သစ်တပင်ကောင်းစိတ်ဓါတ်

Words
175
Reading
1 min
Listen
Play
8y

မြန်မာစကားပုံ လောကတွင် သစ်တပင်ကောင်း "ငှက်တသောင်းနားနိုင်"ဟူသော စကားရှိလေသည်။စကားပုံထဲတွင် အရိပ်အာဝါသကောင်းမွန်ပြီး အသီးအခတ်အလက်တို့ ပြည့်စုံသော သစ်ပင်ကောင်းကို အမှီပြု၍ ငှက်အများအပြား ချမ်သာသုခ ရခြင်းပြဆိုထားပြီး လူ့လောကတွင်လည်း မိသားစု ဆွေမျိုးညာတကာ နှင့် ရပ် ရွာ မြို့ နိုင်ငံ အစရှိသော နယ်ပယ်အသီးသီးရှိ လူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို အကျိုးပြု အကျိုးများစေသောသူကို သစ်တပင်ကောင်းဖြင့် ခိုင်းနှိုင်းပြောဆိုကြလေသည်။
DSC02509.jpg
credit image source
ကျွန်တော်တို့ အကြောင်းရာ တစ်ခုခုကို လုပ်ကိုင်ပါက မိမိအတွက်သာ လုပ်သည်ဟူ၍ မှတ်၍မရပေ။ကျွန်တော်တို့ ပြုလုပ်ခဲ့သော အမှု့သည် ကောင်းလျှင်ကောင်းသလောက် ဆိုးလျှင်ဆိုးသလောက် ပတ်ဝန်းကျင်ကို အထောက်ကူပြုနေပေသည်။

ဥပမာပြဆိုရပါမူ……အရက်မူး၍ လမ်း၌လဲနေသောသူတစ်ယောက်သည် သူဘာသာ အရက်မှုး၍ပြီးသွားသည်မဟုတ် သူ့ကြောင့် ဦးစွာ လမ်းသွားလမ်းလာများ အနှောက်ယှက်ဖြစ်ရသည်…သူ့ကြောင့် မင်းရဲ့သားကတော့ လမ်းမှာမူးလဲနေတယ်…မင်းရဲ့အမျိုးကတော့ လမ်းမှာ မူးလဲနေတယ် စသည်ဖြင့်မိသားစု ဆွေမျိုးညာတိတို့ ဂုဏ်သိမ်ညှိုးငယ် အရှက်ရ ရသည်။
drunk-man-asleep-on-road-nz-police.jpg
credit image source
နောက်ဥပမာတစ်ခုကိုပြရပါမူ…
လမ်း၌ပစ္စည်းကောက်ရ၍ ပိုင်ရှင်ပြန်ပေးသော သူ၏ရိုးသားမှု့ကြောင့် မင်းသားလေးကရိုးသားလိုက်တာ…မင်းအမျိုးကတော့ ရိုးသားလိုက်တာ…မင်းတို့ရပ်ကွက်ကကောင်လေးက ရိုးသားလိုက်တာ စသည်ဖြင့် ရိုက်ခတ်သွားသည်။
ဤသည်ကိုကြည့်၍ မိမိဘာသာ လုပ်လိုက်သောအကျိုးဆက်သည် မိမိတစ်ဦတည်း သက်ရောက်သည်မဟုတ် ကြောင်းသိနိုင်ပြီဖြစ်ပါသည်။

ကျွန်တော်တို့ လူကောင်းလူတော်ဖြင့် လူ့ပတ်ဝန်းကျတွင် အကျိုးပြုသော သစ်တစ်ပင်ဖြစ်နိုင်ရန်အတွက် အသိပညာ အတက်ပညာ လိုအပ်ပေသည်။ဤနေရာတွင် အသိပညာ အကြောင်း အနည်းငယ် ချဲ့ချင်ပါသေးသည်။

အသိပညာသည် အကြောင်းကျိုးအ ကောင်းဆိုး ဆင်ခြင်နိုင်သောဥာဏ်ပညာကိုဆိုလိုသည် အတန်းပညာကို မဆိုလိုပါ။အဘယ့်ကြောင့်နည်းဟူမူက ဘွဲ့ရ အတန်းပညာတက်ဖြစ်မှ အလုပ်ရသောဌာနများတွင် ပြည်သူ့ပိုက်ဆံ ခိုးနေသော သူခိုးများ…သူများပစ္စည်းကို မတရားသိမ်းယူနေသော လိုင်စင်ရဓါးပြများ…ရှိနေသည်ကို ကြည့်ခြင်းဖြင့် အတန်းပညာသည် လူတစ်ယောက်၏ အကြောင်းကျိုး အကောင်းဆိုး ဆင်ခြင်စဉ်းစားဥာဏ် (ဝါ)အသိပညာကို ဖွင့်ဖြိုးအောင် လုပ်ဆောင်ပေးနိုင်မှုနဲကြောင်း သိနိုင်ပေသည်။အသိပညာကို အမှန်တကယ်ပေးစွမ်းနိုင်သည်မှာ စာကောင်းပေမွန်များသာဖြစ်သည်။စာကောင်းပေမွန် များများဖတ်သောသူသည်သာ များများ သိနားလည်၍ များများဆင်ခြင်နိုင်ကြပေသည်။
images (3).jpeg
credit image source
အတက်ပညာမရှိသောသူသည် ဝင်ငွေရရှိရန် ခက်ခဲပင်ပန်းစွာ ရုန်းကန်ရလေသည်။ဝင်ငွေနဲ့ပါးပါက စားဝန်နေရေးပြေလည်စေရန် မကောင်းမှုကျူးလွန်ရန် လက်တကမ်းအလို အနေထားဖြစ်နေပေတော့သည်။

အသိပညာ အတက်ပညာ နဲပါးသော မိသားစုသည် အေးချမ်းသာယာမည်မဟုတ်ပေ…မသာယာမအေးချမ်းသော မိသားစုများသော ရပ်ကွပ်သည် အေးချမ်းမည်မဟုတ်…မအေးချမ်းသော ရပ်ကွက်များပါက မြိုသည်သာယာစည်ပင်မည်မဟုတ်…သာယာစည်ပင်မှု မဲ့သောမြို့များပါက နိုင်ငံသည် တိုးတက်မည်မဟုတ်တော့ပေ။

ဤပြသနာများ၏ ပင်မဇစ်မြစ်ကိုလိုက်၍ကြည့်သောအခါ လူတစ်ယောက်ချင်းစီက မိမိကိုယ်ကို အသိပညာ အတက်ပညာရှိအောင် မကျိုးစား၍သာ ဤပြသနာများဖြစ်ရပေသည်။တစ်ဦးချင်းစီကသာ ငါသည် လူအများ၏ အားကိုးအားထားရာ ဖြစ်စေအံ့ဆိုပြီး သစ်တပင်ကောင်း ငှက်တစ်သောင်းနားနိုင် စိတ်ဓါတ်သွင်းကာ ကျိုးစားကျင့်ဆောင်မည်ဆိုပါက များမကြာသောကာလတွင် ကျွန်တော်တို့ မိသားစု ရပ်ကွက် မြို့ နိုင်ငံ တို့သည် စည်ပင်သာယာ တိုးတက် လာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
writer-inntagawgroup@inntagawgroup

သစ်တပင်ကောင်းစိတ်ဓါတ် | Ecency