Hive Engine Tokens များ ( အပိုင်း - ၁ ) ( Henry Aung )

Words
336
Reading
2 min
Listen
Play
5y

111.jpeg

မင်္ဂလာပါ။ ယခု ကျွန်တော် ဖေါ်ပြမည် ဖြစ်သော Hive Engine token များ မှာ ကျွန်တော် သဘောကျနေသော token များသာ ဖြစ်၍ မဖြစ်မနေ ဝယ်စုရမည်ဟု မဆိုလိုပါ။ Cryptocurrency များ ဝယ်စုရာတွင် မိမိ အကြိုက်တွေ့ခြင်း နှင့် အချိန်ပေး နိုင်ခြင်း အပေါ် အများကြီး မူတည်ပါသည်။

ကျွန်တော်တို့ အနေဖြင့် ပြင်ပရှိ BTC / ETH / BNB တို့အား လက်လှမ်း မမှီတော့ပါ။ ထို့ကြောင့် Hive platform တွင် ရှိနေသမျှ ကာလပတ်လုံး Hive အား အမှီပြု၍ Hive Engine မှ ထုတ်သော token များအား စုဆောင်း နိုင်တော့မည် ဖြစ်ပါသည်။

ကျွန်တော်တို့ကဲ့သို့သော ငါးကြင်းဆီ ဖြင့် ငါးကြင်း ကြော်ရသည်ကို သဘောကျသူများအဖို့ Hive Platform မှရသော Hive များဖြင့် နည်းနည်းချင်း ဝယ်စု ထားသင့်သော Token များအကြောင်းကို ပြောပြချင်ပါသည်။

ပထမဆုံး အနေဖြင့် DEC ခေါ် Dark Energy Crystals ။ DEC သည် Splinter Land Game မှ ထုတ်သော token ဖြစ်ပါသည်။ Splinterland မှာ ယခင် Steemit ကတည်းက အောင်မြင်နေခဲ့သော Game ဖြစ်ပါသည်။
ကျွန်တော်ကတော့ Game ကစားသည်ကို မနှစ်သက်၍ ထို Game မည်သို့ ကစားရသည်ကို မသိပါ။

အမှန်ဆိုရလျင် DEC မှာ Hive Engine ဝယ်ရောင်း ဈေးကွက်တွင် ဝယ်လိုအား ရောင်းလိုအား ရှိ၍ ၂၄ နာရီ ဝယ်ရောင်း အား ဒေါ်လာ ၂၀၀၀ ကျော်ခန့်အထိ နေ့စဉ်ရှိသော token ဖြစ်ပါသည်။ DEC မှာ token ထုတ်လုပ်ရန် ရည်မှန်းချက် ၉ ထီလီယံ အထိ ရှိပါသည်။

သို့သော် လက်ရှိအချိန်ထိ ထုတ်လုပ်ထားသော token မှာ ၁.၆၅ ဘီလီယံ ရှိပြီး ဈေးကွက်တွင် game ထဲတွင် လည်ပတ်နေသော DEC များမှာ ၆၂၁ သန်းကျော်ရှိပါသည်။ လက်ရှိ DEC ဈေးမှာ 0.001 Hive ခန့်သာရှိ၍ ဝယ်ပျော် သော ဈေးအနေအထား ဖြစ်ပါသည်။ ဝယ်စုထားရန်သာ ဖြစ်ပြီ ဈေးတက်လျင် ရောင်း သို့မဟုတ် Game ထဲ ထည့်ဆော့ ရန်သာ ဖြစ်ပါသည်။ Staking လုပ်၍ မရသော ကြောင့် Staking reward မရှိပါ။

အခြားတခု ဝယ်စုထားသင့်သော token မှာ POB ခေါ် proof of Brain ဖြစ်ပါသည်။ POB တွင် ကိုယ်ပိုင် Platform ရှိ၍ မိမိ Hive တွင် တင်သော post အား POB tag တွဲပေးရုံသာ ဖြစ်ပါသည်။ PAL / Leo / Neoxag ကဲ့သို့သော Blogging platform ဖြစ်၍ သူ၏ platform မှာ proofofbrain.io ဖြစ်ပါသည်။

POB token မှာ စုစုပေါင် ၂၁ သန်းသာ ထုတ်လုပ်မည် ဖြစ်ပြီး လက်ရှိလည်ပတ်နေသော token ပမာဏမှာ ၄၉၂၀၃၂ POB သာရှိပါသေသည်။ Mining မရှိသလို token ထုတ်ယူနည်းမှာ staking လုပ်ထားပြီး Vote ပေးခြင်းဖြင့်သာ token ထုတ်လုပ်ပါသည်။ အနည်းဆုံး 1 POB မှစ၍ Stacking လုပ်နိုင်ပါသည်။

လက်ရှိချိန်အထိ ၁၃၅၇ POB အား Burn ( ဖျက်ဆီး ) ပြီးဖြစ်ပါသည်။ POB အနေဖြင့် ထုတ်လုပ်သော token ပမာဏ နည်းခြင်း Token ထုတ်သော စနစ်တခုတည်းသာ ရှိခြင်း ၊ token ဖျက်ဆီးသော စနစ်များ ရှိခြင်း တို့ကြောင့် အလွန်အလားအလာ ကောင်းသော token ဖြစ်ပါသည်။

လက်ရှိ POB ဈေးမှာ 1.6 Hive ဈေးပေါက်နေသောကြောင့် Hive ထက် ဈေးပိုကြီးနေပါသည်။ ထို့ကြောင့် ဤ token အား အများအပြားပိုင်ဆိုင်နိုင်ရန် မဖြစ်နိုင်ပါ။ Hive စုသကဲ့သို့ နည်းနည်း ချင်းသာ စုသွားနိုင်ပါလိမ့်မည်။

အခြားတခုမှာ PAL token ဖြစ်ပါသည်။ PAL token မှာ ယမန်နေ့က ဆောင်းပါး တွင် အပြည့် အစုံ ဖေါ်ပြပေးသွားပြီ ဖြစ်၍ ထပ်မံ မဖေါ်ပြတော့ပါ။ မဖတ်ရသေး သူများ “ PAL နှင့် ကျွန်တော်ထင်သမျှ " ဆောင်းပါးအား သွားရောက်ဖတ်ရှုနိုင်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

12/05/2021 - Wednesday - 10;35 Am

Hive Engine Tokens များ ( အပိုင်း - ၁ ) ( Henry Aung ) | Ecency