#dcity game သည် HIVE Platform ပေါ်တွင် အခြေခံထားသည့် Game တစ်ခုဖြစ်ပါတယ်။ ကစားသူများသည် Game အတွင်းရှိ နိုင်ငံသား ကဒ်များ၊ နည်းပညာ ကဒ်များ၊ Support ကဒ်များ နှင့် Prevent card များကို မိမိစိတ်ကြိုက် ရွေးချယ်ပြီး မြို့တစ်ခု အဖြစ် တည်ဆောက် ဆော့ကစားနိုင်သော Game တစ်ခု ဖြစ်ပါတယ်။ #dcity game တွင် ရရှိနိုင်သော Reward လေးခုရှိပါတယ်။ ၎င်းတို့မှာ SIM daily Income ( card income နှင့် War Share )၊ SIM Holding Income ( SIM 9000 နှင့် အထက်ကို တစ်လကျော် Hold လုပ်ထားခြင်းအတွက် ရရှိသည့် Income၊ Ranking Income ( #dcity တွင် Rank 5 ခု ရှိပြီး Top 400 ထဲ ရောက်ရှိသည်နှင့် Daily HIVE income ရရှိပါတယ် )၊ Card အသစ်များ တို့ ဖြစ်ပါတယ်။ ၎င်း Reward များသည် ကျွန်တော်တို့တွင် ရှိပြီးသော Card များကို Base လုက်ပြီး ရရှိတာမို့ ကျွန်တော်တို့၏ ကစားနည်း ဗျူဟာများမှာ အရေးကြီးပါတယ်။
ဒီနေ့ ပြောပြပေးမှာကတော့ War Share အကြောင်း ဖြစ်ပါတယ်။
Photo Source
War Share အကြောင်း မပြောခင် War Share ဘယ်လို ဖြစ်လာသလဲ ဆိုသည်ကို အရင် မျှဝေပေးချင်ပါတယ်။ ( ဒီနေရာမှာ #dcity ၏ War Share နှင့် ပတ်သက်၍ ကျွန်တော်သိသမျှကို ကျွန်တော် နားလည်သလေက် မျှဝေပေးခြင်း ဖြစ်ပါတယ်။ )
War Share သည် SIM Holder များ နှင့် President ၏ သက်မှတ် အခွန် ( သမ္မတသည် အခွန်တန်ဖိုးကို အတိုးအလျော့ လုပ်နိုင်ပါသည် ) မှ ရရှိသည် 80% နှုန်းသည် War Share Card ပိုင်ရှင်များထံ SIM Token အဖြစ် ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် President လုပ်သူက Tax များကို လျှော့ချခဲ့လျှင် War Share မှ ရရှိမည့် SIM Income များ နည်းသွားပါမည်။ Card Income များ တက်လာနိုင်သောလည်း Crisis များ ဖြစ်လာသောကြောင့် Income မရနိုင်သည့်အပြင် Population နှင့် Popularity များပါ ကျဆင်းတက်လာ နိုင်ပေသည်။
ဒါကြောင့် ကျွန်တော်တို့သည် President ကို ရွေးချယ်သည့် အခါမှာ ကိုယ့်အတွက် အထောက်အကူ ဖြစ်စေမည့် သူကိုသာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။
Dcity တွင် War Share ရရှိနိုင်သည့် Card (သို့မဟုတ် ) combined card စုစုပေါင်း လေးမျိုး ရှိပါတယ်။ ၎င်းတို့မှာ Military Industrial Complex၊ Military Base၊ Drone Factory နှင့် Soldier တို့ဘဲ ဖြစ်ပါတယ်။
Card များ၏ အရည်အသွေးများမှာ Military Industrial Complex တစ်ကဒ်လျှင် 1% war Shares ရရှိမှာ ဖြစ်ပါတယ်။ Military Base card တစ်ခုလျှင် 2% war shares ရရှိမှာ ဖြစ်ပါတယ်။ Drone Factory ကတော့ MIC နှင့် MB တို့ကို Combined လုပ်ပြီးမှ ရရှိသည့် Card အမျိုးအစားဖြစ်ပြီး War Share ဆယ်ခု ပေးပါတယ်။ ( Combined လုပ်ရန် တစ်ခြား Technology Card များနှင့် Support Card များ ထပ်မံ လိုအပ်မှာ ဖြစ်ပါတယ် )။ Soldier card သည် 0.1 War Shares ရရှိမှ ဖြစ်ပါတယ်။( Soldiers card များသည် Crisis များ ဖြစ်ပေါ်လာနိုင်ပါတယ်။ )
ဆက်ရန် -
@johndieo
14.8.2022