မင်္ဂလာပါ။ ကျွန်တော်တို့ AXO လေးကလည်း $ လေးပြကာ ၁၅ မိနစ်တကြိမ် နိပ်ဟနိပ်ဟ ဆိုပြီး နိပ်လိုက်ကြသည်မှာ ယခုတော့ ပလုံသွားပါလေပြီ။ နဂိုကတည်းကထင်ပါသည် ဒေါ်လာ ၅၀၀ ဖိုးလောက်အထိတော့ မည်သူမျှ Airdrop မပေးတန်ရာဟု။ သို့သော်လည်း ရရင်လည်း မဆိုးဘူးဟု ကျေကျေနပ်နပ်ကြီးကို နှိပ်နေခြင်း ဖြစ်ပါသည်။
ကျွန်တော်လည်း စိတ်ပေါက်ပေါက် ရှိလာသည်နှင့် ဒါလောက်တောင် ဖြစ်လှတာ ဟူ၍ တနေကုန် Airdrop များ လျှောက်ကောက်နေခဲ့ပါသည်။ ယခင်က ကောက်ခဲ့သည့် EUSD နှင့် GSP ကတော့ Claim လုပ်နိုင်ခဲ့ပါသည်။
ဈေးကွက် မပေါက်သေး၍ မည်မျှရမည် မသိသေးပါ။ Torum ကလည်း အဆင့်မြှင်တင်နေဆဲမို့ လုပ်စရာသိပ်မရှိသေးပါ။ ဆိုတော့ ရှိရှိသမျှသော Airdrop များသာ လိုက်ကောက်နေပါတော့သည်။ မိတ်ဆွေများ စိတ်ဝင်စားသည်ဆိုလျင် ကော်မန့်ဘောက်တွင်သာ သွားယူကြပါကုန်။
ကျွန်တော်ကလည်း Airdrop ယူထားသော token များ တပြားရရ နှစ်ပြားရရ ဟူ၍ လိုက်ကောက်နေခြင်း ဖြစ်ပါသည်။ မျက်လုံး ညှောင်း လက်ညှောင်း လိုက်သည် ဖြစ်ခြင်း။ သို့သော်လည်း သူများတောင် လိုက်ကောက်နိုင်သေးတာ ဟူ၍ ထွက်သမျှသော လေပြုတ်ကျများအား အလုပ်မရှိ အကိုင်မရှိဆိုတော့ အလုပ်တခုအနေဖြင့် လိုက်ကောက်နေခြင်း ဖြစ်ပါသည်။
ဒီနေ့တော့ ရင်ခံသွားပြီဖြစ်၍ စာလည်း အရှည်ကြီး ရေးချင်စိတ်မရှိ။ နောက်ရက်များ ကျမှ သင့်တော်ရာ Cryptocurrency အကြောင်း ဆောင်းပါး ရေးတင်ပေးပါမည်။သည်းခံကြပါကုန်။
Henry Aung ( Kachin )
15/06/2021 - Tuesday - 16;40 Pm