ကိုယ့်ပေးဆပ်မှုဟာ သူနဲ့ မထိုက်တန်ရင် ကိုယ့်အချစ်တွေက သူနဲ့မထိုက်တန်ရင် ဝေးကသွားမှာပါပဲ အပြူံးနဲ့ပဲ လက်လွှတ်တော့မယ်အလှဆုံးပန်းဖြစ်ဖို့ ပျိုးခဲ့ပေမယ့် အမြင့်ဆုံးရောက်သွားရင် သူနဲ့ညီတဲ့ ထိပ်ဆုံးက သူဆီခူးခွင့်ပေးရမယ်လေ ကိုယိကအကောင်းဆုံးလုပ်ပေးခဲ့ပေမဲ့သူနဲ့မထိုက်တန်တာမတတ်နိုင်ဘူးလေပေးတိုင်းလည်း ပြန်မရတတ်ဖူး
စိုက်ပျိုးတိုင်းလည်း မရှင်သန်ဖူး
ချစ်တတ်တိုင်းလည်း အချစ်ငတ်တတ်တယ် ပစ်ချခံရတယ်
ထိုက်သူမှ စံ ရတယ်
မထိုက်တန်သူ အကန်ခံရတယ်
လို့ ပဲပိုင်ဆိုင်လိုတဲ့စိတ်နဲ့မဟုတ်ပေမဲ့ ဂရုမစိုက်ပဲနေတာမဟုတ်ပါဘူး ချစ်လို့မြတ်နိုးမိတယ် မြတ်နိုးမိလို့တန်ဖိုးထားတက်သွားတယ် တန်ဖိုးထားတက်သွားတော့ တယုတယနဲ့တန်ဖိုးရှိရှိလေးပဲ မပျက်မစီးနဲ့ ရှိသွားစေချင်တယ် ကိုယ်နဲ့ထိုက်လို့ ကိုယ့်ရင်ခွင်မှာလာပြီသီးပွင့်လာရင်တော့ ကိုဟာ ဒီကမ္ဘာမှာအပျော်ဆုံးတချိန်ကိုပိုင်ဆိုင်လိုက်ရသူပေါ့
တစ်ခါတစ်လေ ကိုယ်နဲ့လွဲချော်သွားတဲ့
အရာတွေ ပစ္စည်းပစ္စယာ တွေ
လူပုဂ္ဂိုလ်တွေအတွက် နှမျှောမိတတ်ကြတယ်
မဟုတ်လား ။
တစ်ချို့ဆိုရင်ရှေ့တည့်တည့်မှာ
လာရပ်နေမယ်ဆိုရင်တောင်
မြင်ချင်မှ မြင်ကြတာ တစ်ခါတစ်ခါ
မမြင်မြင်အောင် နှုတ်ဆက်ရင်တောင်
လွဲချော်ဖြစ်အောင်လွဲချော်ကြတာပဲ …
ဟုတ်ပါပြီ ဒီအကြောင်းအရာတွေကို
ထားလိုက်ပါတော့ …
ဒီလိုပါပဲ ဘဝမှာလည်း
ကိုယ်စိုက်ပျိုးထားတာတောင်မှ
ကိုယ် ခူးခွင့် ရှိမှာ ပန်ခွင့် ရှိမှ
စားသုံးခွင့်ရှိမှ ခူးရ ပန်ရ စားရတာ ။
ကိုယ့်ပေးဆပ်ခြင်း ပမာဏ ဘယ်လောက်များများ
အနည်းငယ်ပြန်ရချင်မှ ပြန်ရတာ ။
အသိညဏ် ရှိတဲ့ လူပုဂ္ဂိုလ် နဲ့
ပတ်သတ်မိရင်တော့ ချစ်ခင်စွဲလန်း မိရင်တော့
ကိုယ်နဲ့ နီးစပ်ဖို့ ဘယ်လောက်ပဲ
ကြိုးစားကြိုးစား ဘယ်လောက်ပဲနီးနေနီးနေ
ကိုယ်နဲ့ထိုက်တန်မှ အတူနေလို့ရတာ
လက်တွဲခွင့် ရှိတာပါ …
တစ်ခါတစ်လေကြတော့
ကိုယ်သေချာစိုက်ပျိုးလျက်နဲ့
ကိုယ့်ခြံကနေ တစ်ဖက်သားအခြားသူစိမ်းရဲ့
ခြံထဲကို ကျော်ပြီး သီးပွင့်နေတာလည်း
ရှိတတ်တာပဲ …
ဒါဟာလည်း ကိုယ်နဲ့မထိုက်တန်ခြင်း
အသီးအပွင့် ပဲလေ
ဒီသဘာဝ ပါပဲ ကိုယ့်ဘက်ကအကောင်းဆုံး
နွေးထွေးမှုဂရုစိုက်မှု ယုယ မှုတွေ နဲ့
ထွေးသိပ်ထားပေးပေမဲ့ ကိုယ့်ရဲ့
ကောင်းခြင်းတွေ ရင်းနှီးပေးဆပ်မှုတွေနဲ့
မထိုက်တန်ရင်လည်း ထွက်သွားကြတာပဲ…
တစ်ချို့လူတွေက
ထားသွားတယ်
ချန်သွားတယ် ပဲသိကြတာ
ကိုယ့်ကောင်းခြင်းတွေ နဲ့ သူမနေနိုင်လို့
မထိုက်တန်လို့
ကံဇတ်ဆရာက ဇာတ်ညွန်းပြောင်းရေးပြီး
သတို့သမီး သတို့သားနာမည်ကို
အသစ်ကိုအစားထိုးပေးလိုက်တယ်ဆိုတာ
မသိကြဘူး …
လောလောလတ်လတ် နာကျင်စရာတွေကိုပဲ
အနုလက္ခဏာ လို့မှတ်ယူတတ်ကြတယ်…
အဲ့ဒါလည်း မှားယွင်းတဲ့ခံစားချက်ပဲ …