Hive Platform အသက်ရှည်ပါစေ ( Henry Aung )

Words
245
Reading
2 min
Listen
Play
6y

111.jpeg

မင်္ဂလာပါ။ ယခင်တုန်းကတော့ဤဆုတောင်းမျိုးသည် Steemit ဟူသော အမည်နာမ ပါလာမည်သာ ဖြစ်ပါသည်။ သို့သော် ယခု Hive platform ပေါ်သို့ရောက်လာတော့လည်း ဆုတောင်း ပြောင်းရမည်သာ။ ရှိစေတော့။ ယမန်နေ့က ကျွန်တော့ Steem များအား Steem Engine မှ Hive သို့ ပြောင်းယူ ခဲ့ကြောင်း ပြောပြခဲ့ပြီး ဖြစ်ပါသည်။

လက်ရှိ အချိန်အထိ Steem Engine တွင် 1 Hive = 1.3 Steem စျေးပေါက် နေသည်ကို တွေ့ရပါသည်။ ကျွန်တော့ အနေဖြင့် Hive နှင့် Steem စျေး ကို ပြောလိုရင်း မဟုတ်ပါ။ ကျွန်တော်ပြောချင်သည်မှာ Steem-Engine နှင့် Hive -Engine တို့ အကြောင်း ဖြစ်ပါသည်။

တချိန်က Steemit တွင် Steem-Engine ပေါ်လာကာစတွင် အုန်းအုန်းထ ဂယက်ရိုက်ခဲ့ကြပါသည်။ အဘယ့်ကြောင့် ဆိုသော် SMT မျှော်နေကြသူများ အဖို့ Steem Engine token များသည် စိတ်ဖြေရာ ဖြစ်ခဲ့ရပါသည်။ ကျွန်တော်သိသလောက် Steem-Engine တွင် ကိုးရီယားတို့၏ Token များ နေရာယူကာ ၊ Leo , PAL အစရှိသဖြင့် ခေတ်စားခဲ့ကြပါသည်။

Steem-Engine မှ Hive - Engine တို့ပြောင်းကြရာတွင် Steem-Engine မှ စျေးကစား၍ရသော Token အတော်များများကျန်ခဲ့ကြပါသည်။ Hive-Engine တွင် ကိုးရီးယားတို့ token များပါမလာခဲ့ပါ။ သို့သော် ကျွန်တော်သိသော Leo နှင့် PAL သို့ပါဝင်လာခဲ့ပြီ ဖြစ်ပါသည်။

Leo ကတော့ ကျွန်တော် မသုံးဘူးသောကြောင့် အဘယ်သို့ အလုပ်လုပ်ကြောင်း မသိရပါ။ သို့သော် PAL ကတော့ မိမိတို့ Steem-Engine တွင် ရှိသော PAL အလျောက် Hive -Engine တွင် PAL airdrop ချပေးသည်ဟုသိရပါသည်။

PAL token စုထားသူတို့ Hive Engine သို့ ဝင်ကြည့်ကြပါကုန်။ ကျွန်တော်လည်း Hive-Engine သို့ PAL ဝင်ရောက်လာပြီနောက် PAL token အနည်းငယ်အား ဝယ်စု၍ Stack လုပ်ထားခဲ့ပါသည်။ မဆိုးလှပါ။ နေ့စဉ် PAL token များ point နှင့်ရနေပြီဖြစ်ပါသည်။

Hive Engine တွင် PAL ၏ အစီအစဉ်မည်သို့ရှိသည်ကို မလေ့လာရသေးပါ။ သို့သော်လည်း အများသိပြီး ဖြစ်သည့် အတိုင်း Hive သည် ယခင် Steemit platform ကဲ့သို့ တန်းတူ ဖြစ်ရန် Project အတော်များများ လုပ်ဆောင်ရန် ကျန်ရှိနေရသေးသည်ဖြစ်ကာ Steemit ကဲ့သို့ SMT မထွက်လာမှီ စပ်ကြား Hive Engine အား အားကိုးနေရမည့်ပုံဖြစ်ပါသည်။

ဤသည်မှာ ကျွန်တော့ အမြင်သာ ဖြစ်၍ ထိုကဲ့သို့ မုချဖြစ်လာမည်ဟု ဆိုလိုရင်း မဟုတ်ပါ။ Cryptocurrency လောကသည် ခန့်မှန်းရခက်ပါသည်။ မိမိဝယ်ယူထားသော Coin / token များသည် စျေးထိုးကျသွားတတ်သလို ၊ မိမိ မထင်ထားသော Coin / token များကလည်း စျေးထိုးတက်သွားတတ်သည့် အနေအထားများကို မိတ်ဆွေတို့ ကြုံဘူးကြမည်ဟုထင်ပါသည်။

ဤသည်မှာ လက်ရှိကျွန်တော်တို့ ကြုံတွေ့နေရသော Cryptocurrency တို့၏ အနေအထားဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့သည် မိမိတို့ ပိုက်ဆံအိတ်ထဲမှ စိုက်ထုတ်စရာမလိုပဲ Online မှ ရရှိ နိုင်သော Cryptocurrency များအား ရှာဖွေရာတွင် Hive-Engine ရှိ Coin/ token များအားလည်းထည့်သွင်းစဉ်းစားစေချင်ပါသည်။

Henry Aung (Kachin)
H1.jpeg

Hive Platform အသက်ရှည်ပါစေ ( Henry Aung ) | Ecency