Mother's day အမှတ်တရ

Words
82
Reading
1 min
Listen
Play
3y

ဒီနေ့ Jan 25 က အမေများနေ့ ဆိုလားပဲ

အမှတ်တရ ပို့စ် တစ်ခု တင်ရင် ကောင်းမလား တွေးမိတယ်

ဒါနဲ့ ဟိုတစ်နေ့က အမေနဲ့ ကျွန်တော် ဘုန်းကြီးကျောင်း သွားတုန်းက အမေ့ပုံကို အမှတ်တရ တင်မယ် စိတ်ကူးမိတယ်

အမေက ဘုန်းကြီးကျောင်းက စေတီမှာ ဘုရားရှိခိုးနေတုန်း ကျွန်တော် ရိုက်ထားတာပါ

ထူးခြားတာက ချမ်းလို့လားမသိ ဘုန်းကြီးကျောင်းက ကြောင်နှစ်ကောင်က အမေ့ဘေးမှာ လာထိုင်တယ်

20240110_095642.jpg

အမေ ဘုရားဝတ်ပြုတာက တစ်နာရီလောက်ကြာတယ်

ကျွန်တော်က ဘုရားကိုပတ်ပြီး Stepn app လေးဖွင့်ပြီး လမ်းလျှောက်တယ်

GST နဲ့ Mistery Box level 5 ရလိုက်တယ်

နင့်မို့ဆို အဲလောက်ကြာကြာ လျှောက်ဖြစ်မှာ မဟုတ်ဘူး အမေ ဘုရားရှိခိုးတာ ကြာနေလို့

ဘုန်းကြီးကျောင်းကတော့ ကမာရွတ် ရွာမ ပရိယတိ စာသင်တိုက်ပါ

ကျွန်တော်တို့ အိမ်နဲ့ သိပ်မဝေးဘူး

အမေ ကျွန်တော်တို့နဲ့ နောင် အမေများနေ့ များစွာ အတူ ဖြတ်သန်းနိုင်ပါစေ

Phyo Win Ko Ko irrawady-dolphin@irrawady-dolphin
Jan 25, 2024
Mother's Day

Mother's day အမှတ်တရ | Ecency