ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း - ( ၁၆ )

Words
797
Reading
4 min
Listen
Play
8y

henry Aung.jpg

မင်္ဂလာပါ။ Steem နှင့် SBD ဈေးကလည်း အတက်မရှိ ဈေးတန့်နေသည် မှာ အတော်ကြာပြီ ဖြစ်ပါသည်။ "စားရတဲ့ခလေး ပိုငတ်သည် " ဆိုသည့် အတိုင်း Steem ဈေး 8$ နှင့် SBD ဈေး 14$ တို့ကို ကြုံတွေ့ဖူးခဲ့၍ ထိုအခြေအနေ ပြန်ရောက်မည့် အချိန်ကိုသာ မျှော်လင့်ရင်း သောက်လေသောက်လေ ငတ်မပြေသော ဆားငံရေ ကိုသာ ဆက်သောက်နေရပါသည်။

ယခုတလော MSC ၏ promotion post များလည်း တဖြည်းဖြည်း နည်းပါးလာရကာ Steem-myanmar လည်း သရဲခြောက်မှာပင် ကြောက်နေရပါသည်။ ကျွန်တော်အနေဖြင့် steemit Platform အကြောင်းရေးသားစရာ များရှိနေသော်လည်း လောလောဆယ် တွင် ရေးသားရန် အာရုံထည့်မရသဖြင့် ကျွန်တော်၏ မပြီးပြတ်နိုင်သေးသော ( တော်တော်နှင့် ပြီးမည်မဟုတ်သော ) ကျွန်တော်ပြောသော စင်္ကပူ ကျွန်တော့ လုပ်ငန်းခွင် အတွေ့အကြုံများအား ဆက်လက်၍ ဖေါ်ပြပေးလိုက်ရပါသည်။

သည်းခံ၍သာဖတ်ကြပါကုန်။ ဤခန်းဆက် ဆောင်းပါးအား တပိုင်းတစ ဖြင့် ဖတ်ရသည်မှာ အရသာရှိမည်မဟုတ်၍ အပိုင်း - ၁ မှာ ၁၅ အထိ မဖတ်ရသေးသူများ အောက်ပါ လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း (၁) ( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၂ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၃ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၄ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၅ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၆ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၇ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၈ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၉ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၀ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၁ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၂ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၃ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၄ )( Henry Aung )

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၅ )( Henry Aung )

အပိုင်း ၁၅ တွင် ကျွန်တော်တို့ ငြမ်းအလုပ်သမားများ သင်္ဘောကျင်းတွင် မည်သို့ ပင်ပင်ပန်းပန်းလုပ်ခဲ့ရကြောင်းနှင့် သင်္ဘော cargo tank များနှင့် ballast tank များတွင် ငြမ်းများ ပင်ပန်းဆင်းရဲစွာ တပ်ဆင်ခဲ့ရကြောင်း ဖေါ်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို ballast tank များတွင် ငြမ်းဆင်ရင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တခုကို ယနေ့အထိမှတ်မိသေးပါသည်။ ဆိုခဲ့သည့် အတိုင်း တနေ့တွင် ကျွန်တော်တို့ ငြမ်းအဖွဲ့သားများ ballast tank တခုအတွင်းသို့ ဝင်၍ ငြမ်းဆင်ရပါသည်။

0001.jpg

ထို tank မှာ လူတကိုယ်စာ ဝင်ပေါက် man hole မှ ဝင်သွားရပြီး အထဲတွင် အကန့်ပေါင်း ၁၀ ကန့် ရှိပါသည်။ အကန့်တခုချင်း တွင်လည်း ဝင်ပေါက် တခုစီသာရှိ၍ မူလ ပြင်ပ ဝင်ပေါက်မှာ အရှေ့ဘက်တွင် tank ၅ ခု အနောက်ဘက်တွင် tank ၅ ခု ရှိပါသည်။ ဆိုလိုသည်မှာ tank ၁၀ ခုရှိရာတွင် tank နံပါတ် ၅ တခုတည်း သာ ပြင်ပ သို့ ထွက်ပေါက်ရှိပါသည်။

tank နံပါတ် ၁ သို့ သွားလိုလျင် tank ၅ ဝင်ပေါက်မှ ဝင်၍ tank အတွင်း ဝင်ပေါက် ၄ , ၃, ၂, ၁ စသည်ဖြင့် ထပ်ဆင့်ဝင်သွားရခြင်းဖြစ်ပါသည်။ tank နံပါတ် ၁၀ သို့ သွားလိုလျင်လည်း ဤအတိုင်းသာ။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့လည်း tank နံပါတ် ၁၀ တွင် ငြမ်းဆင်ရပါသည်။ လိုအပ်သော ငြမ်းပစ္စည်းများ ခက်ခက်ခဲခဲသွင်း၍ ငြမ်းဆင်နေစဉ် ရုတ်တရက် ကျွန်တော်တို့ ငြမ်းဆင်နေသော tank အတွင်းသို့ မီးခိုး လုံးများ ဝင်ရောက်လာပါတော့သည်။

ကျွန်တော်တို့လည်း ကြောက်လန့်တကြားဖြင့် အပြင်သို့ ထွက်ရန်ကြိုးစားကြပါတော့သည်။ tank တခုနှင့် တခု ဆက်ထားသော ဝင်ပေါက်မှာ လူတကိုယ်စာ သာ ရှိသဖြင့် တယောက်ပြီးမှ တယောက် ထွက်ရပါသည်။ ဤသို့ဖြင့် ထွက်လာကြရာ tank ၉ နှင့် ၈ တွင်လည်း မီးခိုးများဖြင့် ပြည့်နေပါသည်။

ဤသို့ စမ်း တဝါးဝါး မမြင်မကန်း နှင့်ကျော်ဖြတ်ကြရာ ရှေ့ဆုံး မှ ထွက်သူက ထွက်ပေါက်ရှိသော tank ၅ ကို ကျော်၍ tank ၄ အတွင်းသို့ ဝင်သွားရာ နောက်လူများကလည်း တယောက်ပြီး တယောက် လိုက်ဝင်သွားကြပါသည်။ ကျွန်တော့ အနေဖြင့် ငြမ်းအဖွဲ့ ခေါ်င်းဆောင် ဖြစ်သောကြောင့် နောက်ဆုံးမှ လိုက်ထွက်ရပါသည်။

ဤသို့ tank တခုပြီး တခု ကျော်ဖြတ်ကြရာ ထွက်ပေါက်ရှိသော tank ၅ ကို ကျော်ဖြတ်မိကြ၍ အားလုံး tank ၁ တွင် စုမိကြပါသည်။ မီးခိုးများက မွန် တယောက်နှင့် တယောက်ကလည်း ကောင်းစွာ မမြင်ရ အော်ကြဟစ်ကြနှင့် ရှေ့ဆုံး မှ လူက မီလောင်း နေပြီ နောက်ပြန် ဆုတ်ကြ နောက် ပြန်ဆုတ်ကြ ဟူ၍ အော်ပြောသဖြင့် အားလုံး နောက်ပြန်ဆုတ် tank တခုပြီးတခု ကျော်ဖြတ်ပြန်ရာ ကျွန်တော်တို့ အလုပ်လုပ်ရာ tank နံပါတ် ၁၀ သို့ ပြန်ရောက်လာကြပါတော့သည်။

0002.jpg

ထို့နောက် နောက်ပြန်လည့်ကြ ဤသို့ tank တခုပြီးတခု ဖြတ်ကျော်ရင်း tank နံပါတ် ၅ ထွက်ပေါက်ရှိရာကို ကျော်ကျော်သွားကြသဖြင့် ရှေ့သွား နောက်ဆုတ်ဖြင့် လည် နေကြပါတော့သည်။ ပုံမှန် အချိန်ဆိုလျင် ပြင်ပအလင်းရောင်ကြောင့် ထွက်ပေါက်ကို မြင်ရမည် ဖြစ်သော်လည်း မီးခိုးများ ပိတ်လှောင် နေသဖြင့် မမြင်မကန်းဖြင့် ကျော်ဖြတ်သွားကြခြင်း ဖြစ်ပါသည်။

ထိုအချိန်တွင် ကျွန်တော့မှာ စိုးရိမ်စိတ် တော်တော်ကြီး နေပြီ ဖြစ်ပါသည်။ ထွက်ပေါက် မတွေ့ပါက အားလုံး မီးခိုးမွန်၍ သေကုန်ကြတော့မည် ဖြစ်ပါသည်။ ကံကောင်းထောက်မ၍ အပြင်မှ supervisor က ဝင်ရောက်လာကယ်သဖြင့် အပြင်သို့ ရောက်ကြရခြင်း ဖြစ်ပါသည်။ ပြသနာမှာ tank နံပါတ် ၁ ၏ အခြားတဖက်မှ အလုပ်လုပ်သူများက tank နံရံအား gas cutter ဖြင့် ဖြတ်တောက်ကြရာ အခြားတဖက်ဖြစ်သော ကျွန်တော်တို့ tank ဖက်တွင် မီးခိုးများ တောက်လျှောက် tank တခုပြီးတခု ဝင် ရောက်လာကြခြင်းဖြစ်ပါသည်။

tank အတွင်း၌ မီးလုံး များ ဆင်ထားသော်လည်း မီးခိုးများ မွန်နေသောအခါ ကောင်းစွာ မမြင်ရကြတော့ပါ။ ကံကောင်းလွန်း၍သာ မသေကြခြင်း ဖြစ်ပါသည်။ အထူးသဖြင့် supervise မှာ မိမိတို့ tank အတွင်း အလုပ်လုပ်နေသော အခါ အနီးကပ်ကြီးကြပ်ရမည် ဖြစ်သော်လည်း သူ့အနေဖြင့် tank အတွင်း၌ ပူလွန်းသဖြင့် အပြင်ထွက်ထိုင်နေခြင်းဖြစ်ပါသည်။

ကျွန်တော်တို့အားလုံး အပြင်ရောက်မှ ထိုကုလား supervisor က အထက်လူကြီးများအား မတိုင်ရန် မိမိတို့အား တောင်းပန်ပါတော့သည်။ ကျွန်တော်တို့ အနေဖြင့် မိမိတို့ tank အတွင်း၌ ပိတ်မိနေကြောင်းကို ရုံးတို့ တိုင်ကြားလိုက်လျင် ထိုကုလား supervisor မှာ အလုပ်ပြုတ်သွားမည် ဖြစ်ပါသည်။

0003.jpg

ဤ tank အတွင်း၌ မီးခိုးများ မွန်နေ၍ ထွက်ပေါက် မတွေ့သော အဖြစ်အပျက်မှာ ကျွန်တော့အား အတော်လေး ချောက်ခြားသွား စေ၍ မသိစိတ်ထဲတွင် အကြောက်တရားကိန်းအောင်းသွားရကာ ယနေ့ အချိန်အထိ တခါတရံ အိမ်မက်ဆိုးအဖြစ် မက်နေပါသေးသည်။ အိမ်မက်ထဲတွင် tank အတွင်းမှ မထွက် တတ်၍ တဝဲလည် လည် ဖြစ်နေရပုံ နှင့် အိမ်မက်မှ လန့်နိုးသွားမှ မိမိမှာ သင်္ဘောကျင်းတွင် အလုပ်မလုပ်တော့ကြောင်း စဉ်းစားမိမှ သက်ပြင်းချနိုင်ပါတော့သည်။

ဤသည်မှာ သင်္ဘောကျင်း ငြမ်းလုပ်သားများ ဘဝ၏ များစွာသော အတွေ့အကြုံမှ တခုကို ဖေါ်ပြရခြင်းသာဖြစ်ပါသည်။ သင်္ဘောကျင်း ငြမ်းအလုပ်သမား ဘဝမှာ tank ထဲတွင် အလုပ်လုပ်လျင် ပူလောင်အိုက်စပ်၍ နေပူထဲအလုပ်လုပ်ရလျင် လည်း အပေါ်ပူ အောက်ပူ ချွေးထွက်လွန်း၍ ဝတ်ထားသော အင်္ကျီမှာ ချွေးများဖြင့် စိုရွဲ နေလေ့ရှိပါသည်။

ထိုချွေးများ ပြန်ခြောက်သွားလျင် အင်္ကျီ ပေါ်တွင် ဆားကွက်များကျန်ခဲ့လေ့ရှိပါသည်။ တနေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့၍ ည ဘက် အဆောင် ရောက်၍ အိပ်ရာ ဝင်လျင်မောပန်းလွန်း၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်ဟု မထင်ပါနှင့်။ တနေကုန် နေပူထဲတွင် လုပ်ထားသော အပူများက ည အချိန်တွင် ပြန်ကန်ထွက်ပါသည်။

တကိုယ်လုံး ပူနေ၍ ဘယ်လိမ့်လိုက် ညာလိမ့်လိုက် အိပ်တဝက် နိုးတဝက်ဖြင့် မခံနိုင်လွန်လျင် ရေပတ်ထတိုက်ရပါသည်။ နံနက် ၃ နာရီ ထိုး ချိန်ခန့်မှ အပူလျော့သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ပါသည်။ သို့သော် နံနက် ၅:၃၀ လျင် အိပ်ယာထရပါသည်။ အိပ်ရေး မဝသေးသော်လည်း နှေးတိလေးကန် သော ခြေလှမ်းများဖြင့် နောက်တနေ့ လုပ်ငန်းခွင် ဝင်ရပါသည်။

ဤသည်မှာ တရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် နေ့စဉ်ဖြစ်ပါသည်။ ထို့ကြောင့် ငြမ်း အလုပ်သမား တယောက်မှာ သုံးရက် ခန့် အလုပ်ဆက်တိုက်လုပ်လိုက်လျင် တရက်ခန့် အနားယူရပါသည်။ အဖွဲ့တွင် အလှည့်ကျ အနားယူကြရပါသည်။

0004.jpg

ကျွန်တော် ငြမ်း အလုပ်စလုပ်ပြီး ၃ လခန့်အကြာတွင် ပေါင်ချိန် ၁၅၀ ခန့်ရှိသော ကျွန်တော့ ကိုယ်ခန္ဓာမှာ ပေါင် ၁၃၀ ခန့်သာကျန်ပါတော့သည်။ ထုတ်ပေးထားသော ယူနီဖေါင်းများ ချောင်ကုန်ပါတော့သည်။ တရက် ကျွန်တော်တို့ ငြမ်းအဖွဲ့သားများ ST marine ဟု ခေါ်သော သင်္ဘောကျင်းသို့ သွားရောက်ငြမ်းဆင်ရပါသည်။

ငြမ်းဆင်ရသော သင်္ဘောမှာ အတော်ကြီး သော FPSO သင်္ဘော ဖြစ်ပါသည်။ ထိုသင်္ဘော၏ tank အတွင်း ငြမ်းဆင်သော အခါ ပူလွန်၍ Personal Protective Equipments ( PPE ) ဟုခေါ်သော body harness, hamlet , များ ချွတ်၍ အလုပ်လုပ်ကြပါသည်။ ပုံမှန်မှာ ထို PPE များကို ချွတ်ခွင့်မရှိပါ။

သင်္ဘောကျင်း တာဝန်ရှိသူများတွေ့လျင် ဒါဏ်ရိုက်ပါသည်။ ထိုနေ့ကတော့ ပူလွန်လှ၍ ဖြစ်ချင်တာဖြစ်ဟူ၍ အားလုံး ချွတ်ပြစ်၍ အလုပ်လုပ်ကြပါသည်။ ထို့နောက် အပူချိန်မှာ မခံစားနိုင်ရကာ ဝတ်ထားသော ယူနီဖေါင်းများပါ ချွတ်ပြစ်ကြပါသည်။ ကျွန်တော်တို့ တဖွဲ့လုံး နီးပါး tank ထဲတွင် အတွင်းခံဘောင်းဘီ ကလေးသာ ဝတ်၍ ငြမ်းဆင်ကြပါသည်။

ထိုအချိန်တုန်းက သင်္ဘောကျင်းတာဝန် ရှိသူ တယောက်ယောက်မှ tank အတွင်းဆင်းလာ၍ လာစစ်ဆေးလျင် သေချာပေါက် ဒါဏ်ရိုက်ခံရမည့် အပြင် မြန်မာပြည်လည်း ပြန်ပို့ခံရနိုင်ပါသည်။ ယခုဤဆောင်းပါးရေး၍ ထိုအကြောင်းများ ပြန်တွေးမိလျင်ပင်ပြုံးမိပါသေးသည်။ အဖွဲ့သားများအားလုံး အတွင်းခံ သာဝတ်၍ အလုပ်လုပ်ကြပုံမှာ ယခုထိ မျက်လုံးမှ မထွက်သေးပါ။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit :original source

Author : Henry Aung ( Kachin )
MSC : 001

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း - ( ၁၆ ) | Ecency