မင်္ဂလာပါ။ ဒီ post ဟာ ကျွန်တော့အတွက် Hive Blockchain မှာ ပထမဦးဆုံး တင်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ လမ်းဟောင်း ကိုထားခဲ့ပြီး လမ်းသစ် ပေါ်လျှောက်လှမ်းရာမှာ အခက်အခဲတွေ အတော်များ များ တွေ့ကြရအုံးမှာပါ။
အားလုံး သိပြီးသား ဖြစ်တဲ့ အတိုင်း ကျွန်တော်တို့ ဟာ Witness အဟောင်းတွေနဲ့ အတူ Hive blockchain ကို ရောက်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အရင် platform အဟောင်းပေါ်မှာ ကျန်နေခဲ့ကြသူ အချို့ကတော့ ကျွန်တော်တို့လို Hive Blockchain ကို Hive coin များ Airdrop များရယူနိုင်ခဲ့ ခြင်း မရှိခဲ့ကြပါဘူး။
ဒီအခြေအနေမျိုးဟာ ဆုပ်လည်းဆူး စားလည်းရူးဆိုတဲ့ အခြေအနေမျိုး ဖြစ်သာ ဖြစ်ပါတယ်။ ကျွန်တော်တို့လိုအရင်က Curie အထောက်ပံ့ခံ အဖွဲ့အစည်းငယ် လေးတွေ အများအား ဖြင့် Non-English တွေဟာ Platform အဟောင်းမှာ ကျန်နေရစ်ခဲ့ရင်လည်း အထောက်အပံ့မရနိုင်တော့သလို အခုလို Hive platform ပေါ်ရောက်လာတော့လည်း အများ အသိအမှတ် ပြုခံရအောင် အတော်ကို နည်းလမ်းရှာပြီး ကြိုးစားရအုံးမှာ ဖြစ်ပါတယ်။
ဆိုတော့ ကျွန်တော့ အထင် မြန်မာ စာရေးသားပြီး Hive Platform ပေါ်ကို ရောက်လာခဲ့တာ လက်ဆယ်ချောင်း မပြည့်ဘူးလို့ ထင်ပါတယ်။ အရင် platform အဟောင်းတုန်းက community နံပါတ်တွေ၊ Logo တွေဟာ အသုံး မဝင်တော့ပါဘူး။
ဒီနေရာမှာ ကျွန်တော်တို့ အနေနဲ့ အရင် အစွဲဟောင်းကို ဖျက်ပြစ် ပြီး Myanmay Hive Community ကို ဖွဲ့စည်းဖို့ လိုအပ်လာပါပြီ။ Hive Platform ပေါ်မှာ မြန်မာစာ ရေးသားသူအချင်းချင်း ဖေးမကူညီ လက်တွဲခေါ်ပြီး ရှေ့ဆက်ရမဲ့ အနေအထား ဖြစ်လာပါပြီ။
ဆိုလိုတာ ကျွန်တော်တို့ဟာ လမ်းသစ်ပေါ်ကို စမ်းတဝါးဝါးနဲ့ တက်လာခဲ့ကြပါပြီ။ Hive Platform အနေနဲ့လည်း အခုမှ အစပြုတာဆိုတော့ လိုအပ်ချက် အတော်များများ ရှိနေအုံးမှာပါ။ အကယ်၍ တစုံတယောက်က ကျွန်တော့ကို ခင်ဗျား ၄ နှစ်လုံးလုံး ကြိုးစားခဲ့တဲ့ Blog တခုကို ဒီအတိုင်းထားခဲ့မှာ လား မေးလာခဲ့လျင် ကျွန်တော့ အဖြေကတော့ မထားခဲ့ချင်ပါဘူး။
ဒါပေမယ့် ၂ လမ်း ထဲက တလမ်းကို ပြတ်ပြတ်သားသား ရွေးရမှာမို့ လမ်းသစ်ကို ရွေးခဲ့ခြင်းပါ။ လမ်းဟောင်းက ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့လားရာကို သဘောမကျတော့လို့ပါ။ ကျွန်တော် စမ်းတဝါးဝါး နဲ့ Hive platform ပေါ်ကို စတင်လျှောက်နေပါပြီ။ တနည်းပြောရရင်တော့ ရထား ပြောင်းစီးသွားပါပြီ။
Henry Aung ( Kachin )