ) Epic ( မော်ကွန်း ) Overlord ( အရှင်သခင် ) Perk ( အခွင့်အလမ်း ) စသည်ဖြင့် အမျိုးအစား ၇ မျိုးရှိပါသည်။

မိမိရရှိသော သေတ္တာတွင် မည်ကဲ့သို့သော NFT ကဒ်များ ပါဝင်မည် လည်း ဆိုသည်ကတော့ ရင်ခုန်စရာ ကောင်းပါသည်။ ထို့ အပြင် ဤ NFT ကဒ်များ ၏ ထူးခြားချက်များမှာ NFT ကဒ်များ ပေါင်းစပ်နိုင်ခြင်း ဖြစ်ပါသည်။ ဥပမာ ဆေးဝါးကဒ် တခုနှင့် အခြား ဆေးဝါးကဒ် တခုပေါင်း လိုက်လျင် ပို၍ အစွမ်းထက်သော နောက်ထပ် ဆေးဝါး ကဒ်တခု ဖြစ်လာ ပါသည်။

အထက်တွင် ဖေါ်ပြထားသော PSYBER X ၏ မတူညီသော NFT များအား အောက်ပါလင့်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ ကျွန်တော်အဓိကပြောလိုသည်မှာ PSYBER X နှင့် သူ၏ NFT များထက် လက်ရှိ NFT ဈေးကွက်တွင် ဖြစ်ပေါ်နေသော အခွင့်အလမ်းများအား ဖေါ်ပြပေးလိုရင်း ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း လက်နက်သေတ္တာ Airdrop ရထားသူများက NFT များ ထုတ်ယူကြကာ ဈေးကွက်တင်နေကြပြီ ဖြစ်ပါသည်။ အချို့ကလည်း ရလာသော NFT များအား မတန်တဆ ဈေးတင်ရောင်းနေကြသလို အချို့ကလည်း အစမ်းသဘောနှင့် ရောင်း၍ ရသည်လားဟူ၍ 5 Hive / 10 Hive လောက်နှင့် ချရောင်းနေကြပါသည်။

Rare NFT များအား ဈေးပေါပေါ ဖြင့် ချရောင်းနေချိန်တွင် ဝယ်ယူထားပါက မိမိအတွက် အခွင့်အလမ်း အကျိုးများမည်ဟု ယူဆပါသည်။ အောက်တွင် Screenshot များဖြင့် နှိုင်းယှဉ်ပြသထားပေးပါသည်။

003.png

NFT ( ရှားပါးကဒ်) ခြင်းတူသော်လည်း ရောင်းဈေး 50 Hive နှင့် 250 Hive ကွာပါသည်။

006.png

NFT ( ရှားပါးကဒ်) ခြင်းတူသော်လည်း ရောင်းဈေး 7500 HBD နှင့် 269 Hive ကွာပါသည်။

001.png

NFT ( ရှားပါးကဒ်) ခြင်းတူသော်လည်း ရောင်းဈေး 10 HBD နှင့် 375 Hive ကွာပါသည်။

002.png

NFT ( ရှားပါးကဒ်) ခြင်းတူသော်လည်း ရောင်းဈေး 1000 Hive နှင့် 375 Hive ကွာပါသည်။

004.png

NFT ( ရှားပါးကဒ်) ခြင်းတူသော်လည်း ရောင်းဈေး 49 Hive နှင့် 50000 LVL ကွာပါသည်။ LVL token ဖြင့်လည်း တိုက်ရိုက်ဝယ်ယူနိုင်သည်ကို သတိပြုပါ။

ဤသို့ NFT များ ဈေးကွက်မှ ဝယ်စုရာတွင် Rare NFT များအား ဈေးပေါပေါဖြင့် ရလျင် ပို၍ အဆင်ပြေပါသည်။ သို့သော် မိတ်ဆွေအနေဖြင့် မိမိကြိုက်ရာ တန်မည်ထင်သည့် NFT များအား ဝယ်စုနိုင်ပါသည်။

PSYBER X ၏ NFT များအား လေ့လာရန်

PSYBER X ၏ NFT ဈေးကွက်အား လေ့လာရန်

Henry Aung ( Kachin )

28/05/2022 - Saturday - 17;28 Pm

PSYBER X နှင့် သူ၏ NFT များ ( Henry Aung ) | Ecency