ကျွန်တော်တို့သည် နေ့စဥ်လှုပ်ရှား ရုန်းကန်ကြရပါတယ်။ ဒီလိုရုန်းကန်ရာတွင် လူပေါင်းများစွာဖြင့် ပြောဆို ဆက်ဆံ ရပါတယ်။ လူမျိုးစုံသည် စိတ်ဓာတ်မျိုးစုံ ရှိသောကြောင့် တစ်ခါတစ်လေ စိတ်အခက်မသင့်ခြင်း စိန်အလိုမကျခြင်း နှင့် ဒေါသထွက်ခြင်း တို့ကို ရင်ဆိုင်ကြရပါတယ်။
ဒီလို စိတ်မသင့်သည်ကနေ တစ်ဦးနှင့် တစ်ဦး စကားမပြော ဖြစ်ခြင်း၊ ရန်ဖြစ်ခြင်း နှင့် စီးပွားရေ လက်တွဲဖြုတ်ခြင်းတို့ကိုပါ ရင်ဆိုင်ရတက်ပါတယ်။ ဒီနေ့မှာတော့ ဒီလိုအခြေအနေကို ရင်ဆိုင်နိုင်မည့် အကြံများ ပေးသွားမှာ ဖြစ်ပါတယ်။
ထဲထဲဝင်ဝင် မပေါင်းပါနဲ့
ကျွန်တော်တို့သည် လူတစ်ဦးကို ခင်မင်ကြပြီဆိုလျှင် သူနှင့် သက်ဆိုင်သည့် ကိစ္စများကို ထဲထဲဝင်ဝင် ပြောဆို တက်ကြပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းသည် တစ်ခြားလူအတွက် အဆင်မပြေနိုင်သည့် အခြေအနေရောက်သည် အထိ ဖြစ်သွားတက်ပါတယ်။ ဒီလိုအဆင်မပြေသည့် အခြေအနေ ရောက်ရှိခဲ့လျှင် စိတ်အလိုမကျမှုတွေ ရန်လိုမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လူတိုင်းအပေါ်တွင် ထဲထဲဝင်ဝင် ပေါင်းသင်း ဝေဖန်တက်ခြင်းကို ရှောင်သင့်ပါတယ်။
အကောင်းမြင်စိတ်
အရာရာ အကောင်းမြင်စိတ် ထားဖို့ ဆိုသည့်မှာ လွယ်ကူသည့် ကိစ္စတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အကောင်းမြင်စိတ် နှင့် အကောင်းမမြင်သင့် စိတ် အတူတွဲနေပါတယ်။ ဒါကြောင့် တက်နိုင်သလောက် အကောင်း မြင်စိတ်ထားပါ။
ဘာသာရေး
တစ်ချို့ ဘာသာရေး လုပ်ကိုင်ကြသူများသည် အေးချမ်းကြပါတယ်။ အလို လောဘ နှင့် မောဟများ ကင်းဝေပြီး ပကတိတည်ငြိမ် အေးချမ်းကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့သည် တက်နိုင်သလောက် ဘာသာရေး လုပ်သင့်ပါတယ်။
ကိုယ်ချင်းစာတရား ထားပါ
အလွန်ခက်သည့် ကိစ္စတစ်ခုပါ။ သူက ကျွန်တော် မဟုတ်သလို ကျွန်တော်ကလည်း သူမဖြစ်နိုင်ပါ။ လူတစ်ဦး၏ စိတ်ခံစားချက် နှင့် ခံယူချက်များကို ကျွန်တော်တို့ မျှဝေခံစားဖို့ ဆိုသည်မှာ ခက်ခဲသည့် ကိစ္စတစ်ခုပါ။ ဒီလိုခက်ခဲသည့် အရာကို ကြိုးစားပြီး ခံစားပေးကြည့် စေချင်ပါတယ်။
အထက်ပါအကြောင်းအရာများသည် ဒေါသမဖြစ်ခင် နှင့် ဒေါသ မဖြစ်စေရန် သိထား သင့်သည့် အချက်များ ဖြစ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်း ကြပါစေ
@johndieo
30.3.2022