ကျွန်တော်တို့၏ အနာဂတ်

Words
153
Reading
1 min
4y
Listen to this post
~1 min

img_0.25370282241671016

Photo Source

ခုရက်ပိုင်း HIVE Myanmar Community မှာ စာသိပ်မ​ေ ဖြစ်ဘဲ တစ်ခြား Community တွေမှာသာ Post တင်ဖြစ်နေပါတယ်။

ဒီနေ့မှာတော့ ကျပ်ငွေ တန်ဖိုး ကျဆင်းခြင်းနှင့် အနာဂတ် ဖြစ်လာနိုင်သည့် အကြောင်းအရာ များကို ကျွန်တော် ဉာဏ်မှီ သလောက် မျှဝေပေးချင်ပါတယ်။

ကျွန်တော်တို့ အားလုံး သိသည့်အတိုင်း ဗဟိုဘဏ်မှ နောက်ဆုံး ထုတ်ပြန်ထားသည့် ကြေငြာချက်များသည် နိုင်ငံ၏ စီးပွားရေးကို ပိုမို ဆိုးဝါးစွာ ထိခိုက်လာနိုင်ပါတယ်။ ( ယခုအချိန်ထိ ကျပ်ငွေ တန်ဖိုး ကျဆင်းလာခြင်းကို ထိန်းကျောင်းနိုင်ခြင်း မရှိသေးပါဘူး )

ပထမ ကြေငြာချက်မှာ နိုင်ငံခြားသား Share တန်ဖိုး သုံးဆယ်ရာခိုင်နှုန်းအောက် နည်းသည့် Company များမှ နိုင်ငံခြားငွေများကို ကျပ်ငွေ အဖြစ် ပြောင်းလဲခိုင်း ခြင်းဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ နိုင်ငံသားများသည် နိုင်ငံခြားငွေ ရရှိခဲ့ပါက ၂၄နာရီ အတွင်း ကျပ်ငွေအဖြစ် ပြောင်းလဲ ရမည် ဆိုသည့် ကိစ္စတစ်ခုပင် ဖြစ်ပါတယ်။

ဒါအပြင် နယ်စပ်ဒေသများတွင် အစားထိုး အသုံးပြုနေသော ယွန် နှင့် ဘတ်တို့ကို အစား ယခင် အသုံးပြုနေကြဂဒေါ်လာကိုသာ ပြောင်းလဲ အသုံးပြုခိုင်း ခဲ့ပါတယ်။

ပြသာနာက ပြည်ပပို့ကုန် နည်းပါးပြီး ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများ များပြားခြင်း ဖြစ်ပါတယ်။ ဒါအပြင် ဗဟိုဘဏ်၏ သက်မှတ်ဈေးနှုန်းသည် ပြင်ပပေါက်ဈေးထက် အဆမတန်ကွာဟ နေပါတယ်။

ဒါအပြင် ပြည်ပကြွေးမှီများကို ပြန်လည်ဆပ်ရန် ရပ်ဆိုင်း ထားခြင်း ( အတိုးရော အရင်းပါ) တို့က မြန်မာကျပ်ငွေ အပေါ် အလွန်အမင်း ယုံကြည်ချက် ကျဆင်းစေပါတယ်။

ထင်သာ မြင်သာ ဥပမာ အနေဖြင့် ယခင်လတွင် Premier Coffee တစ်ပါလျှင် 3600 ဈေးပေါက်ရာမှ ယခုလတွင် 4700 ကျပ် ဈေးထိုးတက်သွား ခြင်းပါ။

ကျပ်ငွေ တန်ဖိုး ကျဆင်းသော်လည်း ရရှိသည့် လစာများမှာ ယခင်အတိုင်းသာ ဖြစ်၍ ပြည်သူများ အလွန်အမင်း ဒုက္ခရောက်လာနိုင်ပါတယ်။ ပြည်သူအားလုံး၏ 40ရာခိုင်နှုန်းသည် ဆင်းရဲခြင်း အညွှန်းကိန်းအောက်ကို ရောင်ရှိနေပြီ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ဆိုသည့်အရာများကို ကြိုတင်တွေးတော ထားသင့်ပါတယ်။

johndieo@johndieo
25.7.2022

ကျွန်တော်တို့၏ အနာဂတ် | Ecency