မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် မပြီးပြတ်သေးသော " ကျွန်တော်ပြောသော စင်္ကပူ " ကို ဆက်လက်ရေးသာရအုံး မည် ဖြစ်သော်လည်း လက်ရှိ တဖြေးဖြေးကျဆင်းလာသော Steem ဈေးများနှင့် အတူ MSC members များအား စိတ်အား မလျှော့ကြစေရန် ရည်ရွယ်ရင်း ဤဆောင်းပါးအား ရေသားရခြင်း ဖြစ်ပါသည်။
လွန်ခဲ့သော နှစ် တိတိကျကျ ပြောရလျင် ၉/၆/၂၀၁၇ တွင် ကျွန်တော် ရည်ရွယ်ချက်တခုဖြင့် ရန်ကုန်ပြန်လာခဲ့ပါသည်။ ထိုရည်ရွယ်ချက်မှာ မြန်မာလူငယ်တို့အား steemit Platform အကြောင်းတဦးချင်း သင်ပြပေးရန် ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် steemit Platform ပေါ်တွင် တနှစ်နီးပါး ကျင်လည်ခဲ့ပြီးနောက် ဤ steemit Platform ပေါ်တွင် မြန်မာလူမျိုးများ ရှိပါက စည်းစည်းလုံးလုံး ဖြင့် steemit Platform ပေါ်မှ အကျိုး အမြတ်များ ထုတ်ယူနိုင်ကြစေရန် ရည်ရွယ်၍ ပထမဦး ဆုံး မြန်မာစာဖြင့် ရေးသော " steemit Platform ပေါ်တွင် ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက် " ဆောင်းပါး ရေးတင်လိုက်ပါသည်။
ဆိုခဲ့သည့် အတိုင်း ထိုဆောင်းပါး ရေးပြီး နောက် မည်သူမျှ ဆက်သွယ်လာခြင်း မရှိပါ။ ထို့နောက် တတိယမြောက် ဆောင်းပါးတွင် ကိုညီညီနိုင်ကို တွေ့ပါသည်။ ထို့ နောက် သက်ကိုဇော် ၊ ရဲသီဟ ၊ တင်မျိုး အောင် စသည်စသည်ဖြင့် တဖြေးဖြေးသိလာရပါသည်။ မြန်မာတို့ ၏ ထုံးစံ အတိုင်း ပိုက်ဆံအလကားရတဲ့ site တဲ့ဟေ့ ဆိုသည် နှင့် အကောင့်ပေါင်းများစွာ စုပုံ ဝင်ရောက်လာကြပါတော့သည်။
ထိုလူသစ်များအား အစပိုင်းတွင်တော့ viber မှ တဦးချင်း ခေါ်ယူ၍ သင်ပြပေးရသလို steemit Platform နှင့်ပါတ်သက်သော ဆောင်းပါး များလည်း မပြတ်ရေးတင်ခဲ့ရပါသည်။ ကျွန်တော့ အနေဖြင့် ဤလူငယ်များအား viber မှ သင်ကြားပေးခြင်းထက် အဖွဲ့ငယ်တခုဖွဲ့၍ ကိုယ်တိုင် လက်တွေ့ပြ၍ သင်ကြားပေးလျင် ပိုမိုထိရောက်မည် ဖြစ်သောကြောင့် ကျွန်တော် ရန်ကုန်ပြန်လာမည့် အကြောင်းနှင့် စိတ်ပါဝင်စားသူရှိပါက ရန်ကုန်တွင် တွေ့ဆုံကြ၍ steemit Platform နှင့် ပါတ်သက်သည်များကို အသေးစိတ် သင်ကြားပေးမည့် အကြောင်း viber မှ တဦးချင်စီအား အသိပေးခဲ့ပါသည်။
သို့သော် ကျွန်တော်ရန်ကုန်ရောက်၍ ကျွန်တော့အားလာတွေ့နိုင်သူ နှစ်ယောက်သာရှိခဲ့ပါသည်။ မျိုးသန့်ဇော်နှင့် သက်ကိုဇော် နှစ်ဦးသာ။ steemit Platform အား အစဦးပိုင်းတွင် သိခဲ့ကြသော ကိုညီညီနိုင်နှင့် မျိုးသန့်ဇော်တို့ အကောင့်ရှိသေးသော်လည်း active မဖြစ်ကြတော့ပါ။ သက်ကိုဇော် တယောက်တော့ လှုပ်လှီလှုပ်လှဲ့ဖြင့် ကျန်နေပါသေးသည်။
ထို့နောက် ဤရှိသမျှ ဝါသနာတူ လူများဖြင့် လုံးခြာလည်လိုက် ရင်း steemit Platform ပေါ်တွင် မြန်မာတို့ အင်တိုက်အားတိုက်ပါဝင်လာနိုင်ရေး အတွက် ကြိုးစားခဲ့ကြပါသည်။ ဤတွင် MSC Admin Team ဖြစ်ပေါ်လာပုံနှင့် Promotion အတွက် ကြိုးစားခဲ့ကြရပုံတို့အား ချန်ထားခဲ့ပါမည်။ ကျွန်တော် ဆိုလိုရင်းမှာ ဤ Platform ပေါ်သို့ လူသစ်များ အများအပြား ဝင်ရောက်လာကြသလို အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားရသူ အများအပြားလည်းရှိခဲ့ပါသည်။
ဇွဲရှိသူများကတော့ ယခုထိကျန်နေဆဲ ဖြစ်ပါသည်။ ယခုအချိန်တွင် ကျွန်တော်တို့ ဖွဲ့စည်းခဲ့သော MSC သည် အောင်မြင်နေပြီလားဟု မေးလျင် အထိုက်အလျောက်တော့ အောင်မြင်မှုရရှိနေပါပြီဟု ပြောလိုပါသည်။ ဤ Platform ပေါ်တွင် MSC members တို့ ဟန်ချက်ညီညီ ပါဝင်ကြခြင်းဖြင့် ကျွန်တော်တို့ ၏ ရည်ရွယ်ချက်များအား အကောင်ထည် ဖေါ်ရင်း ကျေးရွာစာသင်ကျောင်းတကျောင်းရှိ ခလေးများအား စာအုပ်စာတန်းနှင့် ဘောပင်များ လှူဒါန်း နိုင်ခဲ့သလို အကူအညီ လိုအပ်နေသူ များအားလည်း အကူအညီ ပေးနိုင်ခဲ့ပါသည်။
ဤသို့ အကူအညီ ပေးရာတွင် မိမိတို့ ဝမ်းရေး အတွက် အလုပ်လုပ်နေသော လုပ်ခလစာများမှ ဖဲ့၍ အကူအညီပေးခဲ့ကြခြင်းမဟုတ်ပါ။ ဤ ကိုင်တွယ်၍ မရသော Steem & SBD တို့ ဖြင့် ကူညီခဲ့ကြခြင်း ဖြစ်ပါသည်။ မိမိတို့ အနေဖြင့် တတ်နိုင်သလောက် 1 SBD 2 SBD ဟူ၍ ကူညီခဲ့ကြသော်လည်း အများအားဖြင့်စုပေါင်း လိုက်လျင် အကူအညီ လက်ခံရယူသူအတွက် နည်းများ မဆို အကျိုးအလွန်များခဲ့ပါသည်။
ကျွန်တော့ အနေဖြင့် ဤအချက်အား MSC members များအားသတိထားမိစေလိုပါသည်။ ထို့အတူ မိမိတို့ ငွေရေးကြေးရေးလိုအပ်သော အချိန် အသေးသုံး အနေဖြင့်လည်း ထုတ်ယူနိုင်ခဲ့ကြသည်ကို အားလုံး အသိပင်ဖြစ်ပါသည်။ မှန်ပါသည်။ ယခုအချိန်ကဲ့သို့ Steem ဈေးများကျလာသော အချိန်တွင် မိမိတို့ရှိသော SBD နည်းပါးလာမည် ဖြစ်သော်လည်း ကျွန်တော်တို့ အနေဖြင့် နည်းနည်းချင်း နှမ်းတစေ့ချင်း မြေပဲ တစေ့ချင်း စုသကဲ့သို့ စုသွားရမည်သာဖြစ်ပါသည်။
မိမိတို့ ရရှိသော အကျိုးအမြတ်မည်မျှပင်နည်းသည် ဆိုသော်လည်း လက်ရှိ အချိန်ထိ Steem နှင့် SBD သည် US dollar ဟုခေါ်သော အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ အထက် တန်ကြေးရှိနေပါသေးသည်။ ၁ ကျပ်တန်သည် ၁၀၀၀ တန်သည် ဆိုခြင်းထက် ကိုင်တွယ် သုံးစွဲ၍ ရသော ငွေကြေး အဖြစ် အချိန်မရွေး ပြောင်းလည်းယူနိုင်သည်ကို သတိထားမိစေလိုပါသည်။
ကျွန်တော်ဆိုလိုသည်မှာ MSC members တို့အား ဤ steemit Platform အား online ငွေရှာ site တခုဟု ဆိုခြင်းထက် မိမိ နှောင်ရေးအတွက် ငွေစုထားရာနေရာ တခုအဖြစ်မြင်စေလိုပါသည်။ on line ငွေရှာ site ဆိုသည်မှာ ဤမျှရလျင် ဤမျှ ထုတ်ယူမည် ထိုမျှရလျင် ထိုမျှ ထုတ်ယူမည် ပျက်ချင်သည့် အချိန် ပျက်သွားမည် ဖြစ်ပါသည်။
သို့ သော် steemit platform သည် ယနေ့ အချိန်အထိ cryptocurrency market တွင် နေရာတနေရာ ရယူထားနိုင်သော Platform တခု ဖြစ်ပါသည်။ ဈေးတက်ခြင်း ဈေးကျ ခြင်းမှာ ဈေးကွက်သဘောတရား ဝယ်လိုအား ရောင်းလို အား အပေါ်မှုတည်၍ ပြောင်းလည်းနေခြင်း ဖြစ်ပါသည်။ ထို့ အပြင် ယနေ့ Steem ဈေးများ တအိအိကျလာခြင်း မှာ Steem တခုတည်း မဟုတ်ပါ။ $19000 ကျော်အထိ တက်ဈေးရှိခဲ့သော BTC သည်လည်း ယခုအချိန်တွင် USD$ 6500 ဝန်းကျင်တွင်သာရှိနေပါတော့သည်။
မိမိတို့ အနေဖြင့် ဆောင်းပါး တပုဒ်လျင် ပြား ၅၀ သာ ရတော့ သည် ပြား ၃၀ သာ ရတော့သည် ဟူ၍ စိတ်မပျက်ကြစေလိုပါ။ ငွေ တသိန်းပြည့်ရန် ပြား ၅၀ လည်း လိုအပ်သလို ၁၀ ပြားကလည်း ပိုက်ဆံဖြစ်ပါသည်။ မိမိတို့ ပေးဆပ်ရသည်မှာ မိမိတို့၏ အားလပ်ချိန်များထဲမှ ဖဲ့၍ ဆောင်းပါး တိုလေး တပုဒ် ရေးနိုင်ရန်သာလိုအပ်ပါသည်။
အချုပ်အနေဖြင့်ဆိုရလျင် များများရလည်း ပိုက်ဆံ နည်းနည်းရလည်း ပိုက်ဆံဖြစ်ပါသည်။ MSC members များအနေဖြင့် အခြားသူများထက်ပိုသော အခွင့်အရေးတခုရရှိနေပါသည်။ Promotion ဟူသောအရာမှာ ပုံမှန်ရရှိနေလျင် မသိသာသော်လည်း promotion မရှိတော့ဘူး ဆိုသော အချိန်တွင် သူ၏ အဖိုးတန်မှုကို ပိုသိလာပါလိမ့်မည်။
ဆိုလိုသည်မှာ အခွင့်အရေး ရှိနေကြောင်း သိရန်လိုအပ်သလို ထိုအခွင့်အရေး ကို အမိအရအသုံး ချ နိုင်ရန် ဝရိယ နှင့် လုံ့လ တို့ကလည်း လိုအပ်ပါသေးသည်။ steemit Platform သည် မျော်လင့်ချက်ဟူသော အရာအား ပေးစွမ်းနိုင်သည်ကို အားလုံး သိပြီး ဖြစ်ပါသည်။ မျှော်လင့်ချက်နှင့် အတူ နောင်တ ဟူသော အရာအား ပေးတတ်ကြောင်းလည်း MSC members တို့ အထူးဂရုပြုစေလိုပါသည်။
သူတပါး ရရှိ၍ မိမိလည်း ရနေလျင် ကိစ္စမရှိသော်လည်း သူတပါးရ၍ မိမိ မရလျင် အလွန်ခံရခက်ပါသည်။ Steem ဈေးကျလျင် အကျိုးအမြတ်နည်းနည်းသာ ထုတ်ယူနိုင်မည် ဖြစ်သလို Steem ဈေးတက်လျင် အကျိုးအမြတ်များများ ထုတ်ယူနိုင်ပါမည်။အရေးကြီးသည်က ထိုအကျိုး အမြတ်များ နည်းသည်ဖြစ် စေ များသည် ဖြစ်စေ မိမိထံသို့ ဝင်ရောက်နေရန်လိုအပ်ပါသည်။
မနေ့က ၊ ယနေ့ ၊ မနက်ဖြန်ဟူ သော အချိန်သည် တရက်ပြီး တရက် ကုန်လွန်သွားကြမည် ဖြစ်ပါသည်။ သို့သော် လုံ့လ ဝီရိယ ရှိသူသာ မိမိ steemit အကောင့် ၏ estimate value ကို ပြောင်းလည်း နိုင်မည် ဖြစ်ပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original source
Author : Henry Aung ( Kachin )
MSC : 001