Music နှင့် ခံယူချက်

Words
215
Reading
1 min
Listen
Play
9y

image
သီချင်းဖွင့်သောသူများ

မင်္ဂလာပါ ခင်ဗျာ ကျွန်တော်ကတော့ htinyarsai@htinyarsai ပါ facebook name ကလည်း Htin Yar Sai ပါခင်ဗျာ ခင်နိုင်မင်နိုင်ပါတယ်။ pro တင်ဖို့ကလည်းနီးကပ်နေပြီဆိုတော့ ခေါင်းထဲမှာဖြတ်ခနဲပေါ်လာတဲ့ တွေးမိတွေးရာလေးပါ။ ကျွန်တော်ဒီနေ့ တင်ပြချင်တဲ့အကြောင်းအရာကတော့ သီချင်းဖွင့်ကြသူများလို့ ခေါင်းစဉ်ပေးချင်ပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာ သီချင်းဖွင့်ကြတဲ့သူတွေရှိသလို မိတ်ဆွေတို့ပတ်ဝန်းကျင်မှာလည်း သီချင်းဖွင့်ကြတဲ့သူတွေ၊နားထောင်ကြတဲ့သူတွေရှိကြမှာပါ။ ဟုတ်ပြီသူတိုကို့ ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်။ ကျွန်တော်မြင်တဲ့အမြင်လေးအရတော့ သီချင်းဖွင့်တဲ့သူ နဲ့ သီချင်းနားထောင်တဲ့သူ နှစ်မျိုးရှိပါတယ်။

သီချင်းဖွင့်သူ
သီချင်းဖွင့်တဲ့သူဆိုတာ သူနားထောင်ချင်တာထက် သူများကိုနားထောင်စေချင်တဲ့သူပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအမျိုးအစားထဲမှာ တစ်ခါတစ်ခါပါလေ့ရှိတယ်။ တစ်ခါတစ်ရံ ကားပေါ်မှာဖြစ်စေ အိမ်မှာဖြစ်စေ သီချင်းဖွင့်တဲ့အခါ ကိုယ် ကြိုက်တဲ့သီချင်းထက် ပတ်ဝန်းကျင်က ကြိုက်လောက်မယ်ထင်တဲ့သီချင်းတွေကို ဖွင့်တတ်ကြပါတယ်။ သူတို့မှာ သီချင်းအလန်းစားလေးတစ်ပုဒ် ရှိပြီဆိုရင် ပတ်ဝန်းကျင်ကိုပါ ထပ်ခါထပ်ခါ နားထောင်စေချင်တာ သူတို့ရဲ့ဝသီပါ။ သူတို့ရဲ့အကျင့်ဟာ သီချင်းဖွင့်ရင် ကျယ်လောင်စွာဖွင့်လေ့ရှိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့အမြင်အရ နှစ်သက်တာထက် မနှစ်သက်တာ ပိုများလေ့ရှိတာကို သတိပြုရပါမယ်။ လိုအပ်တာထက် ကျယ်လောင်လာတဲ့ သီချင်းသံဟာ ပတ်ဝန်းကျင်အတွက် နားဆင်ဖို့ထက် အနှောင့်အယှက်တစ်ခု ဖြစ်စေနိုင်ပါတယ်။
image
သီချင်းနားထောင်သောသူ

သူကတော့ တစ်မျိုးဗျ။ ပတ်ဝန်းကျင်ကို နှောင့်ယှက်ဖို့ မစဉ်းစားဘူး သူနားထောင်ချင်တဲ့သီချင်းကိုသူကြားရုံလောက်သာဖွင့်ပြီးနားထောင်တတ်တဲ့သူမျိုးပါ။ များသောအားဖြင့် သူတို့ကိုယ်ပိုင် ပတ်ဝန်းကျင်ဖန်တီးလေ့ရှိပါတယ်။ ဥပမာ rock သီချင်းတွေ ဖွင့်တဲ့ဆိုင်မှာ rocker သမားတွေပဲထိုင်ကြတာမျိုး၊ alter တွေရှိတတ်တဲ့နေရာတွေမှာဆို ဒိုးလုံး၊ လှိုင်ဦးမော် စတဲ့အဆိုတော်တွေပဲ ဖွင့်ကြသလိုမျိုးကြုံဖူးမှာပါ။ အဲဒီနေရာမှာ ကိုယ်ကသွားပြီး အကိုရေ ရွှေထူးလေး တစ်ပုဒ်လောက် ဂျီဖက် လေးတစ်ပုဒ်လောက် သွားလုပ်ရင် အဆဲခံရမှာ အသေချာပါပဲ။ ဂီတကိုနားဆင်ရာမှာလည်း သူနေရာနဲ့၊ ခံစားချက်၊ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားခြားနားပါသေးတယ်။
image
ဂီတအပေါ်မှာရူးသွပ်စွာနေထိုင်ကြသူများ

ရှိပါတယ် ပတ်ဝန်းကျင်မှာ ဘယ်အဆိုတော် ဘယ်အခွေထွက်ထွက် စိတ်မဝင်စားဘူး ထူးအိမ်သင်နဲ့ အယ်နောင်း သာနေ့စဉ် မရိုးနိုင်အောင်နားထောင်လေ့ရှိတဲ့ သူမျိုး။တစ်ခါက ဇော်ဝင်းထွဋ် ရှိုးပွဲသွားကြည့်တဲ့အခါ ရှေ့ဆုံးမှာ country style နဲ့ rocker တွေ အများကြီးတွေ့ရပါတယ်။ သူတို့ စီးတဲ့ဆိုင်ကယ်ကအစ အိမ်မှာဖွင့်တဲ့သီချင်း အဆုံး ဇော်ဝင်းထွဋ် လဘက်ရည်ဆိုင်ထိုင်ရင်တောင် ကော်ဖီခါး မှာသောက်ကြတယ်။ တစ်ခါတစ်လေကျရင် စဉ်းစားမိတယ် သူတို့တကယ်ပဲနှစ်သက်လို့ကော်ဖီခါးခါး မှာသောက်ကြတာလားပေါ့။ ကျွန်တော်တို့ လဘက်ရည်ဆိုင်စထိုင်တတ်တဲ့အချိန်က လဘက်ရည်မှာရင် ချိုစိမ့်တို့၊ ကျောက်ပန်းတောင်း တို့မှာရင် တောသားလို့ အပြောခံရမှာစိုးလို့ ပေါ့ဆိမ့်တစ်ခွက်လို့ မကြိုက်ပဲမှာခဲ့ဖူးတယ်။ တကယ်သောက်ချင်တာက ချိုစိမ့်ပါ။ အဲလိုကိုယ့်ကိုယ်ညာခဲ့ဖူးတယ်။ သူငယ်ချင်းတစ်ယောက်ရှိတယ် rocker တွေဝတ်တဲ့ ဘောင်းဘီတံဆိပ်ကို ဘေထုပ်ထဲကနေ တစ်သိန်းခွဲပေးပြီး ဝယ်ဝတ်တာတွေ့ဖူးတယ် သူ့ခံယူချက်နဲ့သူပေါ့။
image
ကျွန်တော့အမြင်

ကျွန်တော့အမြင်ကတော့ ဘောင်မခတ်ထားဘူး သီချင်းနားထောင်တယ်၊ ကြိုက်ရင်ဖွင့်တယ် မကြိုက်ရင်ကျော်တယ်။ ကိုယ်က rock သမားမိုလို့ ကျန်တဲ့သီချင်းနားမထောင်ရတော့ဘူး ဆိုတာမျိုးမဖြစ်စေချင်လို့ပါ။ ကြိုက်တဲ့သီချင်းဆို repeat one လုပ်ပြီး မုန်းနေအောင်နားထောင်ပလိုက်တာ။ အခုခေတ်လူငယ်တွေမှာ ပေါ်လစီ သီချင်းတွေသာနားထောင်နေကြတာ တွေ့နေရတယ်။ ကားကြီးမောင်းသမားတွေဆိုရင် စိုင်းထီးဆိုင်မှ သီချင်းထင်တာဗျ။ သူတို့ mode က ကားမောင်းပြီဆိုရင် စိုင်းထီးဆိုင်က မပါမဖြစ်ပါတဲ့။ စိုင်းထီးဆိုင်မဟုတ်ရင် ဆားမပါတဲ့ ဟင်းလိုခံစားရတယ်တဲ့။ ကျွန်တော်ကတော့ တော်များများနားထောင်ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့သီချင်းဆိုရင် ဘယ်အဆိုတော်ပဲ ဖြစ်ဖြစ် ဘယ်လိုင်းထဲကပဲဖြစ်ဖြစ် play list ထဲထည့်ထားလိုက်တာပါပဲ။ လူအမျိုးမျိုးစိတ်အထွေထွေ ကိုယ်နှစ်သက်ရာ ရူးသွပ်ကြတာသဘာဝပဲမဟုတ်ပါလားခင်ဗျာ ။
Photo credit google
Author by
htinyarsai@htinyarsai(9:57am)
MSC203

Music နှင့် ခံယူချက် | Ecency