Cryptocurrency ဟုဆိုရာဝယ် ( Henry Aung )

Words
186
Reading
1 min
Listen
Play
5y

111.jpeg

မင်္ဂလာပါ။ Cryptocurrency များအကျဘက်သို့ ဦးတည်လျက်ရှိရာ ကျွန်တော်တို့ ဇတ်လိုက် Hive သည်လည်း ဘာခံနိုင်မည်နည်း။ အများနည်းတူပေါ့။ ယနေ့ နံနက်စောစော Hive တန်ဖိုးကြည့်လိုက်သောအခါ 0.57$ ဆိုတော့... အဲလယ်... ဘယ်ဆိုးလို့လဲပေါ့။

ဝမ်းသာမည်မှ မကြံသေး နောက် ၃ နာရီ ခန့်အကြာ တွင်တော့ ပြား ၄၀ ကျော် ထို့နောက်တော့ ပြား ၃၀ ကျော်သို့ ဆိုက်ရောက်လာပါလေတော့သည်။ ယခင်က 1$ ကျော်အထိ ဈေးတက်ခဲ့သော Leo သည်လည်း တောင့်ခံနိုင်စွမ်း မရှိတော့။ 0.25 $ သို့ ရောက်နေပြီ ဖြစ်ပါသည်။

အမှန်ဆိုရလျင် ဤ အချိန် ဝယ်ထားနိုင်လျင် အလွန်ကောင်းပါသည်။ သို့သော် ဝယ်စရာ ပိုက်ဆံကမရှိ။ အကယ်၍ Leo က ပြား၅၀ ခန့်တွင် ရှိနေလျင်တော့ Hive Engine token များ ဝယ်စုမည်ဟု ကြံထားသော်လည်း အကြံအစည်က အကြံအစည် ဖြစ်သွားပါလေပြီ။ ယခုအချိန် ယခုဈေးနှင့် Leo အား မရောင်းရက်ပါ။ Power up ယုံပေါ့။

Cryptocurrency ဈေးတက်လာလျင် အားတက်ရသလောက် ဈေးကျလာလျင်တော့ ဖျားချင်လာသလိုလို အားမရှိလာသလိုလို ဖြစ်လာပါတော့သည်။ မတတ်နိုင် ဈေးကျခြင်း တက်ခြင်းသည် ကိုယ်တတ်နိုင်သည့် ကိစ္စမဟုတ်။ လက်ရှိ အချိန်တွင်တော့ စာရေး၍ post များ မပြတ်တင်နေရုံသာ။

မည်သို့ပင် ဆိုစေ တချိန်က MSC တွင် ကိုယ်ပိုင် Exchange Site များဖြင့်သာယာခဲ့သော အချိန်များအား ပြန်လည် သတိရမိပါသည်။ ထိုအချိန်တုန်းကတော့ Bank transfer သာ ရှိ၍ အနည်းငယ်အခက်အခဲရှိခဲ့ကြသော်လည်း အများစုကတော့ အဆင်ပြေပါသည်။

ယခု အချိန်ကဲ့သို့ Kpay / Wave Money များသာ ရှိခဲ့လျင်တော့ အလွန်လွယ်ကူမည် ဖြစ်ပါသည်။ MSC exchange သည်လည်း တရားမဝင် ဖွင့်ထားသော Website ဖြစ်သဖြင့် သာ ဖျက်သိမ်းလိုက်ရသည်။ သို့မဟုတ်လျင် ယခုအချိန်ဆိုလျင် အတော် ခရီးပေါက်လောက်ပြီ ဖြစ်ပါသည်။

အမှတ်တရအနေဖြင့် ပြောရလျင် MSC exchange မှ trading သည် မြန်မာငွေ သိန်း ၄၀၀ ကျော်ရှိခဲ့ပါသည်။ အခုတော့လွမ်းစရာ။ အခြေအနေကောင်းသွားလျင်တော့ Hive-Myanmar Community အားလည်း ယခင်လို အခြေအနေဖြစ်အောင် ပြန်လည် ကြိုးစားရပါအုံးမည်။ လက်ရှိ အခြေအနေ လက်ရှိ အင်တာနက်ဖြင့်တော့ အဆင်မပြေပါ။

Hive platform ဖြင့် အပိုဝင်ငွေ Cryptocurrency များ ရရှိနိုင်ကြောင်း မြန်မာလူငယ်အများအား အသိပေးရန်လိုပါသည်။ ယခုတော့ ဆုတောင်းရုံသာ တတ်နိုင်ပါသေးသည်။

Henry Aung ( Kachin )

24/05/2021 - Monday -11;50 Am

Cryptocurrency ဟုဆိုရာဝယ် ( Henry Aung ) | Ecency