Hive Platform နှင့် ကျွန်တော်တို့ ရှေ့ရေး ( Henry Aung )

Words
236
Reading
2 min
5y
Listen to this post
~2 min

001.jpeg

မင်္ဂလာပါ။ ဒီနေ့တော့ အချိန်လေး အနည်းငယ်ရသောကြောင့် Hive အကြောင်း ရေးမည်ဟု စိတ်ကူးထားပါသည်။ လွန်ခဲ့သော June လကုန်ပိုင်တွင် HF25 အဆင့်မြှင့်တင်ခဲ့ကြပါသည်။ အဆင့်မြှင့်တင်ခဲ့သည့် အကြောင်း အရာ အတော်များများမှာ နည်းပညာ ပိုင်းနှင့် ဆိုင်သောကြောင့် ကျွန်တော်လည်း နားမလည်ပါ။

ကျွန်တော် သဘောကျသည့် အကြောင်းအရာတခုမှာ HBD အား USD 1$ ဖြင့် ဈေးငြိမ်နေအောင် ထိန်းညှိထားကြရန် နှင့် မိမိ Hive Saving Account ထဲတွင် HBD စုထားလျင် ပုံမှန် အတိုး ၇ % နှုန်း ရနိုင်သည် ဆိုသည့် အကြောင်းအရာ ဖြစ်ပါသည်။

အတိုးနှုန်း ရသည်ကတော့ သေချာပါသည်။ သို့သော် နေ့စဉ် ရနေသည်လား အပတ်စဉ်ရနေသည်လား လစဉ်ရနေသည်လား ဟူ၍ ရှာကြည့် သော အခါ အသေးစိတ်ရေးထားသည်ကို မတွေ့ရပါ။ ကျွန်တော့အထင် Saving အကောင့်မှ Hive နှင့် HBD များ ပြန်ထုတ်ရန် အချိန် သုံးရက် ပေးရပါသည်။ ထို့ကြောင့် ၃ ရက် တကြိမ် အတိုးပေးမည်ဟု ထင်ထားပါသည်။

အခြား တဖက်ကကြည့် လျင်လည်း ကျွန်တော်တို့ စာရေး ၍ ရသော Rewards များ Upvote ပေး၍ ရသော Rewards များမှာ ၇ ရက်ပြည့်မှ မိမိ အကောင့် အတွင်းသို့ ရောက်လာသော ကြောင့် ဤ HBD အတိုးသည်လည်း ၇ ရက်တကြိမ် ပေးလိမ့်မည်ဟု ထင်ရပြန်ပါသည်။

သို့ပေသိ Hive power up ၍ ရသော အတိုးနှုန်းကတော့ တမိနှစ်လျင် တကြိမ် အတိုးရပါသည်။ ကျွန်တော်တို့ကဲ့သို့သော HP မဖြစ်စလောက် လေးများက မသိသာ လှ သော်လည်း HP သန်းနှင့် ချီသူများ၏ အကောင့် အတိုးနှုန်းသည် မိနစ်နှင့် အမျှ ပြောင်းလည်း နေပါသည်။

မည်သို့ပင် ဆိုစေ HBD အား USD 1$ နှင့် ထိန်းချုပ်ထားနှိုင်ထားခြင်းက Hive platform အတွက် အနာဂတ် HBD အား ငွေကြေးတရပ် အဖြစ် အသုံးချနိုင်တော့မည် ဖြစ်ပါသည်။ ကျွန်တော် စိတ်တွက်တွက်ကြည့်ပါသည်။

ကျွန်တော်တို့ ပိုက်ဆံများ ဘဏ်ထဲတွင် ထည့်ထားလျင် တလလျင် ဘဏ်တိုး ရှစ်ကျပ် ရနိုင်ပါသည်။ သို့သော် ယခုကဲ့သို့ ကျပ်မပြည့်သူများ နှစ်ကျပ်ကွက် နင်းနေသော အခါ ဘဏ်တိုး မပြောနှင့် ရှိနေပြီးသော ပိုက်ဆံ ပင် ထုတ်မရတော့ပါ။

ဆိုတော့ မိမိပိုက်ဆံအား USD 1$ နှင့် ညီမျှ အောင် ထိန်းချုပ်ထားသော HBD ဝယ်ထားကာ Saving ထဲတွင် ထည့်ထားခြင်းက တပတ်မဟုတ် တလလျင် ၇ % နှုန်း အတိုးရနေခြင်းကပင် အမြတ်ထွက်နေပြီ ဖြစ်ပါသည်။

တလလျင် တကြိမ် အတိုးသတ်သည် မဟုတ် တပတ်လျင် တကြိမ် အတိုးသတ်သည် ဆိုလျင်တော့ သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူးဟု ဆိုရမလိုပင် ဖြစ်ပါသည်။ ကျွန်တော်လည်း HBD အတိုးမည်ကဲ့သို့ ရနိုင်ကြောင်း သိလို၍ Saving Account အတွင်းသို့ HBD 10 ခန့် ထည့်ထားရန် ရည်ရွယ်ထားပါသည်။ အတိုးရလာလျင် မည်သို့ မည်ပုံ ရလာကြောင်း စာရေး၍ Post တင်ပေးပါမည်။

Henry Aung ( Kachin )

05/07/2021 - 17;45 Pm

Hive Platform နှင့် ကျွန်တော်တို့ ရှေ့ရေး ( Henry Aung ) | Ecency