Power Up Day for Aug

Words
138
Reading
1 min
Listen
Play
4y

ဒီနေ့တော့ အားလုံးသိသိအတိုင်း Power Up day ပေါ့နော်။ ကျွန်တော်လည်း #pud or #hivepud day မှာ Power မ up ဖြစ်သည်မှာ အတော်လေးကြာနေခဲ့ပါပြီ။ ကျွန်တော်သည် ယခင်လတွေက ကျွန်တော် #dcity game တွေမှာ အာရုံစိုက်နေသောကြောင့် #pud မလုပ် ဖြစ်ခဲ့ပါဘူး။

ဒီလမှာတော့ ကျွန်တော် တင်သမျှ Post တွေကို 100% power up ထားသောကြောင့် ကျွန်တော် စာရေးခြင်းမှ ရရှိသည့် Reward များသည် HP ထဲကိုသာ ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။ ( HIVE တန်ဖိုး ကျဆင်း နေချိန်မှာ HIVE များကို ရသလောက် စုထားခြင်သောကြောင့် ဖြစ်ပါတယ် )

Uploading Screen Shot 2022-08-01 at 16.14.08.png #61

ဒီလမှာတော့ ရရှိသည့် HIVE များကတော့ #dcity game မှ နေ့စဥ် ရရှိသည့် Ranking Reward အဖြစ် ရရှိသည့် HIVE များ ဖြစ်ပါတယ်။ စုစုပေါင်း HIVE 23 ခန့်ကို Power Up နိုင်ခဲ့ပါတယ်။ ယခုရရှိသည့် HIVE များသည် Ranking Reward ငါးခုရှိသည့်အထဲ Income rank တစ်ခုတည်းကနေ အဓိက ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ HIVE ဈေးများသည် မူလ ပေါက်ဈေးထက် နှစ်ဆခန့် တက်သွားပါတယ်။ ဒီတော့ ကျွန်တော်တို့၏ HIVE ဈေးများသည်လည်း နှစ်ဆ တန်ဖိုးမြင့်သွားပါတယ်။ မည်သို့ပင်ဆိုစေ ကျွန်တော်ကတော့ ရေးသားမည်း Post များကို 100% power up ဆက်လုပ် သွားပါအုံးမည်။

#dcity game ကိုတော့ Card များကို ဆက်လုပ်စုသွားပြီး ရောက်ရှိနေသည့် Rankကို ထိန်းသွားရပါ အုံးမည်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဒီနေရာကနေ ဝင်ငွေ တစ်ခု အနေဖြင့် ရရှိမလာနိုင်ဘူးဟုဘယ်သူက ပြောနိုင်မှာလဲ။ ကျွန်တော်ကတော့ လုပ်စရာ ရှိတာကို ဆက်လုပ်သွားရပါအုံးမည်။

johndieo@johndieo
1.8.2022

Power Up Day for Aug | Ecency