Daily Story ( 9.9+ )

Words
121
Reading
1 min
4y
Listen to this post
~1 min

အားလုံး မင်္ဂလာပါ။ HIVE Myanmar Community မှာ စာ မတင်ဖြစ်သည်မှာ အတော်လေး ကြာသွားခဲ့ပြန်ပါပြီ။ တစ်ခြား Community မှာတော့ တစ်ချို့ အကြောင်းအရာလေးတွေ ရေးဖြစ်နေပါတယ်။

ဒီနေ့မှာတော့ ဈေးသည်ဖြစ်သည့် ကျွန်တော်အဖို့ ဈေးသည်စကားများသာ ပြောဖြစ်လိမ့်မယ် ထင်ပါတယ်။ ကလေးရှိသည့် မိဘတိုင်း အသုံးပြုကြရသည့် ဒိုက်ပါ ကိစ္စပါ။

ကုန်ပစ္စည်းများ ဈေးတက်ခြင်းနှင့်အတူ ဒိုက်ပါများသည်လည်း ဈေးနှုန်း မြင့်တက်လာခဲ့ ပြန်ပါတယ်။ ( တက်သည့်အကြောင်း ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေ၍ ကုန်ပစ္စည်း အားလုံးသည် ဈေးတက်နေပါတယ် )

Lovely Baby လို ဒိုက်ပါသည် ယခင်ဈေးကွတ်ပေါက်ဈေး ၂၃၀၀ ကျပ်မှ ယခုအခါတွင် ၃၈၀၀ ထိ ဈေးတက်သွားပါတယ်။ ( ကျွန်တော်ဆိုင်မှာတော့ ၃၅၀၀ ကျပ်ဖြင့် ရောင်းချနေပါသေးတယ်။ ကြုံလျှင် လာဝယ်လို့ရပါတယ်။ HIVE က အိမ်ထောင်သည်ဆိုလျှင် ၃၃၀၀ ကျပ်ဖြင့်သာ ရောင်းချပေးပါ့မယ် 😁😁😁 )

မိဘဖြစ်သူများမှာလည်း မဖြစ်မနေ ဝယ်ယူနေရသည်မို့ ဝယ်ယူရပြန်ပါတယ်။ ( တစ်ခြား နာမည်များမှာလည်း ဈေးတက်လျှက် ရှိပါတယ်)။ ဒါအပြင် Dupro လို ဖြည့်စွပ် အဟာရများသည်လည်း လေးဆယ်ရာခိုင်နှုန်းထက် မနည်းသောဈေးဖြင့် တက်ပါတယ်။ လက်တိုဂျင်၊ NaN၊ အက်ပီတန်၊ ပဒီရှူးဝါး၊ GP ( Gold Power )၊ Nestlé ဘာညာ ကွိကွ အကုန်ဈေးတက်ပါတယ်။

ကလေးများအတွက် သွားတိုက်ဆေးများတောင် 1500 မှ 1800 အထိ ဈေးတက်သွားပြန်ပါတယ်။

ဒါပင်မဲ့ ဒီရက်ပိုင်း 9.9 Promo အချိန်တွင် ဒိုက်ပါ ( Lovely Baby ) တွေ ဈေး အတော်လေးကျရောင်းသည်ကို တွေ့ရပါတယ်။

johndieo@johndieo
13.9.2022

Daily Story ( 9.9+ ) | Ecency