PSYBER X အကြောင်း တစေ့တစောင်း ( Henry Aung )

Words
546
Reading
3 min
Listen
Play
5y

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ update အသစ်တက်လာသည့် PSYBER X အကြောင်း အနည်းငယ် ရှင်းပြလိုပါသည်။ PSYBER X နှင့်ပတ်သက်၍ LVL token အကြောင်း ကျွန်တော် ရေးသားထားသမျှ သည် ကျွန်တော့ အာဘော် ကျွန်တော့ အတွေးအမြင် သာ ဖြစ်၍ မိတ်ဆွေတို့ အနေဖြင့် PSYBER X ၏ LVL token တွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်သင့်သည် မသင့်သည်ကတော့ မိတ်ဆွေတို့ ကိုယ်တိုင်သာ ဆုံးဖြတ်စေချင်ပါသည်။

PSYBER X နှင့် ပတ်သက်၍ လွန်ခဲ့သော ဖေဖော်ဝါရီ ၃ ရက်နေ့က ကျွန်တော့ Post တင်ခဲ့ပါသေးသည်။ PSYBER X မှ NFT Airdrop ရရန် LVL token ၂ သိန်းရှိထားရမည့် အကြောင်း ။ ယနေ့ PSYBER X မှ ၃ မိနစ်စာ Video File လေးတခုတက်လာပါသည်။ ဤ Game အား Live ကစားထားသည့် Video File ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် Gamer တယောက် မဟုတ်သော်လည်း ဤ Video Clip အားကြည့်လိုက်သည်နှင့် PSYBER X သည် Blockchain Gaming တွင် Trend တခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ အဘယ့်ကြောင့် ကျွန်တော့ အနေဖြင့် ဤသို့ ခန့်မှန်း ရသနည်းဆိုသော် Play to Earn ( P2E ) Gaming များသည် NFT များဖြင့်သာ ကစားကြသည် ဖြစ်ရာ အများအားဖြင့် Card Game များသာ ဖြစ်ပါသည်။

သို့သော် PSYBER X ကတော့ Live Video Game တွင် NFT များ ထည့်သွင်းထားသည် ဖြစ်ရာ Blockchain Game ၏ အလှည့် အပြောင်း တခုသို့ ဦးတည် နေပြီ ဖြစ်ပါသည်။ မိတ်ဆွေတို့ သိကြသည့် အတိုင်း Gaming Industry တွင် Blockchain Gaming ဘက်သို့ ကူးပြောင်းလာနေသော ကုမ္ပဏီ အတော်များများ ရှိနေကြပါသည်။

xxx1.png

Image Source ( PSYBER X )

လက်ရှိခေတ်စား နေသော Mobile Legend / PUBG / Dota 2 / WarCraft အစရှိသော Live Game များသည် Fantasy Game များသာ ဖြစ်ရာ မိမိအတွက် ဝင်ငွေရလမ်းနှင့် နာမည်ကြီးရန် အတွက် Live Streaming လုပ်ခြင်းနည်းသာ ရှိပါသည်။ ( အခြားနည်း များလည်း ရှိကောင်း ရှိပါလိမ့်မည်။ ကျွန်တော်၏ Gaming ဗဟုသုတ နည်းခြင်း ကြောင့်သာ မသိခြင်း ဖြစ်ပါလိမ့်မည်။ )

ဤကဲ့သို့သော Live Game များတွင် ဝင်ငွေရလမ်းတခု ဖြစ်သည့် NFT များ ထည့်သွင်းလိုသည့် Game အများအပြားရှိပါသည်။ သို့သော် NFT ဟူသော အရာသည် Blockchain တွင်သာ ဖန်တီးနိုင်သည် ဖြစ်ရာ Blockchain Gaming အတွင်းသို့ Gaming ကုမ္ပဏီများ မျက်စိကျလာသည်မှာ မဆန်းပါ။

PSYBER X အကြောင်း ဆက်ရလျင် ယခု အသစ်ထွက်လာသော Video Clip တွင် မြို့တွင်း တိုက်ပွဲ / တောတွင်း တိုက်ပွဲ များကို တွေ့ရမည် ဖြစ်ပါသည်။ အသုံးပြုထားသော လက်နက်မှာ နှစ်မျိုးတည်းသာ ရှိပါသေးသည်။ လေဆာ သေနတ်နှင့် လက်ပစ်ဗုံး ဖြစ်ပါသည်။

တိုက်ပွဲ နေရာ အပြောင်း အလည်းအား Loop Hole များဖြင့် ချိတ်ဆက်ထားသော အိုင်ဒီယာ မှာ အလွန်ကောင်းမွန်ပါသည်။ PSYBER X မှ ယနေ့တင်ထားသော Post အား ဖတ်ကြည့်ရလျင် PSYBER X အား လွှင်တင်နိုင်မည့် ရက်အား မကြေညာ သေးသော်လည်း Hive Platform အနေဖြင့် SKP Network ( Web3 Protocol ) သို့ ပြောင်းလည်း အသုံးပြုပြီးနောက်တွင် သာ ဖြစ်ဖို့များပါသည်။

လောလော ဆယ် အနေဖြင့် Marketing ဆင်းမည့် အစီအစဉ်များ စနေပြီ ဖြစ်ပါသည်။ အထူးသဖြင့် YouTuber များ နှင့် Blogging Content creator များအား LVL token ဆုပေး စနစ်ဖြင့် Marketing ဆင်းတော့မည် ဖြစ်ပါသည်။

xxx2.png
Image Source ( PSYBER X )

LVL token အကြောင်းပြောရလျင် PSYBER X မှ LVL token အား Hive Engine တွင် စတင် ရောင်းချသည့် ဈေးမှာ 0.0005 Hive ဖြစ်ပါသည်။ ယနေ့ Hive ပေါက်ဈေး မြန်မာငွေကျပ်ဖြင့် တွက်လျင် ၂ ကျပ်သာ ရှိခဲ့ပါသည်။

သို့သော် မိတ်ဆွေအနေဖြင့် ယနေ့ LVL token အား ဝယ်စုချင်လျင် 0.007 Hive ပေးရတော့မည် ဖြစ်သလို ယနေ့ Hive ပေါက်ဈေး မြန်မာငွေဖြင့် တွက်လျင် ၁၅ ကျပ် ပေးရတော့မည် ဖြစ်ပါသည်။

ထို့အတူ မိတ်ဆွေ အနေဖြင့် PSYBER X မှ NFT Airdrop လိုချင်သော ကြောင့် LVL token ၂ သိန်းအား လွန်ခဲ့သော တလ ခန့်တွင် ဝယ်ယူလျင် Hive 200 ကျော်သာ ပေးရမည် ဖြစ်ပါသည်။ လွန်ခဲ့သော တပတ် တွင် ဝယ်ယူလျင် Hive 900 ကျော်သာ ပေးရမည် ဖြစ်သော်လည်း ယခု ဝယ်ယူမည် ဆိုလျင်တော့ Hive 1400 ကျော် ပေးရတော့မည် ဖြစ်ပါသည်။

ကျွန်တော်ပြောလိုသည်မှာ PSYBER X ရေပန်းစားလာခြင်း နှင့်အတူ တန်ဖိုး တက်လာသော LVL token အကြောင်း ဖြစ်ပါသည်။ တကယ်တမ်း ဆို
လျင် မြန်မာငွေ ၁၅ ကျပ်ဟူသော ဈေးသည် ဘာမျှ မရှိသေးပါ။ မိတ်ဆွေအနေဖြင့် တတ်နိုင်လျင် ဤ LVL token အား အနည်းဆုံး 1000 LVL လောက်တော့ စုထားသင့်သည်ဟု ထင်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဤ LVL token သည် အခြားသော Game Token များကဲ့သို့ ဘီလီယံနှင့် ချီ၍ ထုတ်ထား Token မဟုတ်ပါ။ ဥပမာ ပြရလျင် Dcity ၏ Sim token သည် ဘီလီယံ တထောင် ( ၁ အနောက်တွင် သုံညကိုးလုံး ဆယ်ကြိမ် ) ထုတ်ထားသလို Risingstar ၏ Starbits သည်လည်း အတူတူသာ ဖြစ်ပါသည်။

တချိန်က Hive အား ကျော်တက်ခဲ့သော Leofinance ၏ Leo သည်ပင်လျင် တစ်ဘီလီယံ ထုတ်လုပ်ထားပါသည်။ PSYBER X ၏ LVL token သည် သန်း ၅၀၀ သာ ထုတ်လုပ်ထားသည့် အပြင် ယခုကာလသည် ဤ Game ၏ အစောပိုင်းကာလ ဖြစ်သော ကြောင့် Hive 0.007 ဟူသော ဈေး ဖြင့် ရနေခြင်း ဖြစ်ပါသည်။

အကယ်၍ မိတ်ဆွေသည် Gamer မဟုတ်သည့် တိုင် ရင်းနှီးမြုပ်နှံမှု အနေဖြင့် LVL ဝယ်ထားသင့်သည်ဟု အကြံပေးလိုပါသည်။ ဤ LVL token ဝယ်စုသင့်သည် မစုသင့်သည်အား ဆုံးဖြတ်ရန် အောက်တွင် ဖေါ်ပြပေးထားသော PSYBER X video Clip အားကြည့်၍ ဆုံးဖြတ်စေချင်ပါသည်။

PSYBER X Video ကြည့်ရန်

Henry Aung ( Kachin )

07/02/2022 - Monday - 18;32 Pm

PSYBER X အကြောင်း တစေ့တစောင်း ( Henry Aung ) | Ecency