ချစ်လို့ 

Words
44
Reading
1 min
Listen
Play
8y

ချစ်ခြင်းမှတဆင့်
သဝန်တိုခြင်း …
စိတ်ကောက်ခြင်း …
ရန်ဖြစ်ရခြင်း နှင့် စိုးရိမ်ရခြင်း တွေဟာ တန်းစီပါလာခဲ့ပါတယ် …

လှလို့ ချစ်တာမဟုတ်သော
ချစ်မိ၍သာလှသော ကိုယ့်ချစ်သူသည်
အခြားသူတွေအတွက် မည်သို့ ပင်မြင်စေကာမူ
ကိုယ့်အတွက်တော့ နတ်ဘုံနန်းက ရွှေမင်းသားလေးတပါးပါဘဲ …

ကိုယ်စိတ်ကောက်ရခြင်းဟာလည်း ချစ်လို့ 
သဝန်တိုရခြင်းနဲ့ပူပန်ရခြင်းတို့ သည်လည်း ချစ်လို့ 
ကိုယ်ဆိုးနွဲ့ရခြင်းသည်လည်း ချစ်လို့ 
ကိုယ် သူ့ အပေါ်ဘာဘဲလုပ်လုပ် ချစ်လို့ ပါရှင် ……

FB_IMG_1519704307421.jpg

photo credit # facebook

julia-rain@julia-rain