အားလုံးမင်္ဂလာပါဗျာ။
ကျွန်တော့ နေရပ်ကတော့ အင်းတကော်မြို့ ပဲခူးတိုင်း မြန်မာနိုင်ငံဖြစ်ပါတယ်ဗျာ။ကျွန်တော် ဝါသနာကတော့ စာရေးခြင်း စာဖတ်ခြင်း ဖြစ်ပါတယ်ဗျ။
Steemitသည် ကျွန်တော့ဝါသနာနှင့် ကိုက်ညီသော အရပ်ဒေသဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ စာရေးရခြင်းအပြင် ဝင်ငွေပါရနိုင်သောနေရာ ဖြစ်ပါတယ်ဗျ။စာရေးခြင်းအလုပ်သည် ကုသိုလ်လည်းရ ဝမ်းလည်းဝနိုင်သော အလုပ်ဖြစ်ပါတယ်။စာရေးသားနိုင်ဖို့ စာများများဖတ်ဖို့လိုအပ်ပါတယ်ဗျ။
စာရေးသားခြင်းသည် ကုသိုလ်ရသော အလုပ်ဟု ကျွန်တော်ပြောခဲ့သည်။သို့သော် စာရေးတိုင်း ကုသိုလ်ရပါသလား။မရနိုင်ပါ။ကျွန်တော်တို့ရေးသားသောစာများသည် လူအများအတွက် ကောင်းကျိုးဖြစ်ထွန်းအောင်ရေးနိုင်ပါမှ ကုသိုလ်ရပေမည်။
လူအများအတွက် ကောင်းကျိုးမရှိပဲ အမုန်းပွားစေသော စာပေများ ညစ်ညမ်းစာပေများ ရေးသာပါက ကျွန်တော်တို့ ကုသိုလ်ရနိုင်မည်မဟုတ်ပါ။ထို့အပြင် သူများရေးသားသော စာပေများကို ကူးယူပြီး မိမိရေးသလို လိမ်ညာနေပါကလည်း ကုသိုလ်မရသည့်အပြင် ငရဲပင်ကြီးပါအုံးမည်။
Steemitသည် စာရေးသားရာတွင် copy မကူးရန်တားမြစ်ထာသည်။Steemitတွင်တင်ထားသော postများသည် 7day ကျော်လျှင် ပြင်ဆင်ခွင့်မရှိတော့ပေ။Steemitတွင် မိမိရေးသားသော စာများသည် မိမိ၏သမိုင်းပင်ဖြစ်တော့သည်။
လူတို့သည် မိမိသမိုင်းကို မိမိသာရေးထိုးရသည် သူများရေးထိုးပေး၍
မရ။မိမိသမိုင်းကောင်စေရန် မိမိမှာသာ တာဝန်ရှိသည်။ထို့ကြောင့် မိမိသမိုင်းကြောင်း ကောင်းမွန်စေရန် ကျိုးစားအားထုတ်သင့်လှပါသည်။ကျွန်တော်တို့ Steemitသမိုင်းကြောင်းတွင် ဂုဏ်သိက္ခာရှိသော စာရေးသားသူအဖြစ် ရပ်တည်ကျပါစို့ဗျာ။
writer-@inntagawgroup