miss night

Words
37
Reading
1 min
Listen
Play
8y

မှောင်ထဲ မည်းထဲ
သတိရစိတ်က ငုတ်တုတ်ထိုင်
ငေးမိငေးရာကိုငိုင်နေရင်း
လွမ်းတဲ့စိတ်က
အိပ်ရာခင်းလို တွန့်ကြေလာ။

မမြင်မှုန်ဝါးဝါးမှာ
စိတ်ဟာ ခန္ဓာ ကိုခွာ
အတိတ်လိုလို အရိပ်လိုလို
တစ္ဆေတစ်ကောင်လိုလွင့်မျော
ညနက်နက်မှာ
အလွမ်းတွေက အရောင်ရင့်ရင့်လာ။

သောတရှင်ရဲ့လိုရာတေးမှာ
ရင်ဘက်ချင်းညှိသံတွေ
ကြေကွဲဖွယ်ဆွတ်ပျံ့
အလွမ်းဓါတ်ခံဂီတမှာ
ကြယ်တွေဟာ အလိုက်သင့်ကြွေ။

ခရေကောက်သူတစ်ယောက်သာ
အရှိုက်ထိတဲ့ သတိတရတွေ
သီရင်း ကုံးရင်း
အချစ်ရယ်
ဝေးကွာခြင်းကို ဘယ်သို့ နာရမယ်..
သတိတရနဲ့ ဘယ်နှစ်ကြိမ် အိုရမယ်
ကွယ်..လွမ်းရခက်လေတယ်။

miss night | Ecency