အပျင်းထူ၍ ဝပြီ ( Henry Aung )

Words
194
Reading
1 min
Listen
Play
4y

111

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် post မတင် ဖြစ်သည်မှာ တပတ်ကျော်ကြလာခဲ့ပြီ ဖြစ်ပါသည်။ ယခင်က post မတင်ရခြင်း မှာ အလုပ်မအားလို့ နေမကောင်းလို့ ဟူ၍ အကြောင်း ပြခဲ့သော်လည်း ယခုတလော post မတင် ဖြစ်ခြင်းကတော့ အပျင်းထူခြင်း သက်သက်ကြောင့်သာဖြစ်ပါသည်။

ကျွန်တော်ကလည်း ဒီလောက်တောင် အပျင်းထူချင်တဲ့ ကောင် အပျင်းထူစမ်းကွာဟူ၍ စိတ်လွတ်ကိုယ်လွှတ် အပျင်းထူနေခဲ့ပါသည်။ ရလဒ် အနေဖြင့်ကတော့ မိတ်ဆွေတို့သိသည့် အတိုင်း မိမိ post မတင်လျင် မိမိ Hive Power မရသည်သာ အဖတ်တင်ခဲ့ပါသည်။

ယခုတလော Hive ဈေးက ကျသွားရသည့် အထဲ စီးပွားရေး / လူမှု ရေး အရှေ့ကို မျှော်ကြည့် လိုက်သော အခါ မျှော်လင့်ချက် ဘာမှ မယ်မယ်ရရ မတွေ့ရ၍စိတ်ဓာတ် များပင် အတော်လေး ကျလာပါသည်။ မိမိကိုယ်တိုင် အားတင်းထားသည့်တိုင် တခါတလေ တော့လည်း မကျေနပ် စိတ်ကလေးများ ပေါက်ကွဲ ထွက်ချင်မိပါသည်။

Positive thinking မည်မျှ ထားနေသော်လည်း အခြေအနေနှင့် အချိန်အခါက Positive ဖြစ်မနေသော အခါ " ငါမသေသေးပါဘူးလေ " ဟူသောအတွေးဖြင့်သာ ကျေနပ်နေရပါသည်။ ငါမသေ သေးဟုဆိုသော်လည်း အချိန် များက ရပ်နေကြသည်မဟုတ်။ တရက် တလ တနှစ် စသည်ဖြင့် ကုန်လွန်နေကြပါသည်။

အခြားနိုင်ငံများကတော့ ကိုဗစ်ကြောင့် ပျက်စီးသွားသည့် စိတ်ဒါဏ်ရာ များအာ စီးပွားရေး လမ်းဖွင့် ပေးခြင်း ဖြင့် ပြန်လည် ကုစားနေချိန် ကျွန်တော်တို့ကတော့ ဒါဏ်ရာ ပေါ် ဒါဏ်ရာ ဆင့် နေပါတော့သည်။

အကောင်းဆုံးသော ဒါဏ်ရာကုစားနည်းကတော စာရေးရန်သာ ဖြစ်ပါသည်။ အပျင်းထူလေ / အတွေးများလေ / အတွေးများလေ စိတ်ညစ်စရာ များလေ / စိတ်ညစ်စရာ များလျင် ခေါင်းကိုက် လာလေ / စိတ်ဓာတ် ကျလာလေသာ ဖြစ်မည် ဖြစ်ပါသည်။

ထို့ကြောင့် ထိုအရာ များအား ကုစား ရန် အကောင်းဆုံး နည်းမှာ စာရေးရန်သာ ဖြစ်ပါသည်။ စာရေး post တင်နေရလျင် အချိန် တနာရီ ခန့်လောက်တော့ မိမိဘာ အကြောင်း ရေးမည် ဘယ်လို ရေးမည် ထိုင်စဉ်းစား နေရသဖြင့် ထို စိတ်ဒါဏ်ရာများ မှ ခဏသာ လွှတ်မြောက် နိုင်ပါသည်။

ဘာရယ်မဟုတ်ပါ။ ကျွန်တော် အပျင်းထူ၍ ဝပြီ ဖြစ်သဖြင့် မနက်မှ စပြီး စာကောင်းပေမွန် / Cryptocurrency တို့ အကြောင်း ပြန်လည် ဖေါ်ပြပေးမည့် အကြောင်း post တခု ဖြစ်စေရန် အလို့ငှာ လေကြော ရှည်နေရခြင်း ဖြစ်ပါသည်။ သည်းခံကြပါကုန်။

Henry Aung ( Kachin )

16/06/2022 - Thursday - 18;04 Pm

အပျင်းထူ၍ ဝပြီ ( Henry Aung ) | Ecency