HivePay အကြောင်း ( Henry Aung )

Words
222
Reading
1 min
Listen
Play
5y

111.jpeg

မင်္ဂလာပါ။ ယမန်နေ့က မြန်မာကိုကိုအနေဖြင့် pizza token ဖြင့် အခြားသော game များ ကစားနိုင်ပြီ ဖြစ်သည့် အကြောင့် ကျွန်တော့ post တွင် comment ပြန်လာပါသည်။ အမှန်ဆိုရလျင် ကျွန်တော် game များအား စိတ်ဝင်စားခြင်း မရှိလှပါ။ သို့သော် Pizza token အနေဖြင့် upgrade တခုပြုလုပ်လိုက်ပြီ ဆိုတော့ စိတ်ဝင်စားသွားပါသည်။ ဆိုတော့ ဝင်ပြီးလေ့လာရသည်ပေါ့။

ဤတွင် သတိထားမိသည်မှာ Pizza token ဖြင့် အခြားသော game ကစားနိုင်ခြင်း မဟုတ်ပါ။ Pizza token ( cryptocurrency) ဖြင့် အခြားသော PC game များ ဝယ်ယူနိုင်ခြင်းပင် ဖြစ်ပါသည်။ ဝယ်ယူနိုင်သော game များမှာ အတော်များပါသည်။ game အမျိုးအစားအလိုက် USD $ 3 မှ USD $ 25 အထိ ရှိသော game အမျိုးမျိုး ဖြစ်ပါသည်။

ထို game များ၏ USD $ တန်ဖိုးရှိသလောက် pizza token ဖြင့် ဝယ်ယူနိုင်ခြင်း ဖြစ်ပါသည်။ စိတ်ဝင်စားစရာတော့ ကောင်းပါသည်။ Game ဟူ၍ ကျွန်တော်မက်မက်မောမော ကစားခဲ့တော့ game မှာ Silent Hill ( PS-2 ) ဖြစ်ပါသည်။ လွန်ခဲ့သော ၂၀၀၁ ခုနှစ်ဝန်းကျင်က။ ရှိစေတော့ ။

Pizza token ဖြင့် အခြားသော game များ ဝယ်ယူနိုင်သည်နှင့် ပတ်သက်၍ ကျွန်တော် သတိထားမိသည်မှာ HivePay ဖြစ်ပါသည်။ ယခင်က ကျွန်တော် သတိမထားမိခဲ့ပါ။ HivePay အားဆက်လေ့လာတော့လည်း HivePay ဖြင့် အခြားမည်သည့် အရာများ ဝယ်နိုင်သည်ကို မသိရသေးပါ။

HivePay တွင် ... Hive / HBD / Hive Engine token များဖြင့် ပေးချေနိုင်ကြောင်းသိရပါသည်။ ဤသို့ဆိုလျင် ယခု ဈေးကွက်တင်ထားသော game များမှာ Pizza ဖြင့်သာ မက အခြားသော Hive Engine token များ ဖြင့်လည်း ဝယ်ယူနိုင်မည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် HivePay system ကို အသုံးပြုထားသော ကြောင့် ဖြစ်ပါသည်။

ဤသို့ ဆိုလျင် ကျွန်တော်တို့ Hive platform ကလည်း ဘယ်ဆိုးလို့လည်း ဟု ဆိုရမည်ပင်ဖြစ်ပါသည်။ E-commerce များတွင် HivePay system တွင်ကျယ်လာသည်နှင့် အမျှ Hive platform သည် အောင်မြင်လာမည်ဟု ထင်ပါသည်။ အထင်သာ ဖြစ်ပါသည်။

HivePay system အောင်မြင်စေရန် E-commerce website များတွင် ကြေညာကောင်းကောင်း ဝင်ရန် လိုပါလိမ့်မည်။ ပြောရမည်ဆိုလျင် Hive platform အနေဖြင့်လက်နက်အပြည် အစုံတပ်ဆင်ထားသည့် အခြေအနေဟု ပြောနိုင်ပါသည်။ ဘယ်အချိန် စစ်ထွက်တိုက်မည်တော့ မသိရသေးပါ။ မည်သို့ပင်ဆိုစေ ကျွန်တော်တို့ Hive အပြင် Hive Engine token များ စုဆောင်းထားသည်က အမှားမရှိနိုင်သည်ကတော့ သေချာပါသည်။

Henry Aung ( Kachin )

18/05/2021 - Tuesday - 10;45 Am

HivePay အကြောင်း ( Henry Aung ) | Ecency