ယနေ့အတွေး ရေးမိရေးရာ

Words
115
Reading
1 min
Listen
Play
8y

မိုးကလေးစွေနေတာ နေလို့ ထိုင်လို့ ကောင်းပေမယ့် သွားရေးလာရေးမှာတော့ သိပ်အဆင်မပြေပါ ။

received_899054966941021.jpeg

သမီး B Pyae စာမေးပွဲရှိတော့ မနက်ဖြန်များကျောင်းထဲမှာ ရေဝင်နေမလားဆိုတဲ့အတွေးနဲ့အတူ ကျောင်းပို့ ရင် လမ်းပေါ်လမ်းကိုဖြတ်ရမလား ပူမိနေတယ် ။ မိုးလေးရွာပေမယ့် မပျက်တဲ့မီးကိုလည်း ကြံဖန်ကျေးဇူးတင်မိတာ ။

နောက်ထပ် မကြံမဖန်ဘဲ ကျေးဇူးတင်ရတာကတော့ အန်တီကို vote နဲ့ စာရေးချင်လာအောင် အားပေးတဲ့ သားတွေ သမီးတွေနဲ့ မောင်လေး nyinyiwin@nyinyiwin ကိုပါ ။ စိတ်ထဲမှာ ကြည်နူးကျေနပ်မိပါတယ် ။ သားငယ်လေးကို ဒီအကောင့် လက်ဆင့်ကမ်းခဲ့ရင်လည်း ကျေးဇူးတင်ရမယ်ဆိုတာ အကြိမ်ကြိမ်မှာကြားဆုံးမမှာပါ ။ MSC leader သားဟင်နရီနဲ့ကိုသက် ရယ် သမီးတွေရယ်ကတော့ သားငယ်လေးကို အပ်မယ့် အထူးပြောစရာမလိုတဲ့ ရှေ့ဆောင်လမ်းပြတွေပေါ့ ။

IMG_20180117_192324.jpg

photo credit # MSC

သူစာကျက်နေတာဘေးက ကူစောင့်ရင်း ကိုယ်ရေးစရာရေးပြီး အဖော်လုပ်ပေးရတယ် ။ မိုးကြိုးသံကြားရင် သူက အမေဆီပြေးကပ်ပြီး စာမကျက်တော့ဘူး ။

မြန်မာနက်ရဲ့ အဝသုံးကလည်း အိမ်ဝမှာသုံးမှ လိုင်းကမိတော့ အိမ်ထဲမှာမိုးရွာတော့ လိုင်းသိပ်မမိချင် အဝသုံးပီသပါပေတယ် ။ အဖော်စောင့်ရင်း စတီးမစ်ပိုစ့်တင်ဘို့ ကို တနာရီကျော်ကြာတယ် စောင့်နေရတာ ။

received_899054933607691.jpeg

သမီးရေချိုးနေတုန်း မုန့် စားစရာထွက်ဝယ်ရင်း ပိုစ့်တင်ဘို့  အဝသုံးလိုင်းမကောင်းတော့ ကဒ်ကလေးထုတ်ပြီး အပြင်သုံးက လိုင်းကောင်းတယ်ကြားတယ် ပြောင်းသုံးမှစိတ်ကူးပြီး ပြောင်းသုံးမိတာ တကယ်ကို အပြင်မှာထွက်သုံးမှ လိုင်းကောင်းတယ် ။ သူလဲအပြင်သုံးလို့ ခေါ်ဆိုထိုက်ပါပေတယ် ။

အိမ်ပြန်လဲရောက်ရော အပြင်သုံးလဲ လိုင်းကျရော ။ ဒီအကြောင်းကိုပြောရင်း သားမိနှစ်ယောက် ရီနေရတော့တာပေါ့ ။

@အယ်းမီး ( author )

ယနေ့အတွေး ရေးမိရေးရာ | Ecency