မင်္ဂလာပါ။ ယနေ့ကတော့ သရော်စာများ ခေတ္တနားကာ ကျွန်တော်ခရီးသွားခဲ့သည့် အကြောင်းအရာများအား ဖေါ်ပြပေးပါမည်။ ကျွန်တော့ အနေဖြင့် ဤ ဖူးခက် ကျွန်းသို့ ခရီးသွားသည့် အကြောင်း ရေးသားရန် စဉ်းစားမိမှ ကျွန်တော့ ဓါတ်ပုံများ အတော်လေး ပြန်ရှာယူရပါသည်။
ကျွန်တော့ အနေဖြင့် ခရီးသွားလျင် ဓါတ်ပုံရိုက်ရန် ဝါသနာမပါပါ။ မရောက်ဘူးသေးသော ဒေသ သို့ စုံအောင် သွားရန် နှင့် အစားအသောက် မျိုးစုံ မည်သို့ စားရမည်ကိုသာ ပို၍ စိတ်ဝင်စားပါသည်။ ယခု ဖေါ်ပြမည့် ခရီးစဉ်ကလည်း အခြားသူငှာ များဖြင့် ခရီးသွားကြသည်ဖြစ်ရာ ဓါတ်ပုံများတွင် အခြားသူများ၏ ပုံပါဝင်နေသောကြောင့် Privacy အရ မသင့်တော်ပါ။
အမှန်ဆိုရလျင် ကျွန်တော့ အနေဖြင့် ခရီးသွားလျင် သိပ်ပြီး ကရိကထ မများပါ။ ကျောပိုးအိတ်ထဲသို့ ဝတ်စုံ နှစ်စုံ လောက်ပြစ်ထည့် travel kit ခေါ် အရေးပေါ်ခရီးသွားအိတ် ကလေး ကောက်ထည့် ( ထိုအိတ်ထဲတွင် သွားတိုက်တံ တချောင်း သွားတိုက်ဆေး အရေးပေါ် ဆေးဝါး အနည်းငယ် စသည်တို့ ပါဝင်ပါသည် ) ဖိနပ် တရံကောက်စီး passport ယူ ပိုက်ဆံအိတ်ယူ ခါးဝတ်ခါးစား နှင့် လေယာဉ်ကွင်း ဆင်းသွားရုံသာ ဖြစ်ပါသည်။
မိန်းခလေးများ နှင့် ခရီးသွားရသည်ဆိုတော့ အတော်လေးတော့ သည်းခံရပါသည်။ သူ့ကို စောင့်ပါအုံး / ငါ့ကို စောင့်ပါအုံး / အဲဒီအစားအသောက်မစားဘူး / ဟိုဟာစာမယ် ဘာညာကိကွ များလွန်းလှ၍ ဖြစ်ပါသည်။ ယောကျ်ား သားများဆိုလျင် ပုလင်း ဖွင့်မယ်ဟေ့ ဆိုသည်နှင့် တနေရာတည်းစု ပြီးသား ဖြစ်သွားပြီ ဖြစ်ပါသည်။ ကိုဟင် လျှာရှည် နေသည်နှင့် ခရီးသွားသည့် အကြောင်း မရောက်တော့.... စလိုက်ကြပါစို့။
စင်္ကပူ နံနက် ၁၀ နာရီခန့် ထွက်ခဲ့ရာ ဖူးခက်သို့ နံနက် ၉ နာရီ ဝန်းကျင် ရောက်သွားပါသည်။ စင်္ကပူ ဖူးခက် အချိန်ကွာခြားချက်ကြောင့် ဖြစ်ပါသည်။ ဖူးခက်တွင် တည်းရသော Hotel မှာ ပြင်သစ် အဖွားကြီးတယောက်ပိုင် hotel ဖြစ်၍ Patong ကမ်းခြေဘေးနားလေးတွင်ရှိပါသည်။ ဟိုတယ်အမည် မမှတ်မိတော့ပါ။
ပလားစတစ်အမှိုက်မရှိ / ရေသန့်ဘူးခွံ မရှိ / အမှိုက်တစမျှ မရှိသော နာမည်ကျော် Patong ကမ်းခြေ / နံနက်စောစော jogging လုပ်ရန် အလွန်ကောင်းပါသည်။
မိန်းခလေးများက အပြင်ထွက်စား / ယောက်ကျားလေးများ ဟိုတယ် ခန်းတွင် ပုလင်းဖွင့်.... ကျွန်တော့ အထင် ဖူးခက် ခရီးစဉ် ၌ Double Black ၈ လုံးနီးပါးကုန်ခဲ့သည်ဟုထင်ပါသည်။ပုလင်းကလည်း လေဆိပ် Duty Free ကနေ ဝယ်ရသည်ဆိုတော့ အလွန်သက်သာပါသည်။
ပင်လယ်ပြင်သို့ ထွက်ကြပြီ
ကျွန်းတကျွန်း ကမ်းခြေတခုရောက် ရေဆင်းကူးက လှိုင်းစီးကြ
နောက်တကျွန်းသို့သွား ရောင်စုံငါးကလေးများနှင့် snorkeling လုပ် .... ပေါင်မုန့်များ ဖဲ့ကျွေးလိုက်လျင် မိမိအနားသို့ ငါးများ ဝိုင်းအုံလာကြပါသည်။ အတော်လေး ပျော်စရာကောင်းသော Snorkeling ဖြစ်ပါသည်။ ရေတော့ ၁၀ ပေခန့်နက်ပါသည်။
ရေကူး / အုန်းရေသောက် / အနားယူ
ကျောက်ဆောင်ပေါ်တက် ကမြင်းကြောထ ...
နောက်ထက်ကမ်းခြေတနေရာ ...
ညနေ ဖူးခက်ပြန်ရောက် အရက်သောက် / ထမင်းစား ...ထုံးစံအတိုင်း ကိုဟင်ကတော့ ပုလင်းရှေ့မှာထိုင်ပါသည်။
အဲဒီ အချိန်တုန်းက စောင် FA ကောင် Henry Aung … night out ထွက် မနက် ၁ နာရီကျော်မှ ဟိုတယ်ရောက်... ဘောလုံးပွဲကြည့် နေလို့ပါ။
တော်လောက်ပြီထင်တယ် .... ပုံတွေလည်း များနေပြီ။ မျက်လုံးတွေလည်း နောက်နေကြရောပေါ့။ ပုံတွေတင်ရတာ စာရေးသလောက် မသွက်ဘူးဗျို့။အမှန်တော့ ဖူးခက်သွားတာ ၂ ညအိပ် ၃ ရက်ခရီး။ အခြား ကွိစိကွစ တွေတော့ ချန်ထားခဲ့ပြီ။
Henry Aung ( Kachin )
22/12/2021 - Wednesday - 18;14 Pm