စမိတဲ့ဇာတ်

Words
64
Reading
1 min
Listen
Play
8y

စတင်းဈေးတွေကလဲ ကျလိုက်တာ အဝီစိရောက်တော့မလား အောင့်မေ့ရတယ်။ဒီက ဈေးတက်လာရင် လုပ်မယ့် အလုပ်တွေ တန်းစီထားတာ သူက မတက်တော့ ဇော်ကားယားဖြစ်နေပြီ။ဒါပေမယ့် ဝတ္တရားအရတော့ စားတွေရေးနေရအုံးမှာပါပဲ။

"တစ်တောင်ပေါ်တစ်တောင်ဆင့်…
တောင်အမြင့်ပတ်ခြံရံ…
တစ်တောင်ဆုံးပြန်တော့…
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်…
ကြိုး လျှောက်ရပြန်……"
ဆိုတဲ့ ဆရာမ ငွေတာရီကဗျားလေးကို အလုပ်တစ်ခုခုလုပ်တိုင်း စိတ်ပျက်မိရင် ရွတ်နေတဲ့ ကဗျာလေးကိုပဲရွတ်ဆိုးရင်း ရှေ့ဆက်လှမ်းရအုံးမှပ။

ဒီနေမှာ လူတစ်ယောက်ရဲ့ ခံစားမှုတွေကို အားပေး အားမြှောက် အားတက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ စာရေးဆရာတွေကို အရမ်းလေး စားမိတယ်။

သူတို့စာတွေက ငိုနေသူကို ပြုံးစေတယ် ရယ်နေသူကို ငိုစေတယ် စိတ်ဓါတ်တွေကျနေသူကို တက်စေတယ်။သူတို့ရဲ့ အနုပညာ စာပေဝမ်းစာပြည့်မှု့တွေက လူသားတွေအတွက် အားဆေးပါပဲ။

ကျွန်တော်က သူတို့လို အကောင်းစားတွေ မရေးတက်တော့ ကလေးကလား တောင်ရေးမြောက်ရေးပေါ့ဗျာ။မရေးလို့လဲ ဖြစ်မှမဖြစ်တာ စခဲ့မိတဲ့ ဇာတ်ကိုး……ဆုံးအောင်တော့ လျှောက်ရမှာပ……
FB_IMG_1536200498809.jpg
credit immage source

စမိတဲ့ဇာတ် | Ecency